Logic လောဂျစ်

• တနေ့က ကျွန်တော့ရွာလေးအကြောင်း စာတိုလေးတွေရေးဖြစ်တယ်။ ကျွန်တော့ရွာမှာ ရွာဆိုင်းဘုတ် မရှိကြောင်းလဲ ပါတယ်။
• မှတ်ချက်ပေးတာတွေလဲ မနည်းပါ။ ကျေးဇူးတင်ပါတယ်။ ထူးခြာတဲ့မှတ်ချက်တခုလဲ ဖတ်ရပါတယ်။ အဲဒါကို ပြန်ရှာနေတာ မတွေ့တော့ဘူး။
• အဲဒီပုဂ္ဂိုလ်က “ရွာဆိုင်းဘုတ်လေးတောင်မရှိရင်တော့ လူပေလူတေတွေနေတာ ဖြစ်မယ်” တဲ့။
• ကျွန်တော်က အပြင်မှာနေရသူမို့ သိပ်မသိပါ။ မြန်မာပြည်မယ် ကျေးရွာတိုင်းမှာ ရွာဆိုင်းဘုတ်ရှိပါသလားခင်ဗျား။
• ပုလဲမြို့မှာ ပဌမဆုံးဆိုင်းဘုတ်ထောင်တော့ ၁၉၉ဝ မတိုင်ခင်ကလေးကမို့ ကျွန်တော် အထဲမှာရှိသေးတယ်။ သူပြောသလိုဆိုရင် မြို့ဆိုင်းဘုတ်မထောင်ခင်က ပုလဲမှာ လူပေလူတေတွေနေတယ်လို့ ဆိုရမှာပေါ့။

• “လောဂျစ်” ခေါ်တဲ့ “တက္ကဗေဒ” အကြောင်း မသင်ရပေမဲ့ နည်းနည်းပါးပါးလေး ဆေးကျောင်းတက်ရကာစက ဖတ်ဘူးတယ်။
- လူသည် သေမျိုးဖြစ်၏။
- ခွေးသည် သေမျိုးဖြစ်၏။
- ထို့ကြောင့် လူနှင့်ခွေးသည် အတူတူဖြစ်၏။
• ကောက်ချက်ကို အဲလိုဆွဲသလားမသိပါ။

ဒေါက်တာတင့်ဆွေ
၇-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး