သီတင်းကျွတ် သင်ပုန်းကြီး

• သိတင်းကျွတ်ရာသီမှာတဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။

• အစဉ်ကြံစဉ်သမျှတဲ့။ ကြံစည်သမျှလို့ ရေးရတယ်။

• အလှူရေစက် လက်နှင့်မကွာ လှူတန်းနိုင်ခြင်းတဲ့။ လှူဒါန်းသည်က ကြိယာ၊ အလှူအတန်းက နာမ်။

• သတင်းကျွတ်တဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ သတင်းဆိုတာ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း။

• အခါသမရတဲ့။ အခါသမယလို့ရေးရတယ်။

• ဝါလကင်းလွှတ်တဲ့။ ဝါလကင်းလွှတ်လို့ ရေးရတယ်။

• ချမ်းမြေ့ပျှော်ရွှင်ပါစေတဲ့။ ချမ်းမြေ့ပျော်ရွှင်ပါစေလို့ ရေးရတယ်။

• ရှစ်ခိုးကန်တော့ပါသည်ရှင့်။ ရှိခိုးလို့ ရေးရတယ်။

အမှားတွေ မရေးသင့်။ အမှားတွေ မဝေသင့်။ အမှားတွေ မလုပ်သင့်။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး