သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ည

ဘုရားရှေ့ အိမ်ရှေ့နဲ့ မီးဖိုခန်းမှာ ဖယောင်းမီးတခုစီ ထွန်းညှိပူဇော်တယ်။ ကနေ့ကတော့ ဘုရားပြီးတဲ့နောက်မှာ အရိုအသေပြုအပ်တာတွေကို ရည်မှန်းတာပါ။

သီတင်းကျွတ်ဆိုတာ အရိုအသေပြုအပ်တဲ့ပုဂ္ဂိုလ်မှန်သမျှကို တလေးတစား ကန်တော့ရတယ်။ ဆီမီးတွေ အများကြီးမရှိပါ။ ဒေလီမှာတုန်းကလို မီးရောင်စုံတွေလည်း မရှိပါ။ ရိုသေမှုနဲ့ တန်ဖိုးထားမှုတွေကတော့ ကိုယ့်တိုင်းပြည်၊ အိန္ဒိယပြည်နဲ့ ဒီနိုင်ငံမှာ အတူတူပါ။

မက်စင်ဂျာကနေ တယောက်ကမေးလို့ ဖြည့်စာထည့်ပါမယ်။

ဒေါ်မြမြအေးမိဘတွေကတော့ နတ်တွေကိုပူဇော်တဲ့သဘောလို့ပြောပြတယ်။ ကျွန်တော့်မိဘတွေ ရှိစဉ်ကလည်း စောင့်ရှောက်ပေးတဲ့နတ်တွေ။ မီးဖို၊ ဝင်းထရံ၊ ရေတွင်းကအစ ဖယောင်းတတိုင်စီ ထွန်းကြတယ်။ ကျွန်တော်က နတ်စာလုံး မထည့်ပဲထားတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး