U.S. blacklists Myanmar official ahead of Obama visit ခေါင်းမာသူများသတိထား


• မြန်မာပြည်မှာ ထိပ်ပိုင်းတာဝန်ရှိသူပေါင်း (၁၄) ဦးဆွေးနွေးပွဲနဲ့ လာမဲ့နိုဝင်္ဘာ ၁၂-၁၃ မှာ အမေရိကန်သမတ ‘ဘာရက် အိုဘာမား’ မြန်မာပြည်ကိုလာစရာရှိတဲ့သတင်းနောက်ခံအပေါ်မှာ ထိုးထွက်လာတဲ့ စိတ်ဝင်စားစရာ နောက်သတင်းတပုဒ်ကတော့ နာမည်ဆိုးနဲ့ ကြော်ကြားနေတဲ့ ဦးအောင်သောင်းကို အမေရိကန်ပြည်ထောင်စုကနေ နာမည်မဲစာရင်းထဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
• ဦးအေင်သောင်းဟာ အနဖ/နဝတ လက်ထက်ကတည်းက ခေါင်းမာသူအုပ်စုထဲမှာ ထိပ်ကပါနေသူပါ။ ဗခမက သန်းရွှေအလိုကျ လိုက်ပါအကောင်အထည်ဖေါ်နေသူလို့လဲ လူတိုင်းကမြင်ကြပါသေးတယ်။
• ၂ဝဝ၃ မေလ (၃ဝ) ရက် ဒီပဲယင်းအရေးအခင်းမှာ မုံရွာတောင်ဘက် ချင်းတွင်းမြစ်ကူးတံတားထိပ်၊ ချောင်းဦးနားကနေ (နမခ) တိုင်းမှူး၊ ရွှေဘိုခရိုင်တပ်ရင်းမှူးတို့နဲ့အတူ စီမံကွပ်ကဲအမိန့်ပေးခဲ့သူလို့ ဒီပဲယင်းအရေးအခင်းမှာ ကိုယ်တိုင်ကိုယ်ကျခံရ၊ ထောင်ကျရသူတွေက ခိုင်ခိုင်မာမာပြောထားတာ ရှိပါတယ်။
• ဦးအောင်သောင်းသတင်းဟာ စစ်အုပ်စုထဲက ခေါင်းမာသူတွေအတွက် အခက်ပွေစရာရှိပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အရေးအလွန်ကြီးပါတယ်။ စစ်အုပ်စုဘက်ကနေ ပေါ့ပေါ့ တွက်မရပါ။ ရှင်းသင့်တာတွေ ရှင်းရပါလိမ့်မယ်။ ၂ဝ၁၅ မတိုင်ခင် နိုင်ငံရေးအခင်းအကျင်းတွေက သွက်လက်လာတယ်လို့ ပြောနိုင်ပါတယ်။
• သူနဲ့ဆိုင်တဲ့စီးပွါးရေးကုမ္ပဏီတွေကို အမေရိကန်ဘဏ်နဲ့ စီးပွါးရေးလုပ်ငန်းတွေက လုပ်လို့ရတော့မှာ မဟုတ်ပါ။ စီးပွါးရေးဒဏ်ခတ်မှုဖြစ်ပါတယ်။ ‘ဆန်ရှင်’ အလကားလို့ပြောသူတွေနဲ့ အတော်ငြင်းခဲ့ရတာ အခု ဘာပြောကြပါမလဲ။
• ဦးအောင်သောင်းဟာ လက်ရှိတာဝန်အရ ကြံ့ခိုင်ရေးပါတီက အောက်လွှတ်တော်အမတ်ဖြစ်တယ်။ အစိုးရထဲကမဟုတ်ပါ။ သူ့ပါတီနဲ့ သူလိုခေါင်းမာသူတွေအတွက် နိမိတ်မကောင်းပါ။


ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး