Posts

Showing posts from October, 2014

Boasting ကြွားစရာရှားလို့

Image
·          ကျွန်တော်တို့က ရှေ့မီနောက်မီ ·          မျက်စိအောက်တင် (၃) ယောက်။ မျက်စိအောက်တင် (၁၄) ယောက်။ ·          ကျွန်တော်တို့ဟာ အစဉ်အလာမပျက်ပါ ·          မျက်စိအောက်တင် (၁၉၈၈ - ၁၉၆၂) ၂၆ နှစ်။ မျက်စိအောက်တင် (၂ဝ၁၄ - ၁၉၈၈) ၂၆ နှစ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၄

Hello November နိုဝင်္ဘာ (၂)

Image
• နိုဝင်္ဘာလမှာ ရာသီဥတု သင့်တင့်အေးမြလို့ ခြေခင်းလက်ခင်းသာပါတယ်။ • ကျွန်တော်တို့ ဆေးကျောင်းစတက်ရတာက ၁၉၆၅ နိုဝင်္ဘာလဆန်းတစ်ရက်နေ့ဆိုတာ မမေ့ပါ။ • ၇ နှစ်ကြာစာသင်ပြီးတော့ ‘ဟောက်ဆာဂျင်’ ခေါ်တဲ့ အလုပ်သင်ဆရာဝန်လုပ်ရတာလဲ ၁၉၇၂ နိုဝင်္ဘာလထဲမှာပါ။ • ဆေးမန်းက သူငယ်ချင်းတသိုက် မေမြို့စစ်ဆးရုံမှာ တာဝန်ကျကြတယ်။ မေမြို့ဆိုတာက နွေမှာတောင်အေးလို့ နိုဝင်္ဘာဘာလဆိုတော့ ကျွန်တော်တို့လို အညာသားတွေအဖို့ အေးလွန်းနေပါတယ်။ • ကျွန်တော်တို့ စစ်ဆေးရုံထဲက အိုဟောင်းနေတဲ့ တိုက်တလုံးမှာ စုနေကြရပါတယ်။ ရေချိုးခန်းမှာ ရေနွေးပေးတာကပျက်နေတော့ ရေချိုးဘို့ဆိုတာ စစ်ဆေးရုံထဲမှာ အရပ်သားတွေအချင်းချင်း သူရဲကောင်း ရွေးရသလိုပဲ။ • လုပ်ရပြန်တော့လဲ အရပ်သားတွေမှာ စစ်သားတွေကြားမှာ အထာမကျလှပါ။ အဲလိုပဲ အရပ်သားတွေကြားမှာလဲ စစ်ဗိုလ်စစ်သားတွေ အထာကျမှာမဟုတ်ပါ။ • ကျွန်တော်တို့ အထာမကျတာက ဟောက်ဆာဂျင်လုပ်ရတာ တနှစ်တိတိသာကြာလို့ ကံကောင်းတယ်။ • စစ်ဗိုလ်တွေ နှစ်လေးငါးဆယ်ကြာ အုပ်ချုပ်နေတာ အထာမကျတော့ အရပ်သားလူအများမှာ အတော်ကိုကံဆိုးကြပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၄

Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ)

Image
• Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ) တွဲသောက်ရင် (ပါရာစီတမော) ခေါ်တဲ့ အကိုက်အခံပျောက်ဆေး၊ အဖျားကျဆေးထဲမှာ ၅ဝဝ မီလီဂရမ်ပါတာ များတယ်။ Coke/Pepsi ထဲမှာ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတယ်။ Panadol Extra ထဲမှာ (ကေဖင်း) ၆၅ မီလီဂရမ်ပါတယ်။ ပုံမှန်ဆိုရင် (ပါရာစီတမော) ၂ ပြား = ၁ဝဝဝ မီလီဂရမ်နဲ့ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတာကို တွဲသောက်တာနဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိပါ။ အစာအိမ်မှာတော့ အနေရခက်ပြီး ပျို့ချင်ချင်ဖြစ်နိုင်တယ်။ • 2 Paracetamol (ပါရာစီတမော) ၂ ပြားသောက်ရင် ဘာမှမဖြစ်ပါ။ • 3 Paracetamol (ပါရာစီတမော) ၃ ပြားသောက်ရင် Paracetamol 300 mg ကျန်းမာရေးကောင်းနေသူကို ဒုက္ခမပေးနိုင်ပါ။ ဆေးကို ပိုသောက်လို့ အနာသက်သာစွမ်းကို တိုးမရပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။ • 4 Paracetamols (ပါရာစီတမော) ၄ ပြားသောက်ရင် သိမ်မထူးလှပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။ • Overdose of Acetaminophen / Paracetamols (ပါရာစီတမော) များသွားရင် အသဲကိုထိခိုက်မယ်။ လူကြီး ကျန်းမာရေးမှန်နေသူတယောက် အများဆုံးသောက်သင့်တာက 1 gram (1000 mg) per dose တခါသောက် ၁ဝဝဝ မီလီဂရမ် နဲ့ 4 grams (4000 mg)

Halloween snowflakes ဆောင်းဦးအကြို နှင်းပွင့်ဖတ်တွေ ကျနေပါတယ်

Image
• လေလည်းရောရာ၊ မိုးမပါဘဲ၊ • သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ • မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ဒေါက်တာတင့်ဆွေ အင်ဒီယာနာပိုးလစ် ၃၁-၁ဝ-၂ဝ၁၄ ည ၈ နာရီ ၅ဝ မိနစ်

Group Photo ဓါတ်ပုံထဲမှာ ဘယ်လိုပြမလဲ

Image
• အာစီယန် အစည်းအဝေးဆိုရင် ခေါင်ဆောင် ၁ဝ ယောက် လက်ချင်းချိတ်ကြတယ်။ တတောင်နဲ့တွက်သလိုမြင်ရတယ်။ • အခုအစည်းအဝေးက ၁၄ ယောက်လုံး လက်ချထားကြတယ်။ တော်သေးတယ် လက်မြှောက်မခိုင်းလို့။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၄

U.S. blacklists Myanmar official ahead of Obama visit ခေါင်းမာသူများသတိထား

Image
• မြန်မာပြည်မှာ ထိပ်ပိုင်းတာဝန်ရှိသူပေါင်း (၁၄) ဦးဆွေးနွေးပွဲနဲ့ လာမဲ့နိုဝင်္ဘာ ၁၂-၁၃ မှာ အမေရိကန်သမတ ‘ဘာရက် အိုဘာမား’ မြန်မာပြည်ကိုလာစရာရှိတဲ့သတင်းနောက်ခံအပေါ်မှာ ထိုးထွက်လာတဲ့ စိတ်ဝင်စားစရာ နောက်သတင်းတပုဒ်ကတော့ နာမည်ဆိုးနဲ့ ကြော်ကြားနေတဲ့ ဦးအောင်သောင်းကို အမေရိကန်ပြည်ထောင်စုကနေ နာမည်မဲစာရင်းထဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ • ဦးအေင်သောင်းဟာ အနဖ/နဝတ လက်ထက်ကတည်းက ခေါင်းမာသူအုပ်စုထဲမှာ ထိပ်ကပါနေသူပါ။ ဗခမက သန်းရွှေအလိုကျ လိုက်ပါအကောင်အထည်ဖေါ်နေသူလို့လဲ လူတိုင်းကမြင်ကြပါသေးတယ်။ • ၂ဝဝ၃ မေလ (၃ဝ) ရက် ဒီပဲယင်းအရေးအခင်းမှာ မုံရွာတောင်ဘက် ချင်းတွင်းမြစ်ကူးတံတားထိပ်၊ ချောင်းဦးနားကနေ (နမခ) တိုင်းမှူး၊ ရွှေဘိုခရိုင်တပ်ရင်းမှူးတို့နဲ့အတူ စီမံကွပ်ကဲအမိန့်ပေးခဲ့သူလို့ ဒီပဲယင်းအရေးအခင်းမှာ ကိုယ်တိုင်ကိုယ်ကျခံရ၊ ထောင်ကျရသူတွေက ခိုင်ခိုင်မာမာပြောထားတာ ရှိပါတယ်။ • ဦးအောင်သောင်းသတင်းဟာ စစ်အုပ်စုထဲက ခေါင်းမာသူတွေအတွက် အခက်ပွေစရာရှိပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အရေးအလွန်ကြီးပါတယ်။ စစ်အုပ်စုဘက်ကနေ ပေါ့ပေါ့ တွက်မရပါ။ ရှင်းသင့်တာတွေ ရှင်းရပါလိမ့်မယ်။ ၂ဝ၁၅ မတိုင်ခင် နိုင်ငံရေးအခင်းအကျင်းတေ

Google is developing cancer and heart attack detector ဂူဂယ်လ်ကနေ ကင်ဆာစမ်းသပ်စရာတီထွင်နေ

Image
နာမည်ကြီး ဂူဂယ်လ်ကုမ္ပဏီ ကနေ ကင်ဆာရောဂါတွေ၊ စထုပ် ခေါ်တဲ့ နှလုံးအတက်ရတော့မဲ့အခြေအနေနဲ့ တခြားအရေးကြီးရောဂါတွေကို စမ်းသပ်နိုင်မဲ့နည်းလမ်းကို စမ်းသပ်ရှာဖွေနေပါတယ်။ ဆေးလုံးသောက်ပြီးရင် Nanoparticles လို့ခေါ်တဲ့ အလွန်ကိုသေးငယ်တဲ့ အမှုံလေးတွေ သွေးထဲကို ဝင်လာချိန်မှာ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ ‘ဆင်ဆာ’ ကိရိယာကနေရှာဖွေပါမယ်။ ကိုယ်ခန္ဓာမှာ ဗီဝဓါတုဖြစ်စဉ် နည်းနည်းလေးပြောင်းလဲတာနဲ့ သိပါမယ်။ ကင်ဆာဖြစ်လာတဲ့ တစ်ရှူးဆိုတာ တစ်ရှူးအကောင်းတွေနဲ့ ခြားနားလှပါတယ်။ စမ်းသပ်မှုက စောတော့စောပါသေးတယ်။ Google X ယူနစ်ကနေလုပ်နေပါသတဲ့။ Nanoparticles ဆိုတာ သွေးနီဥရဲ့ ၂ဝဝဝ ပုံ ၁ ပုံသာရှိပါတယ်။ သူတို့ကနေ ကင်ဆာဆဲလ်အပါအဝင် ဆဲလ်တွေကို ပူးကပ်ပြီး ‘ဆင်ဆာ’ ကနေဆင့် သတင်းအချက်အလက်တွေပေးနေပါလိမ့်မယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၄

Young father ယောက်ျားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား

Image
ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောက်ျားက အသက်ငယ်နေလို့ရှိရင် ဉာဏ်ရည်မမှီတဲ့ကလေးတွေ မွေးတတ်တယ်လို့။ အဲဒါ ဟုတ်ပါသလား။ ဘယ် အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ်မှာပါ။ လုံးဝမစိုးရိမ်ပါနဲ့။ အသက်ကြီးမိဘဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီးယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကိုဆိုလိုတာ မဟုတ်ပါ။ မွေးရာပါချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ ပဋိဇီဝဆေး ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေးသုံးတာ၊ ကိုယ်ဝန်ဆောင်နေတုံးမှာ တချို့ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ ဓါတ်ဆီအဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘအသက်ကြီးလို့ကြောင့်ဆို

Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)

Image
ကျွန်တော့် အမျိုးသမီးက အသက် ၃ဝ နှစ်၊ ကိုယ်အလေးချိန် ၄၇ ကီလို၊ လွန်ခဲ့တဲ့ ၅ နှစ်က ၅၃ ကီလို ရှိပါတယ်။ အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ။ လွန်ခဲတဲ့ ၂ နှစ် နီးပါးလောက်က Thyroid ရောဂါဖြစ်လို့ လည်ပင်းက အကျိတ်ကို ခွဲထုတ်လိုက်ပါပြီ။ အခု ဟိုမုန်းဓါတ် နည်းလို့ဆိုပြီး Thyroxine sodium 100mg ကို တနေ့ တလုံးစား နေရပါတယ်။ အခု အသက်ရှူမဝတဝ (သို့ ) အသက်တဝက်ဘဲ ရှုရသလိုဖြစ်နေပြီးတော့ မကြာမကြာ အသက်ပြင်းပြင်း ရှူပေးရပါတယ်။ နောက်ပြီး နှလုံးတုန် ရင်တလှပ်လှပ် ဖြစ်ပြီး ခြေလက် အားမရှိပါဘူး။ အခြေအနေက ဖြစ်လိုက် ပျောက်လိုက်ပါ။ ခုရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။ တပတ်မှာ သုံးလေးရက် လောက်ပါ။ အလုပ် မလုပ်လည်း ဖြစ်ပါတယ်။ ဒီနှစ်ခုက တပြိုင်တည်း ဖြစ်တတ်သလို တစ်ခုချင်းလည်း ဖြစ်ပါတယ်။ အသက်ရှူ မဝတာက ငယ်ငယ်က ဖြစ်ဖူးတယ်။ နောက်ပိုင်းမှာ မဖြစ်တော့ဘဲနဲ့ လည်ပင်းခွဲခါနီးနဲ့ ခွဲပြီးနောက်မှ ပြန်ဖြစ်ပါတယ်။ ရင်တုန်တာက မခွဲခင်က ဖြစ်ပြီးတော့ ခွဲပြီးနောက်ပိုင်း အဖြစ်များလာတယ်။ နောက်တခုက ဇက်ကျောတက် ခေါင်းကိုက်ပါ။ ဒါကတော့ အမြဲလိုလို ဖြစ်နေပါတယ်။ နေကောင်းတဲ့ရက် တလမှာ ငါးရက်လောက်ပဲ ရှိပါတယ်။ ဆေးစစ် သွေးစစ်တော့လည်း Thyroid ဟိုမုန်း နည်းတ

Faith for Women’s Healthcare

Image
၂ဝ၁၃ ခုနှစ်မှာ နယူးဒေလီမှာ မြန်မာဒုက္ခ သည်တွေအတွက် ကျွန်တော်ဖွင့်ထားတဲ့ ယမုန်နာဆေးခန်းကို အမေရိကန်ဆေးကျောင်းသားနဲ့ သူနာပြုတွေလာပြီး လေ့လာသင်ယူ ကူညီခဲ့ကြတယ်။ သူတို့လိပ်စာတွေကိုတောင် ကောင်းကောင်းမမှတ်မိတော့ပါ။ အခုပဲ Google မှာ သိချင်တာတခုရှာရင်း ဒီ Link ကို အမှတ်မထင်တွေ့ရပါတယ်။ ဒီ အပိုင်းမှာ အမေရိကန်သူနာပြုဆရာမ ‘ဒဘ်’ ကနေ ဆေးခန်းက ဆရာမတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်။ Thank you very much Deb (Debby)! Episode 4: Faith for Women’s Healthcare Posted on August 8, 2013 http://indiasnapshots.wordpress.com/2013/08/08/episode-5-for-the-children/ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၄