ဆောင်းဦးပေါက်

လွန်ခဲ့တဲ့ ၄ နှစ်တိတိက ဒီလိုညမှာ နှင်းပွင့်ဖတ်တွေ ကျခဲ့တယ်။ တမြန်နှစ်ကတော့ ဒီနေ့မှာ ဖလန်နယ်ရှပ်အင်္ကျီ လက်ခေါက်ဝတ်ပြီး လမ်းလျှောက်လို့ရတယ်။ မနှစ်ကတော့ ဆွယ်တာပါးပါးနဲ့ ကျောင်းသွားတယ်။ ကနေ့မှာ ဆွယ်တာမလိုသေး။ လရေးရေးနဲ့ ခပ်အေးအေးသာရှိပါတယ်။ မကြာမီ နှင်းဆိုတာ လာပါတော့မည်။

• လေလည်းရောရာ၊ မိုးမပါဘဲ၊
• သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊
• မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
• ဧကန် ဟေမန်လာချေပြီ၏တည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၄
၃၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး