အဲ အဲ့ အိုက် အာ

၁။ ဆရာရှင့် အသက်က ၂၂ ပါ ရာသီရက်မမှန်လို့ပါရှင့့် အိုက်တုံးကလဲရက်ကျော်လို့စိတ်ပူပြီးဆီးစစ်ခဲ့ပေမယ့့်

အိုက်ဆိုတာ ပူအိုက်တာ။

၂။ အိုက်ကလည်း အစားထိုး စာလုံးတခုတိုးတာဖြစ်မယ်ထင်ရဲ့

အိုက်ဆိုတာ ပူအိုက်သည်၊ အိုက်စပ်စပ်၊ အိုက်စပ်ပူလောင်။ အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းကို အလွယ်ခေါ်တာ အိုက်။

၃။ သမီးက ဒုတိယကိုယ်ဝန်လိုချင်ပါတယ် တားဆေးလည်းမစားပါဘူးရှင့် သက်ဦးခလေးတုန်းက ၁နှစ်ပြည့်တဲ့အချိန်မှာ ၅နှစ်ခံထည့်ထားပါတယ် အာလာထုတ်ပီကတည်းက ကိုယ်ဝန်မရတာဘာကြောင့်ပါလဲ့

သက်ဦးခလေး မဟုတ်။ သားဦးကလေးလို့ ရေးရတယ်။ အာလာထုတ်ပီ မဟုတ်။ အဲတာထုတ်ပြီးလို့ ရေးရတယ်။

အဲတာ၊ အဲဒါလို့ ပြောကြတယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ အဲဒီဟာ၊ အဲသည်ဟာ၊ အဲဟာလို့လည်းပြောကြတယ်။ ဟာဆိုတာ မရေတာတခုခု။ တာက သေချာတယ်။

အဲ့လို့ရေးရင် အောက်မြင့်က ၏သဘောဖြစ်တယ်။ အဓိပ္ပါယ်ကတော့ ဆိုးတယ်။ အညစ်အကြေးကို အဲ့အဲ့လို့သုံးပါတယ်။ ကလေးငယ်လေးတွေကို မထိမကိုင်စေချင်ရင် အဲ့အဲ့တွေလို့ ပြောကြတယ်။

သတ်ပုံစာအုပ်တွေမှာ အဲတာလည်းမပါ။ အဲဒါလည်းမပါ။ အဲ့တာလည်းမပါ။ စကားအသုံးတွေသာဖြစ်တယ်။ ဤ၊ ၎င်း၊ ယင်း၊ အနှီ၊ ထို၊ သဘောသုံးတယ်။ ပြောပြီးသားအရာလို့ ပြောတဲ့သူရော နားထောင်သူက သိနိုင်တာမျိုးကိုသုံးတယ်။

အဲ
အဲခိုး = အားထုတ်သည်
အဲချင်း
အဲဗျာ
အဲမွန်တရာ
အဲမွန်ဒယာ
အဲမောင်း = လှံရှည်

အဲ့
အသံအဲ့သည်
အဲ့တဲ့တဲ့နေသည်
အဲ့တဲ့တဲ့နံသည်
အဲ့အဲ့ = ရွံစရာ

အယ်
တအယ်အယ်ငိုသည်
မိုင်းအယ်ရွာ
ဝမ်းအယ်နေသည်
သစ်အယ်သီး

ဒါ
ဒါနပြုသည်
ဒါယကာ
ဒါယိကာမ
ဒါသ = ကာလီဒါသ
ဒါနောရက္ခိုသ်

အယ်
တအယ်အယ်ငိုသည်
မိုင်းအယ်ရွာ
ဝမ်းအယ်နေသည်
သစ်အယ်သီး

အာ
ကျီးအာသီး၊
အာကြမ်းနှုတ်ကြမ်း၊
အာခေါင်၊
အာစလျှာစ၊
အာပူမှုတ်၊
အာဂန္တုဧည့်သည်၊
အာဂုံဆောင်၊
အာဇာနည်၊
အာနန္ဒာ၊
အာနုဘော်၊
အာပတ်ဖြေ၊
အာမဘန္တေ၊
အာယုကပ်၊
အာရုံကြော၊
အာဟာရ၊
အာလိမ်ငါးဆင့်၊

ဒေါက်တာတင့်ဆွေ
၂၉-၁၀-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ