Mistake Season သီတင်းကျွတ် သို့မဟုတ် အမှားတွေဝေတဲ့ရာသီ
လာပြန်ပြီ နောက်တယောက်။ လာပြန်ပြီ နောက်တခု။ သီတင်းကျွတ်ဆုတောင်းစာတွေ တခုမှ သတ်ပုံမမှန်။
မနှစ်က အမှားစာတမျိုးတည်း၊ ဒီနှစ် အမှား ၄ မျိုးတိုးလာတယ်။ အမှားဆိုရင် အလွန်နှစ်ခြိုက်ကြပြီး အတုဆိုရင် အလွန်ဝယ်ချင် သုံးချင်ကြတဲ့ နာတာရှည်ရောဂါ မြန်မာပြည်မှာ ကူးစက်နေတယ်။
• သတင်းကျွတ်တဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ သတင်းဆိုတာ News ကိုခေါ်တယ်။
• ကြံစဉ်သမျှတဲ့။ ကြံစည်လို့ ရေးရတယ်။
• လှူတန်းတဲ့။ လှူဒါန်းသည်က ကြိယာ၊ အလှူအတန်းက နာမ်။
• အခါသမရတဲ့။ အခါသမယလို့ရေးရတယ်။ ပါဠိစာလုံး။
• ဝါလကင်းလွှတ်တဲ့။ ကင်းလွတ်လို့ရေးမယ်။ လွှတ်ပေး၍ လွတ်သည်။
• ပျှော်ရွှင်ပါစေတဲ့။ ပျော်ရွှင်လို့ရေးရတယ်။
အမှားတွေ မဝေသင့်။ အမှားတွေ မရေးသင့်။ အမှားတွေ မလုပ်သင့်ကြပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment