Modernism ခေတ်မီတယ်ဆိုတာ

“Finger trap online beauty trend လက်ညှိုးတိုင်း အွန်လိုင်း အလှဗေဒ” ရေးတာအောက်မှာ မှတ်ချက်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။

1. တို့ NLD (၉ဝ) အမတ်ကလဲ ဒါတွေ ကျွမ်းသဟ။ ၉ဝ NLD အမတ်တွေကို ခေတ်မမီဘူးပြောတဲ့သူတွေကို တို့ဆရာက ပျင်းတောင်ပျင်းသေးတယ်။ အမှန်ပြောရရင် ကျနော်တော့ မသိဘူး။ ဆရာပြောမှသိတာ။ NLD အမတ်တွေဟာ အနိမ့်ဆုံးအဲလောက် ခေတ်မီတယ်ဆိုတာကိုသိလို့ ၉ဝ တုန်းက NLD ကို ပုံအောခဲ့တာဟာ သိပ်မှန်ကြောင်း သက်သေတခုပဲ။

2. မပြောချင်လို့ ကြည့်နေတာကြာဘီ ဆိုတဲ့ မေခလာသီချင်းစာသားလေး သွားသတိရတယ်ဆရာ။

3. ဆရာရေဟာသပြောတာပါဗျာ။ ဂေါက်ကွင်းထဲက ကယ်ဒီကောင်မလေးရဲ့ စကားကိုပြန်ကြားမိလာပြီ။ သည်ကိုလာတဲ့ ဆရာတွေက အသက်ကြီးလေ နှာဗူးကြီးလေတဲ့။ ဆရာ အသက်ကြီးပြီလားဟင်။ 4. ဗဟုသုတရလို့ ကျေးဇူးပါဆရာ။ ဆရာကခေတ်မီတယ်။

• ကျွန်တော် အသက်အတော်ကြီးပါပြီ။ Facebook မှာ လူတိုင်းရဲ့ About ကိုကြည့်ရင် သိပါတယ်။ ပို့စ်တခုထဲကို ကြည့်ပြီး အကဲဖြတ်တာ မသင့်လို့ထင်ပါတယ်။ ကျွန်တော်က သတင်းစာ၊ အင်တာနက်၊ ရေဒီယို၊ တီဗွီ စတာတွေကနေ နောက်ဆုံးထွက်ထဲက လူတွေ စိတ်ဝင်စားမှာလေးတွေကို ရေးပါတယ်။ ကနေ့မနက် သြစတေးလျနေ NLD လူငယ် တယောက် ပါးစပ်ကိုလက်ညှိုးပိတ်နေတဲ့ပုံတွေ့ရာကနေ မနေ့ကတည်းက The Times of India မှာ ထွက်ခဲ့တဲ့ ဒီသတင်းကို ရေးဖြစ်သွားတာပါ။ အဲလိုပြန်ပြောလို့ တဏှာရာဂကင်းတယ်လို့တော့ မထင်စေချင်ပါ။

• ကျွန်တော့ကို နိုင်ငံရေးနဲ့ဆက်ပြီး မှတ်ချက်ပေးတာလဲတွေ့ရလို့ သဘောကျမိပါတယ်။ ဒီမိုကရေစီမှာ ခေတ်မီရပါမယ်။ အများစုကို နားလည်ရပါမယ်။
• ၁၉၉ဝ တုံးကနဲ့ အခု မတူတာတွေရှိလာတာ တကယ့် အခြေအနေပါ။
• ကျွန်တော်ရေးနေတာကို ဆန်းစစ်ကြည့်ရင် ခေတ်လူတွေကို ရောင်ပြန်ဟပ်နေတာ တွေ့ပါမယ်။
• သူတို့မေးတာတွေကိုဖြေရင်း ကနေ့ခေတ်ကို သိရတယ်။ ကနေ့ ဝေဒနာတွေ၊ ကနေ့ စေတနာတွေ၊ ကနေ့ လိုတာတွေကို သိလာရတယ်။ အဲဒါကို ခေတ်မီတယ်လို့ ဆိုချင်တာပါ။
• မပီကလာပြောတာ၊ မလုံ့တလုံဝတ်စားတာကို ပြောတာမဟုတ်ပါ။ သတ်ပုံမှားရေးတာလဲ ခေတ်မီတယ်လို့ မဆိုလိုပါ။
• နိုင်ငံရေးလုပ်ရင် ခေတ်ကိုသိနေရမယ်။ မီနေရပါမယ်။ အများစုဆိုတာကို စည်းရုံး သိမ်းသွင်း ဆွဲဆောင်နိုင်ရပါမယ်။ မှားနေတာကိုလဲ ပြင်ပေးနိုင်စွမ်းရှိရပါမယ်။
• အဲဒါ “ခေတ်မီတဲ့ ဒီမိုကရေစီ” ပါဘဲဗျာ။


ဒေါက်တာတင့်ဆွေ
၇-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး