Elephant Festival ဆင်ပွဲတော်

ကျောက်ဆည်မှာ ဆင်ပွဲကျင်းပနေတယ်။ တင်တဲ့သူက နိုင်ငံရေးလုပ်ဘော်ကိုင်ဘက်။ သတ်ပုံမှန်ရေးတဲ့ဂိုဏ်းက။

ဆင်စကားပုံတွေရှိတယ်။
ဆင့်ပါးစပ် နှမ်းပက်
ဆင်ကန်း တောတိုး
ဆင်ကျီစားရာ ဆိတ်မခံသာ
ဆင်စွယ်မှန် ပိုးမစား
ဆင်ပိန်တော့ ကျွဲ
ဆင်ဖိုးထက် ချွန်းဖိုးကကြီး
ဆင်ကြံကြံသည်
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့
ဆင်ဖြူတော်မှီပြီး ကြံစုပ်
ဆင်သွားရင် လမ်းဖြစ်
ဆင်ပြောင်ကြီး အမြီးကျမှတစ်
ဆင်ဝှေ့ရန်ရှောင်စကားပြောနည်း
ဆင်သေကို ဆိတ်သားရေနဲ့မဖုံးနဲ့
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားသည်
ရှေ့ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်

စင်နဲ့ ဆင် မှားရေးသူတွေကများတယ်။ ဘဝဆိုတာ အစဉ်ပြေသလို လှော်ခတ်သွားလာနေကြရတာပါတဲ့။ မြန်မာ့ စားစရာလေးတွေရတော့ အစဉ်ပြေတာပေါ့တဲ့။ အဆင်ပြေလို့ ရေးရတယ်။ အစဉ်ဆိုတာ စဉ်ဆက်မပြတ်၊ အစဉ်သဖြင့်။ အစဉ်ပြေလို့ပြောရင် စကားမပြီသရာကျတယ်။

လူတွေကိုသေစေအောင်ကိုက်တဲ့အကောင်မှန်သမျှထဲမှာ ဘယ်အကောင်က အဆိုးဆုံးလဲမေးခွန်းကို ဘီလ်ဂိတ်က အဖြရှာထားတယ်။ ငါးမန်းလည်း မဟုတ်ပါ။ လူလည်း မဟုတ်ပါ။ ခြင်ဖြစ်ပါသတဲ့။ ခြင် 725,000 နဲ့ ဆင် 100 တဲ့။

ဘုရင်တွေလက်ထက်က တန်ဖိုးထားခဲ့တဲ့ ဆင်ဖြူတော်ကို စစ်အစိုးရခေတ်မှာ တန်ဘိုးဖျက်တယ်။ အဲတာကို အမြင်ကပ်လို့ Chikungunya ကို ဆင်ဖြူတော်တုပ်ကွေးဆိုပြီး စာတပုဒ်ရေးလိုက်တယ်။ ဆင်ခြေထောက်ရောဂါစာလည်းရေးထားတယ်။

Paper tiger စက္ကူကျားဆိုတာ စစ်အေးခေတ်မှာ တရုပ်ခေါင်းဆောင် မော်စီတုန်းကနေ အနောက်အုပ်စုကို တန်ပြန်ရာမှာ သုံးခဲ့တဲ့စကားလုံး ဖြစ်တယ်။ ဆင်ဖြူတော်ပုံပါတဲ့ ၅ဝဝဝ တန် ငွေစက္ကူကို တရုပ်ကနေ အတုတွေလုပ်တဲ့သတင်း ထွက်တယ်။ ဆင်ကြံကြံသူတွေခေတ် မြန်မြန်ကုန်ပါစေသတည်း။

နာဠာဂီရိဆင်ကြီးနဲ့ ဆဒ္ဒန်ဆင်မင်းတို့ကိုတော့ စင်မင်းလို့ မရေးကြကောင်းပါရဲ့။

ဒေါက်တာတင့်ဆွေ

၂၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး