The Road အသွားလမ်း အပြန်လမ်း

• ချင်းတွင်းကို ကူးပြီးသော်၊ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရောက်၊
• လက်ပန်းတောင်းက အသံတွေကြားလောက်၊
• ဒိနောက် ဆားလင်းကြီးနယ်ဝင်၊ ယင်းမာပင်ဆက်သွား၊
• ဘုရားဖူးချင် ဖိုးဝင်းတောင်ဝင်၊ ကန့်ဓါတ်ပါရေပူချိုးချင် ရွာသာရွာဝင်၊
• ပုလဲမရောက်ခင် လမ်းအကူး၊ အလောင်းတော်ကဿပ အနောက်စူးစူး။

• ပုလဲကနေ ခရီးဆက်ရင်၊ မင်းတိုင်ပင် ကင်းဝန်ရဲ့ရွာ၊
• တဖြေးဖြေးနဲ့ မြင့်မြင့်လာ၊ မကြာမီမှာ ၅၅၊
• စခန်းတထောက်နား။

• ညာဘက် တက်-ဆင်း၊ ပုလဲထဲက ယောနယ်တွင်း၊
• (တည့်တည့်တက်) အဆင်းမရှိ လေးမိုင်တိတိ၊
• ‘နတ်ထိပ်’ ရောက်တဲ့အထိ။

• လေးမိုင်မဆင်းခင်၊ ရေချမ်းစဉ်၊
• ‘ပုံညာ’ ထိပ်တွင် နတ်တင်၊
• မြေပြင်ပြန့်ပြော၊ ကျော-ယော-ဆော၊
• ‘ပုံတောင်’ တကြော သစ်ဝါးပေါ၊
• ဂန့်ဂေါလုံချည်၊ ၉ဝ ခုနှစ်က ဝတ်ခဲ့သည်။

• ဂန့်ဂေါနောက်တခေါက်၊ ဘောင်းဘီဝတ်ပြီးရောက်၊
• အနောက်ဘက်ဆက်၊ ချင်းတောင်ကြီးပေါ်တက်၊
• ခြောက်ရက်ခရီးနဲ့၊ တိုင်းပြည်ကြီး၊ အပြီးစွန့်ခွါ၊
• စိတ်သာပြန်ရောက်၊ အင့်း့ သုံးနိုင်ငံလမ်းဖေါက်နေသတဲ့။

ဒေါက်တာတင့်ဆွေ
၆-၅-၂ဝ၁၄ နံနက် ၁ နာရီ၊ ၆ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး