November words နိုဝင်္ဘာ စကားများ

အမေရိကန်သမတ အိုဘားမား ပြောခဲ့တာတခုရှိတယ်။ ဟိုက်ဘရစ်ကားဖြစ်ဖြစ်၊ အက်စ်ယူဗီကားဖြစ်ဖြစ်၊ ဘယ်ကားကိုပဲ မောင်းနေနေ ဂရုစိုက်မနေပါ။ ချောက်ကမ်းပါးဆီ ဦးတည်နေတယ်ဆိုရင်တော့ ဦးတည်ရာကို ပြောင်းရပါလိမ့်မယ်။ ဒါဟာ အမေရိကန်ပြည်သူတွေက နိုဝင်္ဘာလမှာ ပြောလိုက်တဲ့စကားပါပဲ။ အဲတာကို ကျွန်တော်တို့က ဖြည့်ဆီးမှာပါ။ (သူ ပဌမအကြိမ် သမတဖြစ်လာခဲ့တဲ့ ၂ဝဝ၈ နိုဝင်္ဘာလကို ရည်ညွှန်းပြီးပြောတာပါ။)

မြန်မာပြည်မှာ နိုဝင်္ဘာမတိုင်ခင် ဘယ်လိုပြောနေကြသလည်း။ အာဏာယူပါတီကတော့ ထော်လာဂျီ စီးနေရတဲ့ ပြည်သူတွေကို လက်ရှိလမ်းကြောင်းအတိုင်းသာသွားမယ်လို့ ပြောနေတယ်။ လူဟောင်းတွေနဲ့ လမ်းဟောင်း ဆက်လျှောက်မယ်တဲ့။ မြန်မာပြည် ဘယ်ဆီဦးတည်နေပါသလဲ။ ချောက်တွင်းထဲက မတက်နိုင်သေးပါ။

ယာဉ်မောင်းတဲ့သူ ပြောင်းရမယ်။ လမ်းကြောင်းပြောင်းရမယ်။ လမ်းသစ်ဖေါက်ရမယ်။ စီးနေရသေးတဲ့ လှည်းကြမ်းနဲ့ပဲ ဖြတ်ကျော်ကြရမယ်။ နွားတွေသန်တယ်။ လူတွေဥာဏ်သုံးပါ။ ကံသုံးပါး အားကိုးပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး