ဒေါင်းတောက်အောင်ရှာသည်

ဒေါင်းတောက်အောင်ရှာဆိုတဲ့စကားရပ်ကို လူတွေအတော်များများပြောနေကြပေမယ့် အဓိပ္ပါယ်ကိုမသိကြပါဘူး။ မသိသူများသိရှိအောင် ရှင်းပြပေးပါဆရာ။

သေချာ မသိသေး။ တွေ့လာရင် ရေးပါမယ်။ ဆောရီး။

ကျေးဇူးပါ ဆရာ

တွေ့ပြီ။

ဥဒေါင်းငှက်များသည် ကြက်များ အစာကောက်သကဲသို့ပင် ဆတ်ကာဆတ်ကာ လည်ငေါက်၍ ဟိုဟိုသည်သည် နှုတ်သီးတောက်လေ့ရှိလေသည်။ ထိုနည်းပမာကို တင်စား၍ နေရာအနှံ့အပြား လှည့်ကာပြန်ကာ မနားမနေ ရှာဖွေခြင်းကို ဒေါင်းတောက်အောင်ရှာသည်၊ ရှာ၍ ဒေါင်းတောက်သည်ဟူ၍သုံးစွဲကြလေသည်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး