အလည်ပြန်တော့

သူငယ်ချင်းတွေဆီ ရောက်တယ်။ အိမ်တိုင်းလိုလိုမှာ ကလေးတွေနဲ့ မြေးတွေနဲ့။ ကျွန်တော့်ဆီလာလည်း အဲလိုပဲ။ စနေတနင်္ဂနွေဆို ကလေးတွေလာကြတယ်။ ချိုင်းအောက်က တိုးကြမယ်။ ဆေးကျောင်းတက်ကြတုန်းကတော့ စာအုပ်ကိုယ်စီ ချိုင်းကြားညှပ်ထားကြတာပေါ့။

နောက်တမြို့မှာတော့ သီချင်းဆိုတဲ့ သူငယ်ချင်းတွေက မက်ကရိုဖုန်းနဲ့။ ဆေးကျောင်းတက်ကြတုန်းကတော့ ပခုံးမှာ နားကြပ်ကိုယ်စီနဲ့ပေါ့။

ဆေးကျောင်းသူတယောက်က နှင်းဆီပန်းနဲ့ပုံ တင်ထားထားတယ်။ မြေးတွေ အနားမရှိချိန်ထင်တယ်။ ဆေးကျောင်းတုန်းကတော့ အနာတမီခန်းထဲမှာ ဒါးကိုယ်စီနဲ့ပေါ့။

သူငယ်ချင်းတချို့ကတော့ စားကောင်းသောက်ဘွယ်တွေပုံ မနက်ညတင်ကြတယ်။ ဆေးကျောင်းတုန်းကတော့ အေးစန်း လက်ဖက်ရည်တိုင်မှာ အကြွေးယူသောက်ကြတာပေါ့။

နောက်သူငယ်ချင်းကတော့ သူ့ကလေးမင်္ဂလာဆောင် နှစ်ပတ်လည်ပုံတင်တယ်။ သူနေတဲ့တိုင်းပြည်က ဒီကနေဝေးတယ်။ ဆေးကျောင်းတုန်းကတော့ တခန်းတည်းနေကြတယ်။

နောက်တခါ အလည်ပြန်ရင်လည်း သူငယ်ချင်းတွေဆီ ရောက်ချင်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ