All work and no play, Myanmar's children prop up economy

မြန်မာနိုင်ငံမှာ ပညာမသင်နိုင်ပဲ အလုပ်လုပ်နေရတဲ့ ကလေးတွေ သန်းနဲ့ချီ ရှိနေ

လာမယ့် နိုဝင်္ဘာ (၈) ရက်နေ့ရွေးကောက်ပွဲအတွက် မသင်မနေရနဲ့ အခမဲ့ပညာရေးအတွက် ငြင်းခုန်ရာ အခွင့်အလမ်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အဓိကကျတဲ့ အလားအလာကောင်းတွေ ရရှိနေပါတယ်။ သူ့ပါတီကနေ ဆင်းရဲမွေတေမှုပပျောက်အောင် ပညာရေးကို ဦးစားပေးရမယ်လို့ ထောက်ပြထားပါတယ်။

အဲတာကိုသိဘို့ ရန်ကုန်ကလမ်းကြိုလမ်းကြားကိုသွားကြည့်ရင် သိနိုင်ကြပါမယ်။ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးနေကြတဲ့ ကလေးတွေကိုတွေ့မြင်နိုင်ကြပါတယ်။ ရန်ကုန်မှာ အလုပ်လာလုပ်နေကြတဲ့ ကလေးအများစုဟာ ဆင်းရဲတဲ့ နယ်စပ်နဲ့ တောဒေသတွေကနေ လာကြတာဖြစ်ပါတယ်။ ကလေးအလုပ်သမားလေးတွေဟာ တနေ့မှာ ၁၄ နာရီအထိ လုပ်ကြရတာလည်းရှိတယ်။ နေရအိပ်ရတာကလည်း ဖြစ်သလိုပါ။ ကျောင်းနေချိန်မရှိကြပါ။

ဗြိတိန် အခြေစိုက် Verisk Maplecroft သုတေသနအဖွဲ့အဆိုအရ မြန်မာနိုင်ငံဟာ ကလေးသူငယ်ခိုင်းစေမှု အခြေအနေ အဆိုးရွားဆုံးနိုင်ငံ ၁ဝ နိုင်ငံထဲမှာ သတ္တမအဆင့်မှာရှိနေပါတယ်။ ILO အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် အလုပ်လုပ်ခွင့်ရှိတဲ့ အသက်သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အလုပ်သမားဥပဒေတွေမှာ ရှင်းရှင်းလင်းလင်းပြဌာန်းမထားပါ။ ကလေး အလုပ်သမားပြဿနာကို ဖြေရှင်းမယ်လို့အစိုးရပြောပေမဲ့ မဖြစ်မနေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းတွေက ရေးဆွဲနေဆဲသာဖြစ်ပါတယ်။

အခုအခါ ကလေးအလုပ်သမားတွေကို ပညာသင်ကြားပေးရေး အရပ်ဘက်အဖွဲ့တွေ ပေါ်ပေါက်လာ နေရာမှာ myME လို့ ခေါ်တဲ့ ရွေ့လျားပညာရေးအစီအစဉ်ဟာ ရန်ကုန်နဲ့ မန္တလေးမှာ ကလေးလုပ်သား ၆ဝဝ ကို သူတို့ အလုပ်ပြီးချိန်မှာ ပညာသင်ကြား ပေးနေပါတယ်။ အလားတူ လမ်းပေါ်က ကလေးတွေအတွက် ပညာသင်ဆုဆိုတဲ့ အဖွဲ့ကလည်း ကလေးတွေအလုပ်လုပ်လို့ ရမယ့်ငွေကြေးကို မိဘတွေကို ပြန်လျော်ပေးပြီး ပညာသင်ပေးတဲ့အစီအစဉ် အကောင်အထည်ဖေါ်နေရာမှာ ကလေးသုံးရာလောက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးကို ဖွင့်လိုက်ပြီး လေးနှစ်အကြာမှာ ပေါ်ပေါက်လာတဲ့ ဟိုတယ်သစ်တွေ၊ ကော်ဖီဆိုင်တွေ၊ စက်ရုံတွေမှာ အလုပ်သမားတွေကို အသက်အရွယ်မရွေး ခေါ်ယူခိုင်းစေနေတာကြောင့် ကလေးတွေဟာ ပစ်မှတ် ဖြစ်နေဆဲပဲဖြစ်ပါတယ်။ ၂ဝ၁၄ သန်းကောင်စာရင်းအရ အသက် ၁၈ နှစ်အောက် ကျောင်းမနေရတဲ့ကလေးပေါင်း ၄့၎ သန်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၅
Photo (1) = Saw Paing Htway (R) and Min Min are seen working at a teashop on the outskirts of Yangon, Myanmar (AFP Photo/Ye Aung Thu)
Photo (2) = Children who work on the streets, play in an improvised classroom inside a converted bus, set up by Myanmar Mobile Education project (myME) for youngsters working at 24-hour establishments (AFP Photo/Ye Aung Thu)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး