Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ
တယောက်က မေးထားတာ ချက်ချင်းမဖြေအားလို့
အခု မေးခွန်းပြန်ရှာတာ မတွေ့သေးဘူး ဖြေလိုက်ပါမယ်။ Freshly expressed milk ကလေးထားခဲ့ပြီး အလုပ်သွားတဲ့ မိခင်နို့ကနေ
လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့နို့ကို ဘယ်လို ထားသိုမလဲ။
·
အခန်းတွင်း အပူချိန် (66-72°F, 19-22°C) မှာ ၁ဝ နာရီကြာထားနိုင်တယ်။
·
ရေခဲသေတ္ကာထဲမှာ (32-39°F, 0-4°C) ၈ နာရီကြာထားနိုင်တယ်။ ရေခဲသေတ္ကာထဲမှာ နောက်နား ကပ်ထားပါ။
·
အခန်းတွင်းအပူချိန်က နွေးနေရင် 80-90°F / 27-32°C ၃-၎
နာရီအထိ၊
·
အပူချိန် 61-79°F / 16-26°C မှာ ၄-၈ နာရီ (အကောင်းဆုံးက
၃-၄ နာရီ)၊
·
အပူချိန် 59°F / 15°C မှာ ၂၄ နာရီ၊
·
အပူချိန် 32-39°F / 0-4°C မှာ ၃-၈ ရက် (အကောင်းဆုံးက
၃ ရက်)၊
·
ခဲခန်းနဲ့ ရေခဲသေတ္ကာနဲ့တွဲရှိတဲ့ Freezer compartment ခဲခန်းထဲမှာ ၃ ပါတ်ကြာထားနိုင်တယ်။
·
ရေခဲသေတ္ကာနဲ့ တခါးတပေါက်စီရှိတဲ့ Freezer compartment with a separate door ၃-၎
လအထိ။
·
သီးသန့် ခဲသေတ္ကာထဲမှာ Self-contained freezer (0°F, -19°C) (<39°F / <4°C) ၆ လအထိထားနိုင်တယ်။
·
Frozen and thawed ခဲထားပြီးနို့ကို ပြန်ပျော်စေပြီးနောက်
ရေခဲသေတ္ကာထဲမှာ ၂၄ နာရီထားပြီးလဲ
သုံးနိုင်တယ်။
·
Refrigerated milk အေးနေအောင်ထားသိုတဲ့နို့က
Frozen milk ခဲနေအောင်ထားတဲ့နို့ထက် Anti-infective properties ရောဂါပိုးခုခံအား ပိုတယ်။
·
ခဲနေအောင် သိုလှောင်ချင်ရင် နို့ကို အရင်ဆုံးအေးနေအောင်လုပ်ပြီးမှ
ခဲစေပါ။
·
နို့ကို ပျက်စီးအောင်ထားပေမဲ့ အချိန်ကြာလာရင် သတ္ကုနံ့ရမယ်။ ဆပ်ပြာဆန်ဆန်ဖြစ်လာမယ်။ ပျက်စီးသွားတာ
မဟုတ်ပါ။ အထဲက အင်ဇိုင်း တချို့ ဓါတ်ပြောင်းသွားလို့ဖြစ်တယ်။ အဲလိုနို့ကို ကလေးတိုက်နိုင်တယ်။
တကယ်လို့ ကလေးက မသောက်ချင်ဘူးဆိုရင် နို့ကိုနွေးပြီးနောက်မှ အေးတာထဲထည့်သိမ်းပါ။
·
Microwave မိုက်ခရိုဝေ့ဖ် မသုံးပါနဲ့။
·
အပူချိန်မတိုင်းခင် နို့ကို လှုပ်မွှေပေးပါ။
·
နို့ကိုနွှေးရင် ပွက်တဲ့အထိ အပူမပေးပါနဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment