Source ဆို့စ်

ကနေ့ ကျောင်းမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူခြင်းဌာနက လာပြီးပြောတာကို ဘာသာပြန်ပေးရတယ်။

ပညာပေးဟောပြောသူက နိဂုံးမှာ ဆလိုက်တခုပြတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူခြင်းအကြောင်းကို မီဒီယာ၊ အင်တာနက်၊ ယူကျု၊ ဖေ့စ်ဘွတ်၊ သတင်းစာ၊ ဂျာနယ် ဘယ်ကနေရေးရေး ပြပြ မယုံကြပါနဲ့တဲ့။

ကျွန်တော်လည်း ကျန်းမာရေးအကြောင်း၊ နိုင်ငံရေးသာမက ဘာသာရေးမှာတောင် မီဒီယာ၊ အင်တာနက်၊ ယူကျု၊ ဖေ့စ်ဘွတ်၊ သတင်းစာ၊ ဂျာနယ် ဘယ်ကနေရေးရေး ပြပြ မယုံကြပါနဲ့လို့အထိ ပြောချင်လာတယ်။

ဘယ်အကြောင်းအရာမဆို ခိုင်မာတဲ့နေရာတွေကိုသာ ကိုးကားရပါမယ်။ မေးခွန်းတွေမှာ အဲတာကကောင်းတယ်ပြောလို့၊ အဲတာကဆိုးတယ်ပြောလို့ စသဖြင့်နေ့တိုင်းမေးကြတယ်။ ကောင်းတယ် ဆိုးတယ် ပျောက်တယ်လို့ပြောသူက ဘယ်သူလဲ ပြန်မေးနေရတယ်။

မီဒီယာ၊ အင်တာနက်၊ ယူကျု၊ ဖေ့စ်ဘွတ်၊ သတင်းစာ၊ ဂျာနယ် ဘယ်ကနေရေးရေး ပြပြ မယုံကြပါနဲ့လို့အထိ ပြောချင်လာတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး