တောက်တဲ့

နေမင်းပူပူ ခေါင်တိုင်ခေါင်းက
မိုးရေတောင်းတဲ့ ကိုတဝါ
ပိန်းလှရွက်လို သူ့အသားက
ပြောက်တောက်ကျားတား ဝါတာတာ
တောက်တဲ့ဆိုတာ သူမှုတ်လားကွဲ့
တို့အိမ်နားလဲ တကောင်ပါ
မိုးလေခေါ်ကာ တနွေလုံးပ
မိုးတွေချုန်းလို့ လေတွေလာ
မိုးပါ လေပါ။

မောင်ခွေးဘို့ စာအုပ်ထဲက ဆရာမင်းသုဝဏ်ကဗျာကို ကေ နဲ့ အိတ်ခ်ျလုစ် တို့က ဘာသာပြန်ပြီး၊ ဦးဘဥာဏ်က သရုပ်ဖေါ်ပုံတွေ ဆွဲပါတယ်။

ခုခေတ်မှာ အင်္ဂလိပ်စပယ်လင်တွေကိုတော့ မပြောင်းပါ။ မြန်မာစာသတ်ပုံမှာတော့ တစ်တွေနဲ့သာရေးနေကြတယ်။ တစ်ကောင်ပါတဲ့၊ တစ်နွေလုံးပတဲ့။

ဒီခေတ်က မောင်ခွေးတွေ ခွေးအ မဖြစ်ကြပဲ စာတတ်ကြပါစေသတည်း။ (ကန်တော့ပါ။)

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး