Rural doctors ဆရာဝန်နှစ်ပါး တောလား


• ခုနေမှာ မင်းရွာလို ဘယ်ရွာပဲသွားသွား၊
• ဆိုင်ကယ်သမားကို ဝင်တိုက်နိုင်၊
• အိမ်ဆိုင်တွေဟာ မြန်မာဘီယာ ကြော်ငြာတွေကပ်၊
• အအေးကပ်တောင်လိုပုံ၊ ကုန်မျိုးစုံဆိုင်တွေလုပ်၊
• တကုပ်ကုပ်ထိုင်နေတဲ့ ဇယ်တောက်ခုံ၊ လူစုံအောင် မြင်ရ၊
• ပြန်လာမှပိုသိ၊ အံ့သြမိမလား၊ ဝမ်းနည်းမိမလား၊ ဆရာသမားရေ။ (ဒေါက်တာကျော်ငွေ)

• ဆရာကျော်ငွေ၊ နေပြည်တော်ပြောင်း၊ အဟောင်းတွေမပြောင်း၊
• တောအခြေပြောင်း၊ တောအနေတွေမကောင်း၊
• နိယာမအပြောင်းမဟုတ်တာ၊ ပယောဂအပြောင်းဟာ၊ စိတ်မကောင်းစရာပေါ့ဗျာ။
• လမ်းတွေကောင်းပြီး၊ ဆိုင်ကယ်တွေ ဖုန်တထောင်းထောင်းနဲ့လို့ သတင်းလဲကြားရ၊
• မကြာခင်က ရွာကိုအလည်ရောက်သူက၊ ရွာဆိုင်းဘုတ်တောင်မှ သူမမြင်ခဲ့ရတဲ့၊
• မရှိတာထဲမှာ ကောင်းတာရှာတွေး၊ ကြံခိုင်ရေးဆိုင်းဘုတ်မရှိတာ၊ စိတ်သက်သာရာရတာပေါ့ဗျာ။

ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄
ဓါတ်ပုံ = မင်းရွာစာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်းသွားလမ်း
ငယ်တုံးက ၄ တန်းမှာ ခဏလေးဒီကျောင်းမှာနေဘူးသေးတယ်။ ဝင်းထရံမရှိသေးဘူး။ တည့်တည့်သွားတာက ဘုန်းကြီးကျောင်း။ ဘယ်ဘက်ကလာတာက ရွာကိုလာရာလမ်း။ ညာဘက်ကရွာထဲဝင်တဲ့လမ်း။ လမ်းအဆုံမှာ ကမ်းကုန်အောင်ဆော့ဘူးတယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး