Friday, October 31, 2014

Blood test သွေးကစကားပြောတယ်




• ကနေ့မနက် ကျွန်တော်တို့နှစ်ယောက် သွေးသွားဖေါက်ရတယ်။ ဇနီးက ဆီးချိုအတွက် ‘ဖတ်စတင်း ရှူးဂါး’၊ ကျွန်တော်က ‘ကိုလက်စထော’ အတွက်။
• မိုးလေးဖွဲဖွဲကျနေပြီး လေလေးဝှေ့လိုက်ရင် အတော်အေးတယ်။
• ဆေးခန်းအသွားမှာ ‘ကက်သလစ် ချာရတီ’ က ကျန်းမာရေးဆိုင်ရာ လိုက်ကူညီရတဲ့ မြန်မာလူမျိုး အမျိုးသမီးက လိုက်ပို့တယ်။ လူမျိုးထည့်ပြောနေရတာ ဒီမှာ မြန်မာ (ဗမာ) ဆိုတာရှားလို့ပါ။ မနေ့က အပို့ရော အကြိုပါလုပ်ပေးသူက မွန်။
• စကားပြန်လိုက်လုပ်ပေးနေတဲ့ ဟာခါးသူကိုတော့ ကာကွယ်ဆေး ထိုးတုံးကတည်းကသိပြီးသား။ ဒီဆေးခန်းမှာ အလုပ်လုပ်နေသူက ဖလမ်းသား။ ဆေးစစ်လာတဲ့ ခူမီးလူမျိုး မိသားတစုတွေ့တယ်။
• သွေးဖေါက်ပြီး အောက်အဆင်းမှာ သနပ်ခါးလိမ်းထားတဲ့ ၄-၅ နှစ်အရွယ် ကလေးမလေးကိုတွေ့တော့ ကျွန်တော့်ဇနီးက အတော်သဘောကျသွားတယ်။ သူ့အမေက မတူပီ။ သူ့သမီး သနပ်ခါးကြိုက်တယ်လို့ ပြောတယ်။ ကလေးအဖေက ကရင်၊ ကျွန်တော်တို့ သားသမီးတွေနဲ့ ဘုန်းကြီးကျောင်းမှာ တွေ့ဘူးတယ်တဲ့။ သူကပဲ ကျွန်တော်တို့ကို သူ့ကားနဲ့ အိမ်ကိုလိုက်ပို့တယ်။ လာကြိုပေးမဲ့ မမော်ဆီကို လှမ်းပြီး ‘မက်ဆေ့ခ်ျ’ ပို့လိုက်တယ်။
• အမေရိကန်ပြည်ထောင်စုမှာ မြန်မာပြည်ထောင်စုသား တယ်များတာပဲ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...