G 9 နိုင်ငံရေးထိပ်သီး ဆွေးနွေးပွဲကြီး



သတင်း
·         နိုင်ငံရေးနဲ့တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တွေကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတက ဖိတ်ကြားထားတယ်။
·         ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဦးခင်အောင်မြင့်၊ ဒု-သမတနှစ်ယောက်၊ ဒုကာချုပ်၊ ရွေးကော်ဥကဌဦးတင်အေး၊ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ပါတီကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စား ဦးသန်းတင်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စား ဦးဌေးဦး။
·         ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆက်လက်ဖြစ်ထွန်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းမှုငြင်သာစွာဆက်လက်ဖြစ်ထွန်းရေး ၃ ချက်ကိုဆွေးနွေးဖို့တဲ့။

ဝေဖန်ချက်တွေ
·         ‘ကြီးလေးကြီး’ G-4 တွေ့ဘို့ ဒေါ်စုကနေတောင်းဆိုထားခဲ့တယ်။ လူ (၉) ယောက်ပါလို့ ‘ကြီးကိုးကြီး’ G-9 လို့လဲမြင်ကြတယ်။
·         အမေရိကန်သမ္မတ လာဖို့ ရက်ပိုင်းအလိုမှာ ကျင်းပတာဖြစ်တယ်လို့ ထောက်ပြသူရှိတယ်။
·         ရှမ်းနှစ်ပါတီကိုဖိတ်ပြီး ရခိုင်၊ မွန်စတဲ့ပါတီတွေကို ဘာလို့မဖိတ်သလဲ မေးခွန်းထုတ်သူရှိတယ်။ NDF ကို  မဟာမိတ်မို့ဖိတ်တာလား မေးသူရှိတယ်။

သုံးသပ်ချက်
·         ကြီးလေးကြီးဆွေးနွေးပွဲကို တုန့်ပြန်လိုက်တာဖြစ်တယ်။ ကြီးလေးကြီးဆွေးနွေးပွဲ ဖြစ်ထားပြီးသားလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့သုံးသပ်သူရှိတယ်။
·         လူထုအပေါ်မှာမူတည်တယ်၊ လွှတ်တော်ကနေဆုံးဖြတ်မယ်ဆိုတဲ့အပြောဟာ မမှန်တာကို သက်သေပြချက်တခုဖြစ်တယ်။
·         အများမသိအောင်လုပ်တဲ့ ဆွေးနွေးပွဲမျိုးကပိုအရေးပါတယ်။ အာဏာကို ဆက်တိုက် ရယူထားသူတွေချည်းပါတဲ့ ကြိတ်ဝိုင်းက မြန်မာပြည်နိုင်ငံရေးကို ဆုံးဖြတ်ထားပြီးသားဖြစ်လို့ အရေးတကာအရေးမှာ အရေးအကြီးဆုံးဖြစ်တယ်။ အခုဟာက အဲတာကို လိုက်နာစေဘို့ ခေါ်ညိပုံရတယ်။
·         G = Group = Great = Giant = Gun

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး