Corrections အမှားပြင်ဆင်ချက်
ဆွယ်တော်ကိုးဆူလို့ တင်တာတခု တွေ့တယ်။ ဘုရားနဲ့ဆိုင်တာဆိုရင်တော့ စွယ်တော်လို့သာရေးရတယ်။ အဲတာမဟုတ်ရင်တော့ ဆောရီးလို့ ကွန်မင့်ရေးပါတယ်။
တင်တဲ့သူက တောင်းပန်ပါတယ်ဆရာ လောသွားလို့ပါလို့ ပြန်ရေးတယ်။ နောက် ပုံပါတဲ့ပို့စ်မှာ စွယ်တော်လို့ ပြင်ဖတ်ပေးပါလို့ ရေးပါတယ်။ ကောင်းတယ်။
အမှားပြင်ဆင်ချက်ဆိုတာ မြန်မာ့စွယ်စုံကျမ်းထုတ်တာမှာလည်းရှိတယ်။ အဲလိုပြင်ပေးတာ ကောင်းတယ်။ ကျွန်တော်လည်း ခဏခဏအမှားပါတယ်။ မှားမှန်းသိတိုင်း ပြန်ပြင်ပါတယ်။
စွယ်စုံကျမ်းနှစ်ချုပ်တွေ စစ်အစိုးရလက်ထက်မှာ ထုတ်တယ်။ မှန်နေတာတွေကို ပြင်ရေးတာတွေသာဖြစ်တယ်။ အမှန်ပြင်ဆင်ချက်လို့ ပြောရမှာတောင် အားနာတယ်။ ဝါဒဖြန့်ချိရေးစာအုပ်သာဖြစ်တယ်။ အခု မြန်မာ့စွယ်စုံကျမ်းတွေကို မွမ်းမံပြင်ဆင်ပြီး ထပ်ထုတ်မယ်လို့ကြားတယ်။ သတ်ပုံအမှားတွေနဲ့လာမှာကို အတော်စိုးရိမ်မိတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၆
၂၁-၁ဝ-၂ဝ၁၈

Comments
Post a Comment