Fake Red နီရောင်ဆောင်သူများ သတိထား

NLD ပါတီကထုတ်တဲ့ အမှတ်တရ အဝတ်အစားတွေ၊ အသုံးအဆောင်တွေ လိုသလောက်ဝယ်မရဘူးလို့ သွားဝယ်တဲ့သူက ပြန်ပြောပြတယ်။ တနေရာရာကနေ အများကြီးဝယ်သွားတာမျိုးရှိနေတယ်လို့လည်း ကြားထားသေးတယ်တဲ့။

အခု NLD ပါတီကနေ ညွှန်ကြားစာထုတ်တယ်။ မဲပေးတဲ့နေ့မှာ ရင်ထိုးကလွဲရင် ပါတီစည်းရုံးရေးမှူးတွေ ဝတ်ဆင်နေကြ အဝတ်အစားတွေကို မဝတ်ကြဘို့ဖြစ်တယ်။

ရောင်တော်ပြန် ပုံမှားရိုက်တဲ့နည်းနာကို အာဏာပိုင်တွေနဲ့ သူလျှိုဒလံတွေက သုံးနေကြဆိုတာ တပြည်လုံးသိထားလို့ သတိရှိထားတာ ကောင်းတယ်။ သူတို့တတွေအကြံအိုက်ရင် မိုက်ကြလိမ့်အုံးမယ်။ ဒီတခါလုပ်မှာက အဲဒီမဲရုံရလဒ်ကို ပယ်ဖျက်ချင်လို့လုပ်မှာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး