Dress code တောင်းမှာအကွပ် လူမှာအဝတ်

 
လွှတ်တော်က ‘ယူနီဖေါင်း’ သတင်းတွေ ထွက်လာနေတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ‘ယူနီဖေါင်း’ ဝတ်ထားတဲ့ အမတ်တွေက ‘ယူနီဖေါင်း’ မဖြစ်တဲ့အမြင်ကို တင်မယ်တဲ့။ ‘ယူနီဖေါင်း’ ရဲ့ အဓိပ္ပါယ်က ‘သတ်မှတ်ထားတဲ့ဝတ်စုံ’ အပြင် ‘တသမတ်တည်းကျခြင်း’ လို့ပါဆိုလိုတယ်။ သူတို့ကတော့ မပြင်ချင်ဘူးတဲ့။ ဒါ့အပြင် လွှတ်တော်မှာ စစ် ’ယူနီဖေါင်း’ မဝတ်ရသူတွေ ဘယ်လို ‘ယူနီဖေါင်း’ ဝတ်သင့်သလဲဆိုတဲ့မေးခွန်းလဲ ထွက်လာပါသေးတယ်။

ကျွန်တော့်အဖို့တော့ -

·         မင်္ဂလာဆောင်မှာ လက်မှတ်ထိုးတာသာလုပ်လို့ ရှိုးမထုတ်ခဲ့ရပါ၊

·         ဆေးကျောင်းသားလုပ်တော့ ဂျူတီကုတ်က ခေတ်မစားသေးပါ၊

·         ဘွဲ့ယူတာလဲအဝေးရောက်မို့ ဘန်ကောက်ပုဆိုးဝတ်စရာမလိုခဲ့ပါ။

·         ပြည်တွင်းနိုင်ငံရေးအဟောအပြောမှာ ပင်နီချောသာဝတ်ပါသည်၊

·         သူများတိုင်းပြည်တွေသွား ဒီမိုကရေစီစကားပြောရာ ကြောင်လျှာသီးပါမှရပါသည်၊

·         တီဗွီအင်တာဗျူး ရှူးဖိနပ်စီးရသည်။

·         နေပြည်တော်မှာ လွှတ်တော်မဆောက်ရသေးတော့ ၉ဝ မှာ အမတ်ဖြစ်ပေမဲ့လဲ မောင့်ကျက်သရေနဲ့လွဲခဲ့ရပါသည်၊

·         နှစ်ထောင့်ဆယ့်နှစ် အမတ်ထပ်မဖြစ်တာ ခုနစ်တန်းကျောင်းသားဘဝမှာ ပိုးတိုက်ပုံအကျနဲ့ လူလုံးပြခဲ့လို့ ကျိန်းကျေသွားရသည်၊

·         အနေဝေးပေမဲ့ အာဏာရှင်တိုက်ဖျက်ရေးမှာ အလုပ်မနား၊ ခါးတောင်ကြိုက်သူများနဲ့ အတူနေ့ညမဟူ အတူရှိနေပါမည်။

တောင်းမှာအကွပ် လူမှာအဝတ်၊ လွှတ်တော်မှာဘာဝတ်ဝတ် အာဏာရှင်ဝဋ်ဒုက္ခမကျွတ်။

ဒေါက်တာတင့်ဆွေ

၂၅-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး