Sense of humor ရီစရာဆိုတိုင်း မရီပါရစေနဲ့

• Humor ရီစရာနဲ့ Satire သရော်တာမတူတဲ့အကြောင်းလေး တခါရေးဘူးတယ်။ ကျွန်တော်စာရေးတာမှာ တခါတခါ ဟာသလေးနှောတာကို Satire သရော်စာလဲမမြောက်ဘူး အဆိုခံရလို့ပါ။
• ရီစရာပြောကြတာ ကောင်းပါတယ်။ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများကြားအောင်၊ ဖတ်နိုင်အောင် ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်တာမျိုးကသာ သင့်မြတ်တယ်။
• စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ဟာသ အများကြီးရှိတယ်။ ကျွန်တော်လဲ ‘ငါကမှ နပိုလီယန်အစစ်’ ဆိုတဲ့ဟာသကို ပြောဘူးပါတယ်။ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်တော့ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုတော့ မပြောတာ ကောင်းတယ်လို့ ယူဆမိလာပါတယ်။ တခြားရောဂါသည်တွေနဲ့ ဆိုင်တာတွေလဲ အတူတူဘဲ။
• နောက်ပြီး ပညာဥာဏ်နည်းသူတွေက မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးလဲ မသင့်ဘူး။
• ကျွန်တော်လဲ အဲလိုပြောမိပါရဲ့။ မြန်မာစကား အနည်းအပါးသာတတ်တဲ့ တိုင်းရင်းသူ ဆရာမလေးတယောက် ရောက်ကာစမှာ ဆီးစစ်တာသင်ပေးတယ်။ ဆီးထဲမှာ အနည်ပါတာကို Urine for Albumin လို့ ဗိုလ်လိုလဲ သင်ပေးတယ်။ ပြီးမှ သေချာအောင်ပြန်မေးပါတယ်။ ‘အေ့း့ အခုစစ်တာဘာလဲ’။ သူဖြေတာက ‘သေး’ တဲ့။
• နောက်ဆရာမအသစ်တွေ ရောက်ပြန်ရင် အဲဒီနမူနာလေးပြောပြတယ်။ ဘယ်ဆရာမက အဲလိုပြောသလဲတော့ ထည့်မပြောပါ။
• စာသင်တဲ့အခါ မပျင်းအောင် ရီစရာပြောတာ နှိမ်ချင်လို့မဟုတ်ဘူးနော်လို့ ပြောပြရပါတယ်။ ‘ဒို့ဆေးကျောင်းသား ဘဝတုံးကလဲ အဲလိုဘဲကွ။ ‘ဆာဂျရီ’ ပါမောက္ခက စာမေးပွဲမှာ ‘Testes ကျားအစိနဲ့ Stone ဆီးကျောက် မှားဖြေတာ့ မဟုတ်လားကွ’ တဲ့။
• Humor ရီစရာနဲ့ Absurdity မတော်မတရားပြောတာ ခွဲပြောသင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး