Fall Colors အရောင်တွေ ပြောင်းလာပြီ

ကျောင်းကသစ်ပင်တွေက အရောင်ပြောင်းတာ စောတယ်။ စိမ်းခဲ့တဲ့သစ်ရွက်တွေ ဝါ ရွှေ နီ ညို မှောင် အရောင်တွေ ပြောင်းကြပြီ။ ကျောင်းဆင်းချိန်မှာ နေဝင်တာ စောလာပြီ။

အတူပြန်တဲ့ကျောင်းသားတွေကို ဘာလို့ အေးလာသလဲ၊ ဘာလို့ နေဝင်စောရသလဲ မေးမေးကြည့်တယ်။ ပထဝီသုတ နည်းကြတယ်။

ပြည်တွင်းနေသူတွေတော့ သေချာမသိပါ။ ကျွန်တော်တို့ခေတ်မှာ ဘာသာစုံ အကုန်တတ်အောင်သင်ပေးတယ်။ ပြည်တွင်းနေသူတွေ သေချာတာကတော့ မြန်မာစာ စိတ်မဝင်စားကြပါ။

ပညာရေးသစ်ပင်လည်း အရောင်တွေ ပြောင်းသလားမသိ။ ဝါ ရွှေ နီ ညို ပိတုန်း။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး