Current trend ကာလပေါ်

မြန်မာပြည်တိုးတက်ကြောင်း ဖွဲ့ဆိုထားတဲ့ မောင်မိုးပွင့် (ရေကြည်) ရဲ့ ကဗျာတပုဒ်ဖတ်ရတယ်။ ကဗျာဆရာတွေ၊ စာရေးဆရာတွေက စကားလုံးလေးတွေကို မွေးယူတတ်ကြတယ်။ ခုနောက်ပိုင်းမှာ စကားလုံးတွေကို မွေးစားမနေတော့ပဲ အရင်းအတိုင်းသုံးလာတာကို သတိထားမိတယ်။

- မားဆပ်မှာ အမေ
- အဖေက ဖာခေါင်း
- အမ ကေတီဗွီနဲ့
- ညီငယ်မှာ စားပွဲထိုး၊ တိုးတက်ပါကြောင်းတဲ့။

မေးခွန်းတွေထဲမှာပါတတ်တဲ့ (မာဆပ်) ကိုနားမလည်ပါ။ ရောဂါနဲ့ဆက်ပြီး စဉ်းစားယူမှသိတယ်။ (ကေတီဗွီ) ကိုလည်း အရှည်လိုက်ရှာရသေးတယ်။ မေးခွန်းတွေမှာ (တီဘီ) ကို (တီဗွီ) လို့ရေးလာလို့ ပြန်ပြန်ရေးရတယ်။ (ကေတီဗွီ) ဆိုတာ (ကာရာအိုကေ) ကို တရုပ်နဲ့ ကမ္ဘောဒီယားမှာခေါ်တယ်လို့ ဖတ်ရတယ်။ မြန်မာပြည်မှာလည်း အဲလိုပဲလို့ (ဝီကီပီးဒီးယား) ကိုပြောလိုက်ကြပါအုံး။

- အမေက HIV
- အဖေက C
- ညီငယ်က TB
- အမက AIDS
- မြန်မာပြည်ကြီး အလွန်တိုးတက်။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး