Widowhood မုဆိုးမ


• အခုတစ်ရက်နှစ်ရက်အတွင်းမှာ မုဆိုးမဖြစ်နေသူတွေကနေ ရေးတာလေးတွေကို သတိထားမိတယ်။ သုံးလေးယောက်ရှိမယ်ထင်တယ်။ သူတို့ရေးတာထဲက မုဆိုးမဘဝလဲပါတယ်။ တခုလတ်တောင် တွေ့မိသလိုပဲ။
• အသိတယောက်ရေးတာရဲ့အောက်မှာတော့ “ကျွန်တော်တို့လဲ သူအရင်လား၊ ကိုယ်အရင်လားဆိုတာ စဉ်းစားမိကြ၊ စကားစပ်မိကြတာ သုံးလေးနှစ်လောက်ရှိပြီ” လို့ ရေးဖြစ်လိုက်သေးတယ်။
• ကျွန်တော်ဇနီးက သူအရင်သာဖြစ်ချင်တယ်လို့ပြောဘူးတာကို ထည့်ရေးရမလား၊ မရေးပဲ ထားရမလားနဲ့ အဲဒီထဲမှာမရေးခဲ့ပဲ အခုသာရေးပါတယ်။
• အိမ်ထောင်သက်ရှည်ကြာပြီး၊ ငယ်လင်ငယ်မယားတွေမှာ အဲလို တယောက်ယောက် ဆုံးပါးတဲ့အခါ ခံစားမှု ကြီးမားကြမယ်။ စာမဖွဲ့ချင်ပါ။ ဥပမာကောင်းတွေလဲ မပေးချင်ပါ။ စာနာစိတ်ထားဘို့နဲ့ လေးစားသမှုပြုဘို့တော့ တိုက်တွန်း အားပေးချင်ပါတယ်။

• သူရဲကောင်းတယောက်ရဲ့ မုဆိုးမဖြစ်ရတာဟာ သူရဲဘောကြောင်သူရဲ့ မိန်းမဖြစ်ရတာထက် သာလွန် ကောင်းမွန်တယ်။ (ဒေါ်လိုရီ အီဗာရုရီ)
• ကျမဟာ ပျော်စရာကောင်းပြီး ပြည့်စုံတဲ့ဘဝတခုထူထောင်ဘို့ကြိုးစားနေမိတာ မှားတာပဲ။ ဘာလို့လဲဆိုတော့ ကျမရဲ့နှလုံးသားက သေဆုံးသွားတဲ့ယောက်ျားရဲ့ရင်ထဲမှာ မြုပ်ထားပြီးခဲ့ပြီမဟုတ်လား။ (ခရစ်စတိန် ဟုပ် မက်ဇိုလာ)

• စိတ်ခံစားမှုဆိုတာ သာယာတာ၊ ကောင်းမြတ်တာတွေကို ရင်ဆိုင်ရတဲ့ခါမျိုးမှာ ခံစားတာမျိုးနဲ့ ဝမ်းနည်းပက်လက်ဖြစ်ရာမှာနဲ့ အချိုးတူခံစားကြရပါတယ်။
• လောကဓံဆိုတာ အဆိုးချည်းသာမဟုတ်ပါ။ ချီးမွမ်းတာ ချမ်းသာတာကို ကြုံရတဲ့အခါ တည်ငြိမ်သူမျိုးဖြစ်ဘို့ ကျင့်ထားသင့်တယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး