The Burden of Words ဝေါဟာရဒဏ်

ဘန်းစကား ခေါ် ခေတ်ပေါ် လမ်းပေါ်စကားတွေဆိုတာ ခေတ်တိုင်းမှာရှိတယ်။ နိုင်ငံတိုင်းမှာရှိတယ်။ တချို့စာလုံးတွေ တင်ကျန်နေရစ်ပြီး အများစုကတော့တခဏသာခံပြီး မေ့ပျောက်ကုန်ကြပါတယ်။

ဖေ့စ်ဘွတ်မှာ ထည်လဲသုံးနေကြတယ်။ အသုံးတည့်တဲ့နေရာတွေဆိုရင် မထောင်းတာပါ။ လူတိုင်းလိုလိုက လိုက်ရေးနေကြတော့ အီနောက်လာတယ်။

ဆရာကာပြန် အာခေါင်လှံစူးပို့စ်အောက်မှာ တယောက်က ရှေးကတည်းကဂျင်းထည့်တယ်လို့ ရေးတယ်။ ဖျက်လိုက်တယ်။

တချို့က အဲလိုခေတ်ပေါ်စာလုံးသုံးလိုက်ရရင်ကို သူပါခေတ်မီတယ်လို့ ထင်မှတ်ကြပုံရတယ်။ ဆိုင်သလား မဆိုင်လား မစဉ်းစား။ အဲလိုပြောလိုက်လို့ အကျိုးကိုဖြစ်စေသလား အပြစ်လား မစဉ်းစား။

ဝေါဟာရနိုင်ငံရေး ရှိတယ်။ ဝေါဟာရဒဏ်ဆိုတာ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး