Posts

Showing posts from October, 2015

Grateful to You ကျေးဇူးတင်လွှာ

Image
မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ် ပင်နီချောရယ်နဲ့ ယောထဘီ ယောထဘီ မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ် အနီရောင်တောရယ်နဲ့ ကချင်လုံခြည် ထီးကိုယ်စီ မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ် အဆိုတော်ချောရယ်နဲ့ မဲပေးကြမည် NLD (ပုလဲ-မင်းတိုင်ပင် မဲဆွယ်စည်းရုံးရေးပွဲကို လာရောက်ဝန်းရံကြတဲ့ အဆိုတော်တွေနဲ့အတူ မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ ယင်းမာပင်၊ ဆားလင်းကြီးစတဲ့ ချင်းတွင်းသားများအားလုံးကို ကျေးဇူးတင်လျက်) ဒေါက်တာတင့်ဆွေ ၁-၁၁-၂ဝ၁၅

English ဘာသာစာပေစောင့်ဥပဒေ ပေါ်ပါစေ

Image
မိခင်စကားမဟုတ်တဲ့ အင်္ဂလိပ်စာအကြောင်းလေး ရေးပါရစေ။ ပြည်ပထွက်နေရတွေ သန်းဂဏန်းမနည်းပါ။ ဘာသာစကားအခက်အခဲတွေရှိကြတယ်။ အိန္ဒိယမှာနေရတုံးက မေးလာတဲ့သူရှိတိုင်း အကြံပေးရပါတယ်။ ဗြိတိသျှ-အင်္ဂလိပ်ဖြစ်ဖြစ် အမေရိကန်-အင်္ဂလိပ်ဖြစ်ဖြစ် အစစ်ကိုသာယူဘို့၊ အိန္ဒိယ-အင်္ဂလိပ်နဲ့ မြန်မာ-အင်္ဂလိပ်တွေကိုမယူဘို့။ ယူအက်စ်အေရောက်ပြန်တော့ အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ မြန်မာဘာသာပြန်ဆရာလုပ်ရတာမို့ အကြံပေးစရာတွေ ပိုရှိလာတယ်။ ကျွန်တော်တို့နိုင်ငံသားတွေမှာ အင်္ဂလိပ်လိုစစ်စစ်တတ်ဘို့မှာ ဘာတွေကအတားအဆီးဖြစ်နေသလည်း။ ကျွန်တော်က အင်္ဂလိပ်စာတော်သူမဟုတ်ပါ။ ပညာရေးဘာသာရပ်ကို လေ့လာထားသူလည်းမဟုတ်ပါ။ ကျွန်တော် မြင်တာက မြန်မာပြည်မှာ အင်္ဂလိပ်စာသင်နည်းနဲ့ နမူနာယူစရာအင်္ဂလိပ်လိုရေးတာတွေမှာ လိုနေတယ်ထင်ပါတယ်။ တို့တိတို့တိ နမူနာလေးတွေသာရေးပါမယ်။ Myanmar ကို ဘယ်သူမှ မှန်အောင်မထွက်နိုင်ကြပါ။ My နဲ့ စတဲ့စာလုံးမို့ (မိုင်) သံနဲ့ (မိုင်ယန်မာ) လို့ဘဲ ထွက်တာတယ်။ Kyi ကိုလည်း မှန်အောင်မထွက်တတ်ကြပါ။ အိန္ဒိယ-အင်္ဂလိပ်မှာ R သံကို ပီပီသသထွက်တယ်။ Doctor ဆိုရင် (ဒေါက်တားရ်) လို့ ထွက်ကြတယ်။ အိန္ဒိယနေတဲ့ ရွှေမြန်မာတွေအတော်များများလဲ အင်္ဂလိပ်စကားထဲမှာ မဆလာနံ့ပါနေတာကို တခြားလူေ

EU doctor suspended from UK work for poor English test

Image
အီးယူဆရာဝန် အင်္ဂလိပ်စာအားနည်းလို့ တာဝန်ကဖယ်ရှား (သို့) မြန်ဂလိပ် ဆိုတာ လိပ်နဲ့တူတယ် အီတလီလူမျိုးဆရာဝန်တဦးကို ယူကေနိုင်ငံမှာ အင်္ဂလိပ်စာစစ်ဆေးမှုလုပ်တော့ကျလို့ အဲလိုလုပ်လိုက်တာပါ။ Dr Alessandro Teppa (ဒေါက်တာ အယ်လက်ဆန်ဒရို တက်ပါး) ဟာ ယူကေမှာ ၂ဝ၁၄ တုံးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ အဲလို လိုင်စင်သိမ်းခံရတဲ့ ပဌမဆုံးအီးယူကဆရာဝန်ဖြစ်လာတာပါ။ စာမေးပွဲတွေစစ်ပြီးမှ အဲလိုဆုံးဖြတ်လိုက်တာပါ။ သူကအီတလီကတည်းက အင်္ဂလိပ်စာသင်တန်းတွေယူလာခဲ့ပါတယ်။ ပိုလန်ဆရာဝန် Dr Tomasz Fryzlewicz ဒေါက်တာ (တောမတ်ဇ် ဖရီဇွဲလ်ဝဇ်) လည်း ယူကေမှာ ၉ နှစ်လာဆေးကုဘို့ လိုင်စင်ရထားသူဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း အင်္ဂလိပစာစာမေးပွဲ ၃ ကြိမ်ကျထားပြီဖြစ်ပါတယ်။ ဥပးအရ ၁၂ လ အတွင်းမှာ အင်္ဂလိပ်စာစာမေးပွဲအောင်ရပါမယ်။ ကျွန်တော့်မှတ်ချက် ပြောဆိုတဲ့စကားဆိုတာ အလွန်အရေးကြီးပါတယ်။ အင်္ဂလိပ်လူနာပြောတာကို ဆရာဝန်ကနားမလည်ရင် အသက်ကိုပါ စေသေနိုင်တယ်။ မြန်မာစကားလည်း အတူတူပဲ။ မြန်မာစကားကို မြန်မာလို ကျကျနန မှန်မှန်ကန်ကန်မပြောတဲ့ အရာထမ်း အမှုထမ်းတွေရှိတယ်။ လုပ်ငန်းခွင်မှာ ခက်ခဲတတ်ကြတယ်။ သည်အထိတော့ နားလည်မှုပေးတာ လက်တွေ့ကျပါတယ်။ စကားနဲ့ဆက်သွယ်ရေးလုပ်တဲ့ ဗမာမီဒီယာမ

TB joins HIV as most deadly infection

Image
(တီဘီ) ရောဂါဟာ HIV လိုပဲ သေစေလောက်တဲ့ကူးစက်ရောဂါဖြစ်တယ် ၂၈-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ HIV ကြောင့် လူ ၁့၂ သန်း၊ TB ကြောင့် လူ ၁့၁ သန်း ၂ဝ၁၄ နှစ်တုံးက သေဆုံးခဲ့ရလို့ အဲလိုရောဂါနှစ်ခုကိုယှသ်ပြောရတာဖြစ်ပါတယ်။ WHO အဆိုအရ TB ရောဂါဟာ ကုသလို့ပျောက်ကင်းနိုင်တဲ့ ကူးစက်ရောဂါဖြစ်လို့ ဒီကိန်းဂဏန်းဟာ မဖြစ်မသင့်ပါတဲ့။ WHO ရဲ့ Global Tuberculosis Report 2015 အရတော့ TB ကြောင့်သေဆုံးရမှုဟာ ၁၉၉ဝ ကနေတွက်ရင် တဝက်သာ ရှိတော့ပါတယ်။ ၂ဝဝဝ ကနေဆိုရင် ကူးစက်မှုနှုန်းကလည်း ၁့၅% ကျဆင်းပါတယ်။ HIV/AISA ကြောင့် သေဆုံးရမှုကလည်း ကျဆင်းလာပါတယ်။ TB အဖြစ်အများဆုံးက တရုပ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာဖြစ်ပါတယ်။ အတြာတွေက လူဦးရေလည်းများတဲ့တိုင်းပြည်တွေဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်တုံးက TB ကြောင့် လူပေါင်း ၁့၅ သန်းသေဆုံးခဲ့ရတယ်။ အဲဒီထဲမှာ AIDS ပါတွဲရှိနေလို့ AIDS စာရင်းထဲမှာ ပါနေပါတယ်။ TB မှာ ဆေးယဉ်တီဘီဖြစ်လာတာက ပိုပြီးခက်ခဲစေပါတယ်။ တီဘီ လူနာသစ် ၁ဝဝ တွေ့တိုင်း ၃ ယောက်က ဆေးယဉ်နေကြတယ်။ WHO ရဲ့ TB မဟာဗျူဟာက နောက်နှစ်မှာကုန်ဆုံးဘို့ရှိပါတယ်။ ၂ဝ၃ဝ ရောက်ရင် TB ကြောင့်သေတာကို ၉ဝ% လျှော့စေမယ်

Indelible ink ရာသက်ပန်ဖျက်မရတဲ့မင်

Image
မဲစာရင်းထဲမှာ လူအပိုတွေပါနေတယ်။ တကယ်နေထိုင်သူထက် မဲစာရင်းထဲကလူစာရင်းဟာ နမူနာနည်းနည်းသာ သိရတယ်။ မန္တလေးမဟာအောင်မြေမှာ ၂၅% ကနေ ၆၈% ပိုနေ။ နေပြည်တော်ကောင်စီမှာ ၆ သောင်းပိုနေ။ တောင်ဥက္ကလာမှာ ၉ သောင်းပိုနေတယ်။ အဲလိုပိုတာတွေက လက်ရှိအစိုးရထဲမှာ ပါနေသူတွေ အရွေးခံကြမယ့်နယ်တွေ ဖြစ်နေတယ်။ ကြိုတင်မဲထည့်ရမယ့်မဲပုံးတွေမှာ ချိတ်ပိတ်ထားတာကမသေချာတာတွေ့ရတယ်။ ကော်မရှင်က တိုင်တန်းတာတွေကို အရောင်ဆောင်လုပ်ပြလို့၊ အမှားကြီးတွေနဲ့ ရွေးကောက်ပွဲဆက်သွားပါတော့မယ်။ ၁၉၉ဝ တုံးက NLD ပါတီရဲ့ အမှတ်အသား ခွပ်ဒေါင်းကိုသုံးမဖြစ်အောင်၊ ပါတီအမှတ်အသားမှာ အကောင်တွေမပါရလို့ ဥပဒေထုတ်ခဲ့တယ်။ ၂ဝ၁၅ မှာ သူတို့အကောင်ကပိုကြီးတယ်။ ၂ဝ၁၅ မှာ NLD ရဲ့ ကြယ်ဖြူကို အဖြူမထင်အောင် မဲစာရွက်စက္ကူကို အဖြူမသုံးပါ။ မဲတကယ်ပေးတဲ့သူတိုင်းရဲ့ လက်သန်းမှာ Indelible ink တော်တော်နဲ့ဖျက်မရတဲ့မင်တို့ပေးမယ်။ ရွေးကောက်ပွဲအတွက် ကုန်တဲ့စက္ကူတန်ဖိုးနဲ့ မင်တန်ဖိုး အချိုးမကျပါ။ စက္ကူတရွက် မင်တစက် အမဲဖျက်မယ့်ရွေးကောက်ပွဲဖြစ်တယ်။ ကော်မရှင်မျက်နှာမှာ ရာသတ်ပန်ဖျက်မရတဲ့မင်ကို ကိုယ်တိုင်သုတ်နေတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၅

Fertomid မျိုးဥကျွေဆေး

Image
၁။ သမီးနာမည့့် ပါ။ ပဲခူးတိုင့်း့ မြို့မှာနေပါတယ်။ အိမ်ထောင်သက်က တစ်နှစ်နဲ နှစ်လခွဲပါဆရာ။ အသက်က ၃၈ နှစ်ပါ။ ဆရာရှင့် ကျမအသက် ၃ဝ ပါ။ ရန်ကုန်ကပါဆရာ။ အိမ်ထောင်သက်က ၈ လရှိပါပြီ။ ကလေးလိုချင်လို့ ဒီလရာသီလာပြီး ၃ ရက်မြောက်နေ့မှာ ဒီဆေး Provula ၅ ရက်ဆက်တိုက်သောက်ထားပါတယ်။ ကျမသိချင်တာက မျိုးဥကြွေတဲ့ရက် မတွက်တတ်လို့ပါ။ OG နဲ့ပြပြီးသောက်တာပါ။ ပြန်ပြရမဲ့ရက်မှာ OG ကဆေးခန်းမထိုင်ဖြစ်လို့မပြခဲ့ရလို့ပါ။ သတ်ပုံတွေပြင်လိုက်တယ်။ (ပီး) မဟုတ်၊ (ပြီး) ဖြစ်တယ်။ (တက်) မဟုတ် (တတ်) ဖြစ်ပါတယ်။ Provula ဆေးဟာ Clomifene ဆေးဖြစ်တယ်။ မျိုးဥထွက်စေမယ်။ Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာ ပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင်လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene နာမည်တွေနဲ့ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။ အမျိုးသမီးတွေမျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးတဲ့ Clomifene (Clomid, Fertomid) 50 mg တလုံးကို ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မ

ocial Media မီဒီယာမဟုတ်တဲ့ သတင်းဆရာ

Image
ကျွန်တော့်ပို့စ်တခု =  အန်ကယ်ရေ ... သမီး သျှီပါ ... ဒီနေ့ ပုလဲမှာ သွားဖျော်ဖြေခဲ့ပါတယ် ... ကွန်မင့်တခု = Tun Tun Naing လမ်းမှာဖွတ်တွေကနှောက်ယှက်သေးတယ်ဆိုဆရာရေအတည်ပြုပေးပါဦးခင်ဗျ ရီပလိုင်းတခု = Tint Swe ဆရာ ရေးထားပြီးပါပြီ။ ကွန်မင့်တခု = Tun Tun Naing ဟုတ်ဆရာ ကျတော်ခုမှလိုင်းပေါ်တက်လာလို့ပါဖတ်လိုက်ပါဦးမယ် ကျေးဇူးပါဆရာ ပုလဲ၊ မုံရွာ၊ ပေတရာပေါ်ကသတင်း ကျွန်တော့်ဆီ ချက်ချင်းရောက်တယ်။ (ကြွားတာ) တခါတခါ မလုပ်သေးတာ ပေါက်ထွက်လာကိုပါရတတ်တယ်။ (ပိုကြွားတာ) တခါတခါ ပြောမကောင်းလို့ မပြောတာလည်းရှိသေးတယ်။ (အကြွားဆုံး) အနာဂတ်ကိုလည်း အကဲဖြတ်မညံ့ပါ။ တကယ်ပြောတာ။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၅

Hello November ဟယ်လို နိုဝင်္ဘာ

Image
ဖေ့စ်ဘွတ်ကနေ Happy Halloween ဆိုပြီး နှုတ်ခွန်းဆက်တယ်။ Halloween (Hallowe'en) ဟယ်လိုးဝင်းဆိုတာ အနောက်နိုင်ငံတွေမှာ ကျင်းပတဲ့ နှစ်စဉ်ပွဲတခုဖြစ်တယ်။ All Hallows' Eve ခရစ်ယန်အယူအဆ အဖိတ်နေ့ ဖြစ်တယ်။ လွယ်လွယ်ပြောရရင် သရဲပွဲ။ အောက်တိုဘာ (၃၁) ရက်နေ့မှာ ကလေးတွေ ပျော်စရာလုပ်ကြတဲ့ပွဲ ဖြစ်တယ်။ သူရဲလိုကြောက်စရာကောင်းတဲ့ အဝတ်အစား အသုံးအဆောင်တွေဝတ်ပြီး ခြောက်လှန့်ကြပါတယ်။ တချို့က ၃ ရက်ကြာ လုပ်တယ်။ မြန်မာပြည်မှာတော့ အောက်တိုဘာကုန်လို့ နိုဝင်္ဘာလထဲဝင်တာနဲ့ ရာသီဥတုသာယာ ခြေခင်းလက်ခင်းလည်း သာလှတယ်။ ကျွန်တော်တို့ ဆေးကျောင်းစတက်ရတာ၊ ၁၉၆၅ နိုဝင်္ဘာလဆန်းတစ်ရက်နေ့ဆိုတာ မမေ့ပါ။ ၇ နှစ်ကြာ စာသင်အပြီးမှာ ဟောက်ဆာဂျင်ခေါ်တဲ့ အလုပ်သင်ဆရာဝန်လုပ်ရတာလည်း ၁၉၇၂ နိုဝင်္ဘာလထဲမှာပဲ။ ဆေးမန်းက သူငယ်ချင်းတမြုံ မေမြို့စစ်ဆးရုံမှာတာဝန်ပေးခံကြရတယ်။ မေမြို့ဆိုတာက နွေမှာတောင်အေးလို့ နိုဝင်္ဘာဘာလဆိုတော့ မန္တလေးသားများ ချမ်းသလားမမေးနဲ့။ ကျွန်တော်တို့အကုန် စစ်ဆေးရုံထဲက အိုဟောင်းနေတဲ့ တိုက်တလုံးမှာ စုရုံးနေကြရတယ်။ ရေချိုးခန်းမှာ အပူပေးစရာက ပျက်နေတော့ ရေချိုးဘို့ဆိုတာ စစ်ဆေးရုံထဲမှာ အရပ်သားဆရာဝန်တွေကြား တပင်ရွှေထီး စစ်သားစုဆောင်း

Bedtime Poem ကလေးချော့ လင်္ကာ

Image
Alinka Monywa ဆရာအခု မဲပြားမှာ ကြယ်ဖြူက ကြယ်ဝါဖြစ်နေပြီတဲ့ဆရာ အဲဒီအကြောင်း လူထုသိအောင် ပြောကြားပေးပါဦး။ ဟုတ့့် မနေ့ညကတွေ့လိုက်တယ်။ ကလေးချော့ လင်္ကာ - မိုးပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ - သာတဲ့ခါ သာပါလိမ့် နတ်ဒေဝါ သူဖန်ဆင်း ဖိုးရွှေလမင်း လူကြီးဆော့ မာယာ - ကြယ်အဝါ ထုံးဖြူသုတ် အကြံယုတ်ပါလို့ မဲပြားမှာ - ဝါတဲ့ခါဝါပါလိမ့် ကော်မရှင် သူဖန်ဆင်း အာဏာရှင်ဘယ်လိုငြင်း မှတ်ချက်။ ရွေးကောက်ပွဲကော်မရှင် အသုံးစရိတ် (၆၈) ဘီလီယန်ကျော်သည် ဆေးအဖြူဝယ်ယူရန်လောက်ငခြင်းမရှိ။ စက္ကူအဝါသုံးထားခြင်းကို သည်းခံပါရန်။ ဒေါက်တာတင့်ဆွေ ၃၁-၁ဝ-၂ဝ၁၅

အန်ကယ်ရေ ...

Image
သမီး သျှီပါ ...  ဒီနေ့ ပုလဲမှာ သွားဖျော်ဖြေခဲ့ပါတယ် ... လမ်းခရီးမှာ တဖက်အသင်းက ကားတွေ ရုတ်တရက် လှည့်ပြီး ပုလဲကို မှောင်မှရောက်ပေမယ့် ... လူထုက စောင့်နေတော့ အင်မတန်ဝမ်းသာခဲ့ရပါတယ် ... ပုလဲသားတွေ တကယ်သွေးရဲပါတယ် ... အန်ကယ့်ကို သိစေချင်လို့ပါ ...                                     သမီးသျှီ Thiri Thu Than Tha Win added 8 new photos. မျက်စိတဆုံး ပုလဲမြို့ ၂၁မြို့မြောက် Tint Swe Thank you very much! Anegga Follow · 12 hrs near Yinmabin, Myanmar · ပုလဲမြို့က သွားခဲ့တဲ့မြို့တွေထဲမှာ စံချိန်တင်ပဲ ... ညမိုးချုပ်တဲ့အထိ လူသိန်းချီပဲ ... သူတို့ရဲ့ မာန်နဲ့ဟစ်ချီတဲ့ အသံတွေက သွေးပျက်လောက်စေတယ် ... ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ပုလဲက ပြည်သူပြည်သားတွေ ထောက်ခံအားပေးလိုက်တာပဲ "မြန်မာပြည်က ရဲရဲတောက် စိတ်ဓါတ်ကို ကြည့်ချင်ရင် ပုလဲကိုကြည့်" #VoteNLD #iVoteNLD #WeVoteNLD ချင်းတွင်းဒေသကို တပင်တပမ်းလာရောက်ဖျော်ဖြေကြတဲ့ အနုပညာရှင်အားလုံး (အားလုံး) ကို အများကြီးကျေးဇူတင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅

Sweep vote အမှိုက်သိမ်းရေး မဲပေးပါ

Image
တံမြက်စည်းလှည်းတဲ့ပညာကို ငယ်လေးကတည်းက ပညာယူခဲ့ရပါတယ်။ အဖေကသင်ပေးတယ်။ ဦးကြီးဦးလေးတွေက သင်ပေးတယ်။ ဇာတိမင်းရွာမှာက အုန်းပင်ပေါလို့ အုန်းတံမြက်စည်းထွက်တယ်။ ငါးနှစ်သားကတည်းက မိသားတစုလုံး မုံရွာကိုပြောင်းနေတော့လည်း လူကြုံလာတိုင်းပါလာကြလို့ အုန်းတံမြက်စည်းဟာ အိမ်မှာပြတ်လပ်နေတယ်လို့ မရှိပါ။ အဲလိုတံမြက်စည်းမျိုးကို တသက်လုံးသုံးခဲ့ရပြီး မြန်မာပြည်ကနေ ထွက်နေရတဲ့နောက် ဘယ်တိုင်းပြည်ရောက်ရောက် ပြန်မတွေ့တော့ပါ။ နောက်ပေါ်တံမြက်လှည်းစရာတွေကို ငယ်တုံးကသုံးတဲ့ အုန်းတံမြက်စည်းလောက် မကြိုက်ပါ။ တံမြက်စည်းအသစ်မှာ အုန်းလက်တံလေးတွေက ဖြောင့်စင်းနေတယ်။ တဖြေးဖြေးနဲ့ တဖက်သပ်ယိုင်စောင်းလာတယ်။ အစောင်းနှစ်ဖက်ကို အမှိုက်ကိုလှည်းတဲ့အခါ အသုံးပြုရတာ မတူပါ။ အကြိုအကြားကအမှိုက်ကို ခြူယူတဲ့အခါ အချွန်ပိုင်းလေးနဲ့ယူမှရတယ်။ တံမြက်စည်းကို ပက်လက်ထားပြီး အမှိုက်လှည်းမိရင် အဆူခံရတယ်။ အမှိုက်ပါမလာပဲ ဖုန်ပဲထတယ်။ အမှိုက်မလှည်းခင် ရေလေးနည်းနည်းဖြန်းနိုင်ရင် ဖုန်မထပါ။ အမှိုက်ကို ဘယ်နေရာမှစုထားမလည်း။ အလှမ်းကျယ်ရာမှာ အမှိုက်လှည်းရရင် ဟိုနေရာမှာတပုံ၊ သည်နေရာမှာတပုံ လုပ်ရတယ်။ အမှိုက်ကို မြေနိမ့်ရာမှာပုံမှသာ ကြာတော့ မြေသားပါညီလာတယ်။ အိမ်ပြ

Can Burma Save Buddhism From the Politicians?

Image
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံရေးသမားတွေလက်ကနေ ကယ်တင်နိုင်မလား ၃ဝ-၁ဝ-၂ဝ၁၅ နေ့ထုတ် နာမည်ကြီး နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းမှာ Christian Caryl (ခရစ်ရှန် ကရိုင်းလ်) ရေးတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အစိုးရနဲ့ အစွန်းရောက်ဗုဒ္ဂဘာသာဘုန်းတော်ကြီးတွေရဲ့ မြင့်မြတ်မှုကင်းလှတဲ့ မဟာမိတ်ပြုမှုကနေ ဒီမိုကရေစီ ပြောင်းလဲရေးကို လမ်းကြောင်းပြောင်းစေနေပါတယ်။ နိုဝင်္ဘာ (၈) ရက်နေမှာ မြန်မာနိုင်ငံသားတွေ လွှတ်တော်သစ်အတွက် မဲပေးကြပါတော့မယ်။ အဲတာဟာ ပြီးခဲ့တဲ့ ၄ နှစ်က တံခါးဖွင့်ပေးလိုက်တဲ့တိုင်းပြည်မှာ ပဌမဆုံးအထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ နှိုင်းရဒီမိုကရေစီအတွက် ပြောရရင် ၂၅ နှစ်အတွင်းမှာ ပဌမအကြိမ်သာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြင်ဆင်မှုတွေက ကျောက်တုံးသာခင်းထားတဲ့ လမ်းပေါ်သွားလာရသလိုပါပဲ။ နိုင်လိုမင်းထက်ပြုမှုတွေ၊ ကြိုးကြားအကြမ်းဖက်မှုတွေ၊ မဲစာရင်းမှားယွင်းမှုတွေ၊ မသမာမှုတွေနဲ့ တခြားအားနည်းချက်တွေကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သတိပေးနေကြပါတယ်။ အာဏာပိုင်တွေက ကြိုးစားဖြေရှင်းပါတယ်ဆိုပေမယ့် ပိုပြီးကျယ်ပြန့်တဲ့ ပြဿနာတွေရှိပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ဝန်းကျင်ဟာ အတိုက်အခံတွေကို နှိပ်ကွပ်ထားချိန်မှာဖြစ်တယ်။ မဲပေးစည်းမျဉ်းတေ

Down syndrome ဒေါင်းန်-ဆင်ဒရုမ်း

Image
(ဒေါင်းန်-ဆင်ဒရုမ်း) ကို ၁၈၆၂ ခုနှစ်တုံးက အင်္ဂလိပ်ဆရာဝန် John Langdon Down ကနေ စသိခဲ့တာမို့ ဂုဏ်ပြုပြီး၊ ဒီနာမယ် ပေးတာပါ။ (ခရိုမိုဇုန်း) နံပါတ် ၂၁ မှာ ပြဿနာ ဖြစ်တာလို့ သိလာရတယ်။ (၁) ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်၊ (၂) ရုပ်ပိုင်း-တည်ဆောက်မှုနဲ့ (၃) မျက်နှာ-အသွင်တို့မှာ ကွဲလွဲနေလိမ့်တယ်။ ဗိုက်ထဲမှာ ရှိကတည်းက ရေမြွှာရည်ကို စစ်ဆေးတာ Amniocentesis ရေမြွာရည်စစ်နည်းနဲ့ သိခဲ့နိုင်တယ်။ သိရင် တချို့နိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ပြုတယ်။ ရောဂါနဲ့မွေးလာတဲ့ ကလေးတွေမှာ Cognitive ability ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်ဟာ သိပ်မဆိုးသူနဲ့ ပိုဆိုးသူ ရှိတယ်။ တယောက်နဲ့ တယောက် မတူဘူး။ ဥာဏ်ရည်ကို နဲ့ IQ တိုင်းရင် အများအားဖြင့် ဒီကလေးမျိုးတွေက ၃၅-၅ဝ-၇ဝ သာရှိကြတယ်။ Mosaic Down syndrome ကလေးဆိုရင် Chromosome #21 မှာ အပိုတခု ပါနေလို့ ပေါင်း ၄၇ ခု ရှိနေမယ်။ သူတို့က ဥာဏ်ရည်သာတယ်။ IQ ၁ဝ-၃ဝ ပိုမယ်။ ကလေးအကောင်းက ၁ဝဝ ပါ။ ကလေးကို မြင်တာနဲ့ သိနိုင်တယ်။ မေးရိုး သေးပြီး မျက်နှာဝိုင်းကြတယ်။ လည်ပင်း တိုတယ်။ လျှာထွက်နေတာ များတယ်။ မျက်လုံးကလည်း မက်မွန်သီးအစေ့လိုနဲ့ ခပ်စောင်းစောင်းနေတယ်။ မျက်ဝ

Night supper ညလည်စာ

Image
မင်းတိုင်ပင်ပွဲမှာ နေ့စားမပါတာ ဟုတ်မယ်။ ဒန်ပေါက်လည်း မကျွေးဘူးပေါ့။ မုံရွာကလာကြတဲ့ ဆရာ့တူတွေကတော့ မင်းတိုင်ပင်က သူတို့အမအိမ်မှာ ထမင်းစားကြတယ်။ နေ့တွက်ကို မိဘတွေဆီက တောင်းလာကြတယ်။ မင်းတိုင်ပင်တရွာလုံးလည်း ဧည့်သည်မကျွေးရတဲ့အိမ် မရှိလောက်ဘူးထင်တယ်။ ဆရာလာရင်လည်း ဟိုအိမ်သည်အိမ် လှည့်စားအုံးမှာ။ ဆရာမထွက်ခင်က နောက်ဆုံး ညလည်စာ မင်းတိုင်ပင်မှာ စားခဲ့တယ်။ အဒေါ်က အကြော်စုံနဲ့ ရေနွေးနဲ့ ကျွေးတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅ Photo of Yoon Lay

Red Ground ကင်းဝန်ရဲ့ရွာမှာ

Image
ပို့စ်တခု = Alinka Monywa ကင်းဝန်မင်းကြီးနယ်မြေက မင်းတို့မုံရွာအားပေးတာ ပျင်းတောင် ပျင်းသေးတယ်တဲ့ဗျာ။ ခန့်မှန်းခြေ မုံရွာလူထုထက် ၅ ဆ ပိုလောက်တယ်။ အဲတာက မုံရွာသူကပြောတာ။ ကျွန်တော်ရေးရင် ဘက်လိုက်တာ လူသိသွားမယ်။ နောက်တယောက် ပုလဲသား။ သူကတော့ ကျွန်တော့်လို မကြွားအား။ ဆရာ့ ဆရာပို့စ်တင်ပေးတာ စွမ်းတယ်ဆရာ။ မဟာဒုတ် ဆရာလုပ်လိုက်လို့ ဒီကနေ့ စတိတ်ကို နှောက်ယှက်ပြန်ပြီ။ လေးမြို့နယ် ငွေပေးလူငှါးတွေ၊ ကားငှါးတွေနဲ့ အလှပြယာဉ်တန်းနဲ့ ကျနော်တို့နဲ့ တနေ့ထဲချိန်ပြီး လက်တောင်းကြီး မြောက်ဖက်ကနေ ကန့်ဒေါင့်အထိ ယာဉ်တန်းနဲ့ နှောက်ယှက်တယ်ဆရာ။ လူထုကသည်းခံပြီး၊ ထီးမိုးပြီး၊ မိုးကိုအန်တုပြီး၊ အားပေးတယ်ဆရာ။ ဒီပို့စ်လဲ တင်ပေးပါအုံးဆရာ။ သည်းခံခြင်းအကျိုး၊ မိုးကိုတောင် အန်တုရဲတဲ့ ဇွဲနပဲ၊ ကဲ့ ကင်းဝန်မင်းကြီးဆီကို ထဘီပို့ချင်တဲ့ စုဘုရားလတ် ဘာတတ်နိုင်သေးလည်း။ ကင်းဝန်သွေးမည်သည် နီစရာရှိမှ နီပြတယ်။ ကင်းဝန်မြေမှာ အောင်မြေနင်းနေကြတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅

Eligible voter list မြင့်မိုရ်တောင်ထိပ်တက်ကြပါ

Image
ပရိတ်သတ်က တအားများ၊ ငါမသွားလိုက်ရပါလားပြောတဲ့ကပြောတယ်။ ငါသွားရင် နေရာမှရပါမလားလို့ ထင်အုံးမယ်။ နတ်သက်တမ်းကလည်းရှည်၊ နတ်ပြည်မှာ နတ်ဦးရေတိုးလာရင် ကြာတော့ မြင့်မိုရ်တောင်ထိပ်မှာ နေရာဆန့်ပါမလားလို့ ခပ်ကပ်ကပ်မေးတော့ သစ်သားတချောင်းထဲ သံချောင်းကို တူနဲ့ရိုက်သွင်းပြလိုက်တယ်။ နတ်ပြည်မှာ နတ်ဦးရေတိုးတာက ကောင်းမှုပြုတဲ့သူတွေသာဖြစ်တယ်။ ကော်မရှင်မဲစာရင်းမှာ မဲပေးနိုင်သူဆိုပြီးတိုးတာက ပြောင်းပြန်ယူသော်ရ၏။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅ Photo of Monywa NLD election campaign

The Answer စစ်ကိုင်းတိုင်းက အဖြေပြ

Image
မုံရွာ၊ မင်းတိုင်ပင်ကလူတွေကိုကြည့်ပြီး ပြောကြတယ်။ မဲပေးနေစရာလိုသေးလားတဲ့။ ၁၉၈၈ တုံးကတော့ လူထုက တပါတီကြိုက်သလား၊ ပါတီစုံကြိုက်သလားဆိုတာ ဗိုလ်နေဝင်းကနေ ဦးတင်အောင်ဟိန်းကို စုံးစမ်းဘို့ တာဝန်ပေးတယ်။ လူတွေက တခွန်းတည်းပြန်ပြောကြတယ်။ ကိုယ်ဝန်ဆောင်မြင်နေမှတော့ အပျိုလားလို့ ဘာလို့ အမေးခိုင်းနေတာလည်း တဲ့။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅

Thanks to Commission က ကော်မရှင် ကျေးဇူးတင်

Image
ကျွန်တော့်ပို့စ်တခု = I really love to vote လူကြည့်ပြီး မဲပေးတယ် Linn Linn ဆရာမဲပေးခွင့်ရလား ティンティン ウ ဆရာက မဲပေးလို့မရဘူး Tint Swe မဲပေးခွင့်ဘယ်နားမှန်းမသိ၊ အရွေးခံခွင့် ၁ဝ နှစ်မရှိ၊ မဲဆွယ်ခွင့်ရနေလို့ တော်သေး၏။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅

Garbage Revolution အမှိုက်သိမ်းခွင့် တော်လှန်ရေး

Image
မုံရွာမှာ NLD မဲဆွယ်ပွဲကအမှိုက်တွေကို စနစ်တကျနဲ့ လိုက်ကောက်ကြတယ်။ တယောက်ကရေးတယ်။ အစကတည်းက အမှိုက်မပြစ်ကြရင် ကောင်းတာပေါ့တဲ့။ ဟုတ့့် အဲဒါက နောက်တဆင့်ပါလို့ ရေးလိုက်တယ်။ ကျွန်တော်တို့ဘဝက အဲလို အမှိုက်သိမ်းခွင့်ရအောင်ကိုက အနှစ် ၂ဝ ကျော်လုပ်ခဲ့ကြရတယ် မဟုတ်လားဗျာ။ အခုက ကိုယ့်အမှိုက်ကိုယ်သိမ်းတာ။ သူများတွေစွန့်ပြစ်ထားတဲ့အမှိုက်သရိုက်တွေ သိမ်းနိုင်ရေး မဲပေးကြရအုံးမှာ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅

I really love to vote လူကြည့်ပြီး မဲပေးတယ်

Image
အခု မင်းတိုင်ပင်မှာ အနုပညာသည်တွေ ဖျော်ဖြေမဲဆွယ်နေကြပြီ။ မင်းတိုင်ပင်မရောက်ခင် ပုလဲအထွက် လက်ပုကန် နားလောက်မှာ ပြည်ခိုင်ဖြိုးက ကား အစီး ၃ဝ လောက်နဲ့ အပြိုင်သီဆိုနေကြသတဲ့။ မနေ့ညကတည်းက ကားအစီး ၅ဝ နဲ့အားပြမယ်ဆိုတဲ့သတင်းက ရထားပြီးသား။ မုံရွာကနေ အဆိုတော်တွေလာတဲ့လမ်းတလျှောက်မှာလည်း ရွာတိုင်းကနေထွက်ကြိုကြတယ်။ ယင်းမာပင်ရဲကနေ ကူညီလမ်းရှင်းပေးရသတဲ့။ သုံးသပ်ကြတာကတော့ စစ်ကိုင်းတိုင်းမှာ ပြည်ခိုင်ဖြိုးထဲက အကြီးစား ၂ ယောက်ရဲ့နေရာတွေက ဘုတလင်နဲ့ ပုလဲ။ မုံရွာနားကချည်းပဲ။ ဘုတလင် မောင်းထောင်ပွဲကလည်း စည်ကားသိုက်မြိုက်၊ မုံရွာဆို သူများတွေလိုက်မမီလောက်ဘူး။ မင်းတိုင်ပင်မှာလည်း ဝက်ဝက်ကွဲ။ အဲတော့ ဗိုလ်ကျော်ဆန်းအနေနဲ့တော့ အင်အားပြခွင့်ရလိုက်လို့ နည်းနည်းတော့ ကျေနပ်ကောင်း ကျေနပ်မယ်တဲ့။ ဗိုလ်သာအေးကတော့ နားရွက်တံတွေးဆွတ်ခံလိုက်ရသတဲ့။ မုံရွာက စာရေးဆရာတယောက်က ရေးထားတယ်။ ဒါတောင် ရေမချိုးရသေးဘူးနော်၊ ဒေါ်စုလာတာ မဟုတ်သေးဘူးတဲ့။ အဲတာပဲပေါ့ဗျာ လူကြည့်ပြီး မဲမပေးပါနဲ့ဆိုတာ။ ကျွန်တော်တော့ မဲပေးကြမယ့်လူတွေကြည့်ပြီး မဲပေးချင်လာပြီ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅

From the bottom of Heart

Image
- ဒါက ကျွန်တော့်အမေ့ရွာ ပုလဲအနောက်က မင်းတိုင်ပင်မှာ - ပရိတ်သတ်က ကျွန်တော့်အဒေါ်ရဲ့ လယ်ကွက်ထဲမှာ - စိတ်လှုပ်ရှားမှုက ၈၁၈၃ မိုင်ဝေးတဲ့ ကျွန်တော့်ရင်ထဲမှာ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅ Photo: Nyo Htay Pale

Monywa တရားနဲ့ အားရှိတဲ့ဆီမှာ

Image
- ဒီပနီတွေ များစွာရေးခဲ့တဲ့နေရာ - သည်တချည် အနီတွေများစွာ အရေးပြလိုက်တဲ့နေရာ - အမြိုက်တရားတွေရေးသားခဲ့တဲ့ လယ်တီရဲ့ မုံရွာ - အမှိုက်တရားတွေပြ လှလိုက်တဲ့ ဇလုတ်ရဲ့ မုံရွာ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၅

Ready for Battle

Image
တူတော်မောင်ရဲ့ပုံကို တွေ့တာနဲ့ အေးကွာ မင်းက စီးချင်းထိုးမှာဆိုရင်တော့ ရန်သူချိုင်းကြားက ချပ်ဝတ်တန်းဆာချည်တဲ့ကြိုးနေရာကို တည့်တည့်သာ ချိန်ထိုးပေတော့။ ရာဇဝင်အားကိုးနဲ့သာ ပြောတာပါကွာ။ အခုခေတ်မှာက ချိုင်းမြင်ရအောင် လက်မြှောက်တာ စောင့်စရာမလိုဘူးဟေ့။ အာချီးလိစ် ဖနောင့်က ထင်းထင်းကြီးပေါ်နေပြီကွ။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၅

Words from Monywa မုံရွာသူ့အပြော

Image
- ကော်မရှင် မှားပြလေလေ၊ လူထုက အားပြလေလေ၊ - တဖက်လူတွေက ဓါးပြလာတော့ သည်ဖက်ကလူတွေက ပိုပြီးအားပြချင်ပေါ့၊ - ကော်မရှင် မဲစာရင်းတိုးတော့ လူတွေက သွားလေရာကျိတ်ကျိတ်တိုး၊ - အနုပညာသည်တွေလာတဲ့ မုံရွာမှာ ကျောက္ကာလမ်းကြီး ခွက်ဝင်သွားပြီတော့။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၅

Vote for Child labor ကလေးအလုပ်သမားများအတွက် မဲပေးပါ

Image
Vote for Child labor ကလေးအလုပ်သမားများအတွက် မဲပေးပါ Long hours, meager wages: Child labor continues in Myanmar အယ်လ်ဂျာဇီးရာ တီဗွီကနေ ၁၃-၄-၂ဝ၁၅ နေ့ထုတ်လွှင့်ခဲ့တဲ့သတင်းဆောင်းပါးဖြစ်ပါတယ်။ နေ့စဉ် မနက် ၆ နာရီကနေ ည ၉ နာရီအထိ ပန်းကန်ဆေးတဲ့အလုပ်သမားလေး ၁၂ နှစ်သား မောင်စိုးမင်းလွင်၊ မြန်မာပြည်မှာ နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင်ပြောင်းလဲရေးဆိုတာ ၂ဝ၁၁ မှာစခဲ့တယ်။ တောနယ်တွေကလေးတွေ ပိုပြီး မြို့ဖက်ဆီရွေ့ကြရတယ်။ စားသောက်ဆိုင်တွေမှာ ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်လုပ်ကြရတယ်။ UNICEF ကရတဲ့ ဒေတာတွေအရ ကျောင်းနေကြရမယ့် အသက် ၇ နှစ်ကနေ ၁၆ နှစ်ကလေးတွေရဲ့ ၃၃% ဟာ အလုပ်လုပ်နေကြတယ်။ International Labor Organization (ILO) ကနေ အဲတာကိုပြင်နိုင်ဖို့ ကြိုးစားတော့နေပါတယ်။ ဥပဒေသက်ရောက်မှု မရှိတာက အခက်အခဲကြီးဖြစ်နေတယ်။ ၁၉၅၁ ခုနှစ်ကတည်းက ကလေး အသက် ၁၃ နှစ်အောက် အလုပ်မခိုင်းရဥပဒေ ပြဋ္ဌာန်းထားပါတယ်။ ၁၃ နှစ်ကနေ ၁၅ နှစ်အထိကလေးတွေကိုလည်း တနေ့မှာ ၄ နာရီထက်ပိုမခိုင်းရလို့ပါတယ်။ ၂ဝ၁၃ ခုနှစ်ဒီဇင်္ဘာလထဲက မြန်မာလွှတ်တော်ကနေ ILO convention ကိုအတည်ပြုပေးခဲ့ပါတယ်။ ကလေးလုပ်သား၊ ကျွန်ပြုခြင်း၊ လူကုန်ကူးမှုနဲ့ တိုက်ပွဲတွေမှာ ကလေးတွေ

Pay respects သမီးတို့က ကန်တော့ကြတဲ့ည

Image
နေမြမြဆွေနဲ့ သဒ္ဓါတင့်ဆွေ ကျန်းမာချမ်းသာကြပါစေ။ ဒေါက်တာတင့်ဆွေ + ဒေါ်မြမြအေး ၂၉-၁ဝ-၂ဝ၁၅

Vote for school lunch နေ့လည်စာအတွက် မဲပေးပါ

Image
• နေ့လည်စာ ထမင်းချိုင့်၊ စာရေးရတဲ့လက်ကလေးနဲ့နှိုက်၊ • ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊ • မူလတန်းကတည်းကစရတာ ဘဝသင်္ခန်းစာ၊ • ငါကြီးလာရင်ဘာလုပ် ခရိုနီကြီး မလုပ်၊ • နေပြည်တော်သားကြီး မလုပ်။ • လူကြီးတွေပြောနေတာကြား၊ စစ်သားတဲ့၊ နိုင်ငံခြားသားတဲ့၊ • အသားဖြူဖြူ ဗမာစကားမတတ်သူ၊ ဒီလူတွေက မိုးပေါ်ကကျ၊ • ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်သလားဗျ။ • ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊ • အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊ • ဒီမိုကရေစီသာရရင်တော့၊ နေ့လည်စာတမင်းမှာ ဟင်းတခွက်ပါစေရမယ်ပေါ့လို့၊ • ဒို့မူလတန်းကျောင်းသားဂျင်နရေးရှင်း၊ အားခဲလို့သာတင်း။ ဒေါက်တာတင့်ဆွေ

Milestone prostate cancer drug ဆီးကျိတ်ကင်ဆာဆေး သမိုင်းမှတ်တိုင်

Image
၂၉-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့သတင်းဖြစ်ပါတယ်။ ယောက်ျားဆီးကျိတ်ကင်ဆာကုသရာမှာ ပဌမဆုံး DNA mutations မျိုးဗီဇ ပြောင်းလဲတာကို ပစ်မှတ်ထားပြီးကုသနိုင်တဲ့ဆေးဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှတ်တိုင်တခုပါ။ လန်ဒန်က Institute of Cancer Research သူတေသနဌာနကနေ ဆေးကုလို့မရနိုင်တဲ့ လူနာ ၄၉ ယောက်ကို စမ်းပြီး ထွက်လာတဲ့အဖြေဖြစ်တယ်။ Olaparib လို့ခေါ်တဲ့ဆေးဖြစ်တယ်။ ကင်ဆာအကျိတ်ကြီးလာမှာကို ၈၈% နည်းစေတာ တွေ့ရှိရပါတယ်။ Herceptin ဆေးကို ရင်သားကင်ဆာကိုကုသရာမှာသုံးတာကလည်း အဲလိုဆေးမျိုးဖြစ်တယ်။ လူနာတချို့ကိုသာ သုံးနိုင်ပါတယ်။ အခုသုတေသနမှာ လူနာ ၁၆ ယောက်ထဲက ၁၄ ယောက်မှ ဆေးစွမ်းပြတာတွေ့ရပါတယ်။ ၆ လ ကနေ တနှစ်ခွဲကြာမှ အဲလိုပြတာပါ။ လူနာတွေ အသက်ပိုရှည် မရှည်အတွက်တော့ ကြီးမားကျယ်ပြန့်တဲ့လေ့လာမှုလိုပါသေးတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၅ http://www.bbc.com/news/health-34649024

Sword power ဓါးစွမ်း

Image
• ဓါးမိုးအုပ်ချုပ်တဲ့ တိုင်းပြည် • ဓါးရေးပြတဲ့ ရွေးကောက်ပွဲ • ပြည်သူတွေက အားပြ၊ • ကော်မရှင်က မှားပြ၊ • အလိုတော်ရိတွေက ဓါးပြ၊ • အမုန်းတရား အစွမ်းပြ၊ • မေတ္တာတရား လမ်းပြ၊ • ပြည်သူ့အားနဲ့ အနိုင်ယူကြ။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၅

Paracetamol and pregnancy (ပါရာစီတမော) နဲ့ ကိုယ်ဝန်

Image
၁။ ဆရာ ကိုယ်ဝန်ဆောင်မိခင်တွေ ပါရာစီတမော သောက်လို့  ရ/ မရ ရှင်းပြပေးစေလိုပါတယ်ဆရာ။ တနေ့ ဘယ်နှစ်ကြိမ် သောက်လို့ရပါသလဲဆရာ။ သောက်လို့ရမယ့် ပမာဏရောဆရာ။ Post တခုမှာ သောက်သင့် မသောက်သင့် ဆရာဝန်တွေ အငြင်းပွားနေတာရယ်။ ကျွန်တော့် အမျိုးသမီးက ကိုယ်ဝန်ဆောင်ထားတာရယ်ကြောင့် ဖြစ်နိုင်ရင် အားလုံးသိရအောင် ဆရာ့ Page မှာ အသေးစိတ်ရေးပေးစေလိုပါတယ်ဆရာ။ ၂။ ဆရာခင်ဗျား ကိုယ်ဝန်ဆောင်မိခင်ဟာ paracetamol သောက်လို့ရပါသလား။ ဗိုက်ထဲကကလေးကို သက်ရောက်မူ ရှိလား သိချင်ပါတယ်။ တစ်ချိုက မတည့်ဘူးပြောလို့မေးရတာပါ။ ကိုယ်ဝန်က ၈ လ ရှိပြီ။ (ပါရာစီတမော) ကို ကိုယ်ဝန်မှာပေးလို့ ရပါတယ်။ ဒီဆေးအတွက် သတိပေးချက်တွေလဲရှိတယ်။ (ပါရာစီတမော) ကိုအများကြီးသောက်ရင် အသက်ကိုပင်ထိခိုက်နိုင်တယ်လို့ ၂၃-၁၁-၂ဝ၁၁ နေ့ လန်ဒန်ကလာတဲ့ သတင်းတပုဒ်ကဆိုပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ကိုက်တာ-ခဲတာတွေအတွက် သုံးနေတဲ့ (ပါရာစီတမော) တခုထဲဖြစ်ဖြစ် ပူးတွဲထားတဲ့ဆေးတွေပဲဖြစ်ဖြစ် များများသောက်ရင် အန္တရာယ်ပေးနိုင်တယ်လို့ ဆိုလိုတာပါ။ သေနိုင်တာက အသည်းအလုပ်မလုပ်နိုင်တော့လို့ ဖြစ်တယ်။ မတော်တဆ ဆေးများများသောက်မိရင် ကိုယ့်ကိုယ်ကိုသတ်သေရာ ကျပါလိမ့်မယ်။ (အီဒင်ဘတ်) က သု

VigRX Plus သတိပေးပါရစေ

Image
ဆရာတင်တဲ့ post ကိုတော့ မဖတ်ဖူးပါ။ ဆရာ့နာမည်သုံးထားတာ ဆရာသိစေချင်လို့ အသိပေးခြင်းမျှသာပါရှင့်။ ဟာ့ လန့်သွားတာအမှန်ပဲ။ မူရင်းဝဘ်ဆိုက်တွေ လိုက်ရှာရတယ်။ ရီဗျူးတွေ ပြန်ဖတ်ရတယ်။ ကိုယ်ရေးတာ ပြန်ဖတ်ရတယ်။ Early ejaculation (1) သုတ်လွှတ်စောခြင်း (၁) ထဲမှာ ကိုယ်တိုင်ရေးတာက သည်လိုသာရေးပါတယ်။ • Enlast, Confido, Alpha7, Climax, Priligy, StalliOn247, Generic Ambllis နဲ့ Xytomax ဆေးတွေက (ဟာဗယ်) ဆေးတွေဖြစ်တယ်။ ဆရာဝန်တွေကမညွှန်ပါ။ Prexil, VigRX Plus နဲ့ PreJac တွေက ကြော်ငြာဆေးတွေ ဖြစ်တယ်။ ဆိုးတဲ့နေရာမှာ အခုလိုချီးမြှောက်ခံရလို့ ကျွန်တော်နာတာထက် အညာခံရသူတွေက ပိုနာပါလိမ့်မယ်။ Dr. တင့်ဆွေ ၂၉-၁ဝ-၂ဝ၁၅

Combat helmet သံခမောက်ဆောင်းထားသော မြေပုံ

Image
- စာရွက်ပေါ်မှာ အသံကောင်းဟစ်၏။ - ရေဒီယိုအင်တာဗျူးမှာ လက်ရေးလှလှရေး၏။ - လေထဲမှာ တိုက်အိမ်ဆောက်၏။ - ဓါတ်မီးတိုင်မှာ ဖရောင်းတိုင်ထွန်းထား၏။ - ဗိုက်မှာလူတွေ ရွံ့ပေနေ၏။ - ဖွဲ့စည်းပုံမှာ စည်းပုံဆောင်းထား၏။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၅

Rheumatoid Arthritis လေးဖက်နာ (အဆစ်နာ)

Image
သမီးကတော့ အသက် ၂၉ နှစ်ပါ။ ရန်ကုန်မှာနေပါတယ်။ RA ရှိပါတယ်။ လေးဘက်နာရောဂါကို ၂ဝ၁၃ ခုနှစ်မှာ စပြီး၊ ဆေးစစ်တာ ASO 600 ရှိပြီး RA positive ပါ။ အရိုးအထူးကုနဲ့ ပြပြီး နောက်ပိုင်း Chloroquine တခြမ်းနဲ့ Mega 3 တလုံးကို ညတိုင်းသောက်ပါတယ်။ အဲ့ဒီဆေး နှစ်မျိုးကို သောက်တာ ခုဆို ၂ နှစ် လောက်ရှိပါပြီ။ ညာဘက်လက်ခလယ် အဆစ်က ဖောင်းတင်းပြီး ကွေးနေတာ ဆန့်လို့မရပါဖူး။ ဆေးမသောက်မိတဲ့နေ့တွေဆိုရင် ပိုနာပါတယ်။ ဘယ်ဘက် လက်ကောက်ဝတ်အရိုးနေရာကလဲ ယောင်နေပါတယ်။ အလေးအပင် လုံးဝမမနိုင်ပါဖူး။ ၆ ပေါင်လောက်ဆိုရင် လက်ကောက်ဝတ်ကိုအားပြုပြီး မမနိုင်တော့ပါဖူး။ ဆေးနေ့တိုင်းပုံမှန် သောက်ဖြစ်လဲ အဲဒီ ၂ နေရာက နာကျင်မှုတော့ အမြဲ ရှိနေပါတယ်။ ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်သလဲ။ ဘယ်လို အစာအသောက်တွေကို စားသင့်သလဲ။ လက်ခလယ်ကောက်နေတာကို ဘယ်လို treatment လုပ်သင့်ပါသလဲ။ နောက်နှစ်မှာကလေးယူဖို့ အစီစဉ်ရှိပါတယ်။ သမီးခုသောက်နေတဲ့ chloroquine ဆက်သောက်နေသင့်ပါသလား ၊ အဲဒီအစားဘာဆေးတွေ သောက်သင့်ပါသလဲ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ က RA နဲ့ လုံးဝမတည့်ပါဖူးလို့ ကြားမိပါတယ် ဟုတ်ပါသလားရှင်။ အရိုးတွေသန်မာလာအောင် Yoga ကစားပါတယ်။ အဲ့ဒိလိုကစားတာ အရိုးတွေကို ဒဏ်ပ

Pay respect night ကန်တော့ကြတဲ့ည

Image
ရာဇာတင့်ဆွေ မိသားစု မဖြိုးဖြိုးကြိုင်နဲ့ မောင်ပင်နီတင့်ဆွေ မတာရာတင့်ဆွေနဲ့ မောင်ပညာတင့်ဆွေ ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၅

Candle light မီးထွန်းတဲ့ည

Image
ကနေ့ည အိမ်မှာလာပြီး မီးထွန်းကြတယ်။ စတိသဘောပါ။ ဒီမှာပဲမွေးတဲ့ မြေးနံပါတ် (၄) က ဘာလို့ဒီနေ့ညမှာ မီးထွန်းကြသလည်း မေးလို့ သူနားလည်အောင် ရှင်းပြရသေးတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၅

Hello နှုတ်ဆက်စကား အလေးထား

Image
လူသစ်တွေနဲ့ မဖတ်ရသေးသူတွေအတွက် နောက်တခုထပ်တင်ပါရစေ။ မက်ဆေ့နဲ့ ချတ်ဘောက်စ်ကနေ Hell, Hi နဲ့ မင်္ဂလာပါဆိုပြီး ရေးနေတာတွေရနေပြန်လို့ပါ။ နှုတ်ဆက်တာကို ပြန်မပြောရင် ရိုင်းရာကျမှန်းလည်းသိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အလာပသလာပပြောချိန်မရှိပါ။ ဘာသာပြန်စာရေးဆရာတယောက်က ပြောတယ်။ မြန်မာလူမျိုးတွေမှာ ပုံသေနှုတ်ဆက်စကားမရှိပါဘူး၊ သင့်သလို ပြောဆိုမေးမြန်းကြတာပဲရှိတာပါ။ မင်္ဂင်္လာပါ ဆိုတဲ့စကားက ပြီးခဲ့တဲ့အစိုးရတွေက တမင်ထွင်ပြီး ပလီခဲ့တာပါ။ အဲသလို နှုတ်ဆက်လာရင် ကျွန်တော်က ပြန်ပြောပါတယ်၊ မာလကာပင်လို့။ ကျွန်တော့်အရင် ပြည်ပရောက်နေသူတဦးကလည်း Good morning နဲ့ မင်္ဂလာပါ မတူတာကို ပြောဘူးတယ်။ သူ့အင်္ဂလိပ်က ကောင်းပါတယ်။ သူ့ကို မြန်မာအချင်းချင်းကနေ မင်္ဂလာပါလို့ နှုတ်ဆက်ရင် စိတ်တိုရော။ How are you? ရဲ့တိုက်ရိုက်အဓိပ္ပါယ်က နေကောင်းလားပါ။ ကျွန်တော်တို့က ပြောနေကြမဟုတ်ပါလား။ အမေရိကားမှာ လူတယောက်နဲ့တယောက်တွေ့ရင် ဒီလိုတွေသုံးနှုန်းပြီးနှုတ်ဆက်ကြပါတယ်။ (က) ပုံစံတကျနှုတ်ဆက်နည်း • Hello! • How are you? Howre you? • How are you doing? • How ya doin? • How is everything? • Hows everything going? How are you doing? နဲ့ How are

Hot air balloon catches fire မီးလောင်သွားတဲ့ သတ်ပုံ

Image
ခုတလော သီတင်းကျွတ်လပြည့်လည်းဖြစ်လို့ မီးပုံးပျံသတင်းတွေ တွေ့ရတယ်။ ရွေးကောက်ပွဲက လွှမ်းမိုးထားလို့ မီးလောင်သွားတဲ့မီးပုံပျံသတင်းကို လူတွေကစိတ်ဝင်စားကြတယ်။ အခုရွေးကောက်ပွဲက ၂၅ နှစ်အတွင်းမှာ ပါတီစုံပါတဲ့ရွေးကောက်ပွဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပဌမစခဲ့တဲ့ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၊ ပထမဆုံးဝန်ကြီးချုပ် ဦးနုကနေစပြီး မီးပုံးပျံ ဦးကျော်ရင်နာမည်လည်းပါတယ်။ ကျွန်တော်တို့ ၅ တန်းတက်တော့ သင်ရတဲ့ မြန်မာဖတ်စာ အာဇာနည်စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ တို့နဲ့အတူ မီးပုးပျံ ဦးကျော်ရင်အကြောင်းလည်းပါတယ်။ စစ်အစိုးရတက်ကတည်းက အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်ကို ထုံးသုတ်လာခဲ့တယ်။ ရွေးကောက်ပွဲ မဲဆွယ်တဲ့ အာဏာယူပါတီကလူကြီးတယောက်နေ အာဇာနည်ဗိမာန်ဗုံးခွဲတာနဲ့ NLD ပါတီရဲ့ အနီရောင်ကို နှိုင်းပြောသေးတယ်။ နည် နဲ့ နီ မတူတာသိပုံမရပါ။ ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၅ Photo from Maung Tun Wai

Parents အမေ-အဖေ့ ဓါတ်ပုံ

Image
ကျွန်တော့ အမေနဲ့ အဖေ့ဓါတ်ပုံတွေကို ၅-၁၂-၂ဝ၁၄ ကနေ့မနက်မှာ ရပါတယ်။ တိုင်းပြည်ကထွက်ရပြီး ၂၄ နှစ်ကြာမှ ရတာပါ။ အမေက မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ အဖေနဲ့အိမ်ထောက်ကျပြီး၊ သားသမီးတွေ တယောက်ပြီးတယောက် ထွန်းပေါက်တယ်။ ကျွန်တော်မိဘတွေဟာ အသက်ရလေလေ စီးပွါးရေးကြပ်တည်းလေလေ။ သူတို့က သားသမီးတွေကို ပညာအမွေပေးနိုင်ဘို့ထက် ဘာတခုမှမတွက်ခဲ့ကြပါ။ ကျွန်တော်ဆရာဝန်ဖြစ်လာဘို့ရာ ညီတွေနှစ်မတွေက အနစ်နာခံပေးကြရတယ်။ မိဘတွေ အိုကံမကောင်းကြတာမှာ သားနှစ်ယောက်က နိုင်ငံရေးထဲဝင်ပါလို့လည်းပါတယ်။ အမေဆုံးပြီး ၂ ပါတ်ကြာမှသာ ညီကမုံရွာထောင်ကလွတ်တယ်။ ကျွန်တော်က တိုင်းပြည်ထဲမှာမရှိပါ။ သူရေးတဲ့ ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး (သို့) အမေ့ မုသားစကားရှစ်ခွန်းကို တင်ထားတာ ဖတ်ရတယ်။ သားဆရာဝန် ကျွန်တော်ဟာ အမေခြေကျိုးတာကို ကုသပေးခွင့် မရလိုက်ပါ။ အမေ အဖေဆုံးတဲ့ရက်တွေကို မေးယူမှသာ သိပါတယ်။ သူတို့ကျန်းမာရေးနဲ့ အသုဘအတွက် ဝါယမစိုက်ကြတဲ့ သွေးသားဆွေမျိုးတွေနဲ့ နိုင်ငံရေးဆွေမျိုးတွေကို ကျေးဇူးတင်လျက်ပါ။ အဲဒီဆွေမျိုးတွေ ကျန်းမာချမ်းသာကြပါစေ။ ကျွန်တော်တို့မိဘတွေ နောက်ဘဝတွေမှာ ကျွန်တော်တို့လို မင်းဆိုးဒဏ်သင့်သူတွေနဲ့ ကင်းလွတ်ပါစေ။ မြန်မာပြည်

Tea shop လက်ဖက်ရည်ဆိုင် အဝေးကနေအတူထိုင်

Image
သူငယ်ချင့်း့ ဒီနေ့ ဌေးသိန်း၊ သောင်းတင့်၊ သန်းညွှန့်အောင်နဲ့ ဆရာကြင်ရော လ္ဘက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတင်တဲ့ post တွေ စပ်မိစပ်ရာပြောဖြစ်တယ်။ ကျမ္မာပါ စေနော။ မုံရွာနေ အထက သူငယ်ချင်းဆီကပါ။ ဆယ်တန်းကျောင်းသားပြန်ဖြစ်ရော။ အထကမှာနေတုံးက လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်သလောက်ပါ။ ဆေးမန်းမှာတော့ တနေ့အနည်းဆုံးနှစ်ခေါက်၊ မင်္ဂလာလမ်းက အေးစန်းမှာထိုင်ဖြစ်ကြတယ်။ အိန္ဒိယရောက်တော့ လက်ဖက်ရည်ဆိုင်လိုက်ရှာပါတယ်။ ရှားလိုက်တာ။ လမ်းဘေးမှာ ကျောက်တုံး ရှိရင်တော့ ထိုင်သောက်၊ မရှိရင်တော့မတ်တပ်ပေါ့။ ဝါရှင်တန်ဒီစီကိုအလည်ရောက်စဉ်က စတားဘခ်မှာ နေရာကျကျနနတော့ရှိပါရဲ့ ဈေးကကြီးလိုက်တာ။ မုံရွာကသူငယ်ချင်းတွေနဲ့ရော မန္တလေးဆေးကျောင်းကသူငယ်ချင်းတွေနဲ့ပါ လက်ဖက်ရည်ဆိုင်မှာထိုင်ချင်သေးတယ်။ ခုအရွယ်တွေနဲ့ ခုအခြေအနေမှာ ဘာတွေပြောဖြစ်ကြမလည်း။ မုံရွာသူငယ်ချင်းတွေက ကျွန်တော်တင်တဲ့ ပို့စ်လေးတွေကို ထည့်ပြောကြသတဲ့။ လူတိုင်းမှာ ဝါသနာအထုံ တယောက်တမျိုးစီ။ သင်ယူတတ်မြောက်တဲ့ပညာကလည်း မတူကြပါ။ အသက်ရတဲ့အခါ အသက်မွေးမှုတွေ ကွဲပြားကြတယ်။ ပြောင်းမသွားပဲ တူတယ်ဆိုတာလည်းရှိတယ်။ သူငယ်ချင်းဖြစ်မှုနဲ့ နောက်တခု။ ကျွန်တော့်ရေးရေးနေတဲ့ ပို့စ်။ ကျွန်တော်တို့မှာ