Thursday, October 25, 2018

By Order of the King အမိန့်နဲ့ပြောင်းခိုင်းတာ စာမဟုတ်

ဆရာရှင့် အဲ့ထဲမှာပါတဲ့စာကြောင်းကို မေးချင်ပါတယ်။ အိပ်နေကြပါသော်လဲကို လည်း နှင့်ရေးတာမဟုတ်ဘူးလား လဲ လဲကျလည်း စကားဆက်၊ ကျေးဇူးပြု၍ ရှင်းပြပေးပါ။

အဲဒီ တလောကလုံးသည်ပို့စ်ရေးကတည်းက မြန်မာစာကိုအလေးအနက်ထားသူတွေက မေးကြမလားလို့ oabmuswf/ လဲနဲ့လည်း အသုံးမတူတာကို ကျွန်တော်ရေးထားတယ်။

လဲ = အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။
လည်း = အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း။

မြန်မာစာအရေးအသားမှာ အရင်က ပုံသေနည်းမထားခဲ့ပါ။ မူကွဲတွေရှိတာကို အသိအမှတ်ပြုခဲ့ပါတယ်။ စစ်အစိုးရက အမိန့်နဲ့လုပ်လာတယ်။ ၁၉၈၁ လောက်ကနေစတယ်။ လဲနဲ့ လည်း၊ ပဲ နဲ့ ဘဲ၊ အိပ်ယာနဲ့ အိပ်ရာ၊ ဂဏန်းနဲ့ ကနန်း၊ ပဌမနဲ့ ပထမ၊ သမတနဲ့ သမ္မတ၊ ဒါးနဲ့ ဓါး၊ ပုစွန်နဲ့ ဗုဇွန်၊ အများကြီး။

တရားသေမှတ်ယူတာမှန်သမျှ အနှောင့်အသွားမလွတ်ပါ။ တတွေကို မလိုအပ်ပဲ တစ်လုပ်မိန့်ထုတ်ခဲ့တာ မှားတယ်။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးခဲ့ကြတယ်ဆိုတာကို အထောက်အထားတွေ တရာငါးခါပြန်ရှိလောက်ပြီ။

ရေးတော့အမှန် ဖတ်တော့အသံထုံးနည်းကို တလွဲသုံးပြီးချေပနေကြတယ်။ မှားတယ်။ တစ်ခါတစ်ရံကို တခါတရံသံ ဘယ်လိုမှ ထွက်မရ။ ခေါင်းလို့ရေးတာကို ဂေါင်းဖတ်တာမျိုးကသာ အဲဒီထုံးနဲ့ညီတယ်။ ခုတော့ ခေါင်းသံထွက်နေကြတာ ကွယ်လွန်တဲ့သဘော ဖြစ်နေတယ်။ ကန်တော့။

စာအရေးအသားဆိုတာ ခေတ်အရ ပြောင်းတယ်။ ခေတ်အရဆိုတာ လွယ်ကူရှင်းလင်းပြီး မှန်ကန်တာကို ပြောင်းတယ်။ အမိန့်နဲ့ပြောင်းခိုင်းတာ စာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၇
၂၅-၁ဝ-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...