Mother's Days အမေနေ့၊ အမေများနေ့၊ အမေနေ့များ

Mother's Day အမေနေ့၊ Mothers’ Day အမေများနေ့တွေကို ကမ္ဘာမှာ မတူတဲ့နေ့တွေမှာ ကျင်းပကြတယ်။ ပြက္ခဒိန်အရ စီစဉ်လိုက်ရင် မြန်မာနိုင်ငံက ပြာသိုလပြည့်နေ့ဖြစ်လို့ ဇန္နဝါရီလထဲမှာမို့ အစဆုံးဖြစ်တယ်။ တောင်ကိုရီးယားကတော့ မေလ ၈ ရက်နေ့ကို ‘မိဘများနေ့’ လို့သတ်မှတ်တယ်။ (ကွဲလွဲချက် အနည်းငယ်ရှိနိုင်ပါတယ်။)

• မြန်မာနိုင်ငံ = ပြာသိုလပြည့်နေ့ဖြစ်လို့ ဇန္နဝါရီလ၊
• နော်ဝေ = ဖေဖေါ်ဝါရီ ဒုတိယတနင်္ဂနွေ = ၈၊ ၉၊ ၁ဝ ရက်၊
• ဂျော်ဂျီယာ = မတ်လ ၃ ရက်၊
• အာဖကန်နစ်စတန်၊ အယ်လဘေးနီးယား၊ ကိုဆိုဗို၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘိုင်လိုရပ်စ်၊ ဘောစနီးယား-ဟက်ဇာဂိုဗီးနား၊ ဘူလ်ဂေးရီးယား၊ ခရိုယေးရှား၊ ကဇာကစ်တန်၊ လာအို၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ရူမေးနီးယား၊ ဆလိုဗေးနီးယား၊ ဆာဗီးယား၊ တာဂျီကစ်တန်၊ ဗီယက်နမ်၊ = မတ်လ ၈ ရက်၊
• အိုင်ယာလန် = မတ်လ ၁ဝ ရက်၊
• နိုက်ဂျီးရီးယား = မတ်လ ၁၅ ရက်၊
• ယူကေ = မတ်လ ၃ဝ ရက်၊
• ဘာရိန်း၊ ကိုမိုရိုးစ်၊ ဂျီဘူတီ၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျာ၊ မောရီတေးနီးယား၊ အိုမန်၊ ကာတာ၊ ဆောဒီ၊ ဆူဒန်၊ ဆီးရီးယား၊ ပါလစ်စတိုင်း၊ ယူအေအီး၊ ယီမင် = မတ်လ ၂၁ ရက်၊
• ဆလိုဘေးနီးယား = မတ်လ ၂၅ ရက်၊
• အာမေးနီးယား = ဧပြီ ၇ ရက်၊
• ဟန်ဂေရီ၊ လစ်သူယေးနီးယား၊ မိုဇမ်ဘစ်၊ ပေါ်တကီ်၊ ရိုမေးနီးယား၊ စပိန် = မေလ ပဌမတနင်္ဂနွေ (၃၊ ၄၊ ၅) ရက်၊
• တောင်ကိုရီးယား (မိဘများနေ့) = မေလ ၈ ရက်၊
• အယ်လ်ဆာဗာဒို၊ ဂွါတီမာလာ၊ မက်ဆီကို၊ = မေလ ၁ဝ ရက်၊
• အင်ဂူလီယာ၊ အင်တီဂူယာ + ဘာဘူဒါ၊ အာရူဘာ၊ သြစတေးလျ၊ သြစတြီးယား၊ ဗဟားမား၊ ဘင်္ဂလားဒက်၊ ဘာဘေးဒိုးစ်၊ ဘယ်လ်ဂျီယမ်၊ ဘီလစ်ဇ်၊ ဘာမျူးဒါး၊ ဘော့စဝါးနား၊ ဘရူနိုင်း၊ ကနေဒါ၊ ကမ်ဘောဒီးယား၊ ချီလီ၊ တရုတ်၊ ကိုလမ်ဘီယာ၊ ကျူးဘား၊ ကူရာကို၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒင်းမတ်၊ ဒိုမီနီကန်၊ အီကွေဒို၊ အက်စတိုးနီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဖင်လန်၊ ဂျာမဏီ၊ ဂါနာ၊ ဂရိ၊ ဂရင်နေဒါ၊ ဂိုင်ယာနာ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင်၊ အိုက်စလန်၊ အိန္ဒိယ၊ အီတလီ၊ ဂျမေကာ၊ ဂျပန်၊ ကာဒစ်စတန်၊ လတ်ဗီးယား၊ လိုက်ဘေးရီးယား၊ လီချန်စတိန်း၊ မကာအို၊ မလေးရှား၊ မော်လတာ၊ နယူးဇီလန်၊ ပါကစ်စတန်၊ ပါပူအာနယူးဂီနိ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွတိုရီကို၊ စိန်ကစ် + နီဗစ်၊ စိန့်လူစီယာ၊ စိန်ဗင်းဆင့် + ဂရင်နေဒိုင်း၊ ဆာမိုအာ၊ စင်္ကာပူ၊ စိန့်မာတင်၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ ဆူရီမန်၊ ဆွစ်ဇာလန်၊ တိုင်ဝမ်၊ တန်ဇန်နီးယား၊ တွန်ဂို၊ ထရီနီဒက် + တိုဘာဂို၊ တူရကီ၊ာူဂန်ဒါ၊ ယူကရိန်၊ ယူအက်စ်၊ ယူရူဂွေး၊ ဗီယက်နမ်၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ = မေလ ဒုတိယ တနင်္ဂနွေ၊ (၁ဝ၊ ၁၁၊ ၁၂) ရက်၊
• ပါရာဂွေး၊ = မေ ၁၅ ရက်၊
• ကဂျစ်စတန်၊ = မေ ၁၉ ရက်၊
• ပိုလန် = မေ ၂၆ ရက်၊
• ဘိုလီဗီးယား = မေ ၂၇ ရက်၊
• အယ်လ်ဂျီးရီယား၊ ဒိုမီနီကန်၊ ပြင်သစ်၊ မဒါဂါးစကား၊ မောရိုကို၊ ဟေတီ၊ မောရေးရှပ်၊ ဆီနီဂေါ၊ ဆွီဒင်၊ ကျနီးရှား၊ = မေလ နောက်ဆုံးတနင်္ဂနွေ (၂၅၊ ၂၆၊ ၃၁) ရက်၊
• နိုက်ကာရာဂွါ = မေ ၃ဝ ရက်၊
• မွန်ဂိုးလီးယား၊ = ဇွန် ၁ ရက်၊
• လူဇင်ဘတ် = ဇွန်လ ဒုတိယတနင်္ဂနွေ (၈၊ ၉၊ ၁၄) ရက်၊
• ကင်ညာ = ဇွန်လ နောက်ဆုံးတနင်္ဂနွေ (၂၈၊ ၂၉၊ ၃ဝ) ရက်၊
• ထိုင်း (ဘုရင်မမွေးနေ့) = သြဂုတ် ၁၂ ရက်၊
• ကော်စကာရီကာ၊ အင်တဝပ် (ဘယ်လဂျီယမ်) = သြဂုတ် ၁၅ ရက်၊
• မာလာဝီ = အောက်တိုဘာ ဒုတိယတနင်္လာနေ့ (၁၂၊ ၁၃၊ ၁၄) ရက်၊
• ဘဲလားရုစ် = အောက်တိုဘာ ၁၄ ရက်၊
• အာဂျင်တီးနား = အောက်တိုဘာ တတိယတနင်္ဂနွေ (၁၈၊ ၁၉၊ ၂ဝ၊ ) ရက်၊
• ရုရှား = နိုဝင်္ဘာ နောက်ဆုံးတနင်္ဂနွေ (၁၄၊ ၂၉၊ ၃ဝ) ရက်၊
• တီမော-လက်ဆေး = နိုဝင်္ဘာ ၃ ရက်၊
• ပနားမား = ဒီဇင်္ဘ ၈ ရက်၊
• အင်ဒိုနီးရှား = ဒီဇင်္ဘာ ၂၂ ရက်၊

မေလထဲမှာ အိန္ဒိယအပါအဝင် ကျင်းပမဲ့ နိုင်ငံတွေကများတယ်။
- “နိုင်ငံရေးထဲဝင်လုပ်လို့ ရောက်ရတဲ့ မိသားစုဒုက္ခတွေကို ဘာတခွန်းမှ ပြောမသွားခဲ့တဲ့ အမေကို ကန်တော့လိုက်ပါတယ်”။
- “အမေတွေ သက်ရှိထင်ရှားရှိကြသူတွေအားလုံး Happy Mother’s Day ကျင်းပနိုင်ကြပါစေ”။

ဒေါက်တာတင့်ဆွေ
၅-၅-၂ဝ၁၄ (မနက် ၂ နာရီ ၁၄ မိနစ်)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး