Autumn သစ်ရွက်ကြွေ နွေမဟုတ်
·
သစ်ပင်တွေမှာ
အရွက်တွေကဝါ၊
·
အောက်ခြေမှာ
ရွက်ကြွေတွေဟာလဲညိုတိုတို၊
·
မြက်ခင်းစိမ်းစိုစိုမှာ
ခြေကိုဖွနင်း၊
·
ဗူခင်းဘေးမှာက
အဝါရောင်ပန်းလေးတွေ၊
·
ခြောက်နေတဲ့
ကွင်းပြင်မှာက ရိတ်ပြီးစပြောင်းခင်း၊
·
အညာမြင်ကွင်းနဲ့
အလှခြင်းပြိုင် ဘယ်သူ့ကိုအနိုင်ပေးရပါ့၊
·
ငါကလဲ
ဘက်လိုက်တတ်ပါဘိ၊
·
အရှိလဲငါ့ဟာ
အတိတ်လဲငါပိုင်၊ အနာဂတ်ပါဆိုင်ချင်၊
·
လောဘတင်မက
အတ္တကကြီး၊ သံသရာခရီး
ဘယ်တော့ပြီးမလဲ၊
·
မပြီးသေးသမျှ
သဘာဝနဲ့ လောကကိုလှတယ်လို့မြင်၊ အလှဆင်ဘို့ကြိုးစားချင်။ ။
ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၄
Comments
Post a Comment