Burma is not far-off အင်ဒီယာနာ မဲဇာမဟုတ်



·         မနေ့က RFA ဆွေးနွေးခန်းတခုမှာပါရတယ်။ အခုလိုနေရာသစ်ရောက်မှ ဒီတခါ မီဒီယာကနေ ကိုယ့်အမြင်ကိုတင်ပြခွင့်ရတာ ပဌမဆုံးပါ။ အားသလား၊ ပါမလာမေးတော့ “ကျွန်တော့်ထက် ပိုအဆင်ပြေမဲ့သူမရရင်တော့ပါပါမယ်” လို့ပြောပါတယ်။ အခုနေရာမှာရောက်လာရတော့ နိုင်ငံရေးစကားပြောရတာ ကိုယ့်ကိုယ်ကို တမျိုးထင်မိတာအမှန်ပါ။
·         ၁၉၈၈-၁၉၉ဝ နောက်မှာ နယ်စပ်နဲ့ ပြည်ပကိုထွက်ရသူတွေက နိုင်ငံရေးအသံတွေထွက်နိုင်ခဲ့ကြတယ်။ ပြည်တွင်းမှာ စကားမပြောနဲ့ နေရာတခုတည်းမှာ အတူထိုင်မိရင်တောင် အပြစ်ရှာတဲ့ ထောက်လှမ်းရေး လက်အောက်ခံ စစ်အစိုးရက ကြီးစိုးထားချိန်မို့ပါ။ အပြင်နေသူတွေကနေ ပြောပေးကြရတယ်။
·         ပြည်ပဆိုပြန်ရင်လဲ ထိုင်းနယ်စပ်က ဦးစားပေးခံရပြီး၊ အိနိယက ဒုတိယနေရာမှာရှိပါတယ်။ အိနိယမှာက လူနည်းပြီး အဖွဲ့အစည်းအားလုံးလိုလိုရဲ့ ဌာနချုပ်တွေကလဲ ထိုင်းနယ်စပ်မှာသာရှိလို့ပါ။ အိနိယကလူတွေအမြင်ကို ပြည်ပအခြေစိုက်ရေဒီယိုတွေကနေတင်ဘို့လိုရင် မေးစရာလူက သိပ်မများတော့ ကျွန်တော့အသံက ခဏခဏပါခဲ့ရတယ်။
·         DVB ကနေ တီဗွီပါလွှင့်တော့ ပြည်တွင်းက အမျိုးတွေရော မိတ်ဆွေတွေကပါ ကျွန်တော့ရုပ်ကိုပါ မြင်တော့ ဝမ်းသာအားရပြန်ပြောကြလို့ DVB ကို အများကြီးကျေးဇူးတင်ကြောင်း ကြုံရင်ပြောဘို့မမေ့ပါ။
·         စိတ်မကောင်းစရာတခုတော့ရှိခဲ့ပါတယ်။ ကျွန်တော်က ပင်တိုင်လိုဖြစ်နေတော့ “အိနိယမှာ ကျွန်တော် တယောက်ပဲရှိသလား” လို့ သတင်းထောက်တွေမှာ အယ်ဒီတာတွေကမေးတာ ခံကြရတယ်။

·         အခုရောက်နေတဲ့မြို့က ရန်ကုန်နဲ့ ၁၃၇၁၄ ကီလိုမီတာဝေးတယ်။ တိုင်းပြည်နဲ့ဝေးတော့ နိုင်ငံရေးနဲ့ ဝေးသလိုပေါ့။ ဒါကြောင့် နိုင်ငံရေးအမြင် ဝင်ဆွေးနွေးရတာ အားငယ်စိတ်နဲ့ အားနာစိတ်ပါရှိမိတယ်။
·         ‘ဖေ့စ်ဘွတ်’ ကိုလဲကျေးဇူးတင်ရတယ်။ အချိန်တိုင်းလိုလိုမှာ ပြည်တွင်းကလူအရွယ်မျိုးစုံနဲ့ ဆုံနိုင်လို့ပါ။ မြန်မာပြည်ကလူတွေနဲ့ အတူထိုင်ပြီး စကားပြောနေရသလိုပဲ။ မြန်မာပြည်မှာဘာဖြစ်နေသလဲ ‘ရီးယဲလ် တိုင်းမ်’ သိရတယ်။
·         ဒါကြောင့် နေရတာဝေးလှပေမဲ့ မြန်မာ့နိုင်ငံရေးမှာတော့ ထဲထဲဝင်ဝင် မြင်ရသိရပါတယ်။ နိုင်ငံရေး အတွေ့အမြင်အရလဲ ကာလသုံးပါးကိုလဲ ဖတ်နိုင်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်ကို အိမ်နီးချင်းလို သိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး