Logic တက္ကဗေဒ



• ကျွန်တော့ရွာလေးအကြောင်း စာတိုလေးတွေရေးဖြစ်တယ်။ ကျွန်တော့ရွာမှာ ရွာဆိုင်းဘုတ်မရှိကြောင်းလဲပါတယ်။ မှတ်ချက်ပေးတာတွေလဲ မနည်းပါ။ ကျေးဇူးတင်ပါတယ်။
• ထူးခြာတဲ့မှတ်ချက်တခုလဲ ဖတ်ရပါတယ်။ အဲဒီပုဂ္ဂိုလ်က “ရွာဆိုင်းဘုတ်လေးတောင်မရှိရင်တော့ လူပေလူတေတွေနေတာ ဖြစ်မယ်” တဲ့။

• “လောဂျစ်” ခေါ်တဲ့ “တက္ကဗေဒ” အကြောင်း မသင်ရပေမဲ့ နည်းနည်းပါးပါးဖတ်ဘူးတယ်။
- လူသည် သေမျိုးဖြစ်၏။
- ခွေးသည် သေမျိုးဖြစ်၏။
- ထို့ကြောင့် လူနှင့်ခွေးသည် အတူတူဖြစ်၏။
• ကောက်ချက်ကို အဲလိုဆွဲသလားမသိပါ။

• ကျွန်တော်က အပြင်မှာနေရသူမို့ သိပ်မသိပါ။ မြန်မာပြည်က ကျေးရွာတိုင်းမှာ ရွာဆိုင်းဘုတ်ရှိတယ်လို့မထင်ပါ။
• ကျွန်တော်သိတာက ဆိုင်းဘုတ်မရှိတဲ့ရွာတွေမှာ လူပေလူတေတွေနေကြတယ်လို့ မပြောနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၇-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး