နိုင်ငံအရေး ကိုယ့်အရေး

ချစ်တဲ့သူငယ်လေ မြန်မာပြည်သား လူအများတို့လေ။
ကိုယ်စားသုံးဖြာ ရောက်သည့်အခါက ဧရာမြစ်ဆိပ် ကမ်းနားထိပ်မှာ ပရိတ်သတ်နှင့် ရထားနှင့်။
မြေ၌စီစဉ် ရထားယာာဉ်မှာ မိန်းမများနှင့် ယောက်ျားနှင့်။
လမ်းစဉ်တလျောက် ဘုရားရောက်အောင် လူအပြည့်နှင့် အကျွေးနှင့်။
ဘုရားကပ်ချဉ်း ခြေတော်ရင်းမှာ လူတင်းကျမ်းနှင့် အတီးနှင့်။
အကြောင်းငယ်မှမျိုးစုံ အဖုံဖုံကို အကုန်ပြောတတ်ချေဘူး။
လတ်တလောပင် ကိုယ်စားလှယ်များ ဝင်သောအခါ ဖြူစင်လန်းလန်း ပန်းနှင့်ပေါက်ပေါက် ကြဲတော့တယ်။
ကညာပျိုစွာ့ ဆင်းရူပတို့ ကြိုင်လှပန်းစည်း ဆက်တော့တယ်။
တမြို့လုံးမှာ အုန်းအုန်းကျွက်ကျွတ် ဖြစ်တော့တယ်။
လမ်းတလျှောက်မှာ စားသောက်ဖွယ်ရာ ကျင်းတော့တယ်။
တိဂုံဆံတွင်း ခြေတော်ရင်းမှာ သံညင်းစည်တော် ရွှမ်းတော့တယ်။
မိန်မတသင်း လူခပင်းတို့ ဆိုခြင်းနှုတ်ဆက်တော့တယ်။
မြန်မာများ မညံ့ပုံကို အားကုန်စိတ်နှင့် ပြောတော့တယ်။
မြန်မာပြည်သူ မိန်းမမူကို နည်းယူအင်္ဂလန်က ခိုးရတယ်။
စကားအပြီး စည်အတီးမှာ လူကြီးလူငယ် ကန်တော့တယ်။
ပြီးလျှင်တချက် ရင်ပြင်ထက်မှာ လက်ဆောင်ပဏ္ဏာ သြဘာစာကို ဆက်ကာတင်သွင်း ဖတ်တော့တယ်။
ဤကိစ္စကို မိန်းမများက ဆောင်ကြတယ်။
ပူဇဝန္ဒနာ ပြီးသောခါ ပြန်လာကြတော့တယ်။
တို့ဖိုးအေနှင့် ဖွားအေငယ်မှ ရှေ့သွား လူကြီးများကို အားပါးတရ ပြချင်စမ်းလှတယ်။
မြန်မာတွေ တိုးတက်ပုံ အလုံးစုံကို အကုန်ကြည့်လှည့်ကြပါလား။
အကျွန့်ရှေ့ကသွားတဲ့ လူကြီးများလေ။ (ဦးဖိုးကျား)

သတ်ပုံတွေကို သတိပြုစေလိုပါတယ်။ လမ်းစဉ်တစ်လျောက် မဟုတ်။ လတ်တစ်လောပင် မဟုတ်။ တစ်မြို့လုံးမှာ မဟုတ်။ လမ်းတစ်လျှောက်မှာ မဟုတ်။ မိန်မတစ်သင်း မဟုတ်။ ပြီးလျှင်တစ်ချက် မဟုတ်။ အားပါးတစ်ရ မဟုတ်။ လက်ဆောင်ပဏ္ဍာ မဟုတ်။

အခုခေတ် မြန်မာတွေ (တိုးတစ်ပုံ) အလုံးစုံကို အကုန်ကြည့်လှည့်ကြပါကုန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ