ထာဝရ
ဆရာ ထာဝရထက် နဲ့ ထာဝရထပ် ဘယ်ဟာက အမှန်ပါသလဲ။
ထာဝရထပ်ရော ထာဝရထက်ရော အဓိပ္ပါယ်မရှိ။ ထာဝရဆိုတာ ကြိယာဝိသေသန။ ကြိယာတခုခုနဲ့တွဲသုံးရမယ်။ ထာဝရ တည်မြဲနေသောအရာ ရှိပါသလား။ ထာဝရပစ္စည်းလို့ရှိတယ်။ မပြောင်းရွှေ့နိုင်သောပစ္စည်း။
လူအမည်ကို ထာဝရလို့မှည့်ထားရင်တော့ မောင်ထာဝရထက် ငါက ပိုတော်တယ်။ မထာဝရထက် ကျမက ပိုလှတယ်။
ထာဝရဘုရားသခင်၊ ထာဝရသစ္စာဆိုတာ နာမဝိသေသနလို သုံးထားတယ်။ အမှန်က ထာဝတည်မြဲသော ထာဝရခိုင်မာသောလို့ ဆိုလိုတာဖြစ်တယ်။
ဟုတ်ကဲ့ပါ ဆရာ။ နောက်ထက်တို့ ဒီနေ့ထက်တို့ မနက်ဖြန်ထက်တို့ အဲလို အချိန်ကို ပြောနေတဲ့ထက်မှာက ကသက်နဲ့ပဲ ပြောရင်မှန်ပါလား။
ထပ် = ထပ်လုပ်။ ထက် = ပိုသော။
နောက်ထက်လည်း မှားတယ်။ နောက်ဆိုတာ ကြိယာနဲ့ နာမ်။ မင့်နောက်မှာ ငါ။ နောက်မနေပါနဲ့။
ထက်ဆိုတာ သမ္ဗန္ဓ ခေါ် စကားဆက်။ ကနေ့ထက် နက်ဖြန် ပိုအလုပ်လုပ်မယ်။ သူ့ထက်သာ မနာလို။ ဓါးထက်၊ ဥာဏ်ထက်လို့သုံးနိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment