Respect လေးစားသမှု

ကျွန်တော့်တူ ယူသွားဝက်သား မစားပဲနေခဲ့တယ်တဲ့။

Ogga Linn မနေ့ညက မုံရွာကနေ ရန်ကုန်အသွား ကားပေါ်မှာ ဗိုက်ကဆာလာရော။ ကားကလဲ မိထ္ထီလာမှ ရပ်မှာ။ အိပ်ထဲမှာ ပါလာတာက ကြက်ဥ၊ အာလူးကြော်၊ ပေါက်စီနှစ်လုံး။ စားချင်တာက ပေါက်စီ၊ ဒါပေမဲ့ ပေါက်စီက ဝက်သားနဲ့ တစ်လုံး၊ ကြက်သားနဲ့တစ်လုံး။ ဝက်သား ကြက်သား ခွဲမထားဘူး။ ဖဲ့ကြည့်မှဘဲသိရမယ်။ ဖြစ်ချင်တော့ ဘေးခုံမှာ ထိုင်တဲ့ ဦးလေးကြီးက မွတ်စလင်။ မွတ်စလင်တွေက ဝက်သား မစားဘူး ဝက်သားမကြိုက်ဘူး ကြားဖူးထားတာကိုး။ မတော် ဝက်သားပေါက်စီစားမိရင် အားနာဖို့အရမ်းကောင်းမှာကြောင့်။့ ကြက်ဥ ပြုတ်နဲ့ အာလူးကြော်စားလိုက်တယ်။ တစ်နေကုန် ဘာမှမစားရသေးတော့ မတင်းတိမ်ဘူးလေ။ ထပ်ပြီး ပေါက်ဆီကို မျက်စောင်းထိုးရော။ ဒါပေမဲ့ ဘေးက ဦးလေးကြီးက ရှိသေးတာကိုး။ Respect ပေါ့။ အဲတော့ ဘာလုပ်လဲဆိုတော့ မျက်စိဘဲမှိတ်ပြီး အိပ်ပစ်လိုက်တာပေါ့။ လူသားအားလုံးကို Respect ထားတယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျုပ်တို့ကစဉ်းစားတွေးခေါ်တတ်ပြီး ယဉ်ကျေးမှုရှိတဲ့ လူသားတွေ ဖြစ်တာကြောင့်။

အေ့း့ ငါ မြန်မာပြည်ကပို့လိုက်တဲ့ ရင်ထိုးလေး ထိုးသွားတယ်။ ဝက်သားမစားတဲ့သူတယောက်က ရင်ထိုးလေးကို ဖလိုင်းကစ်လုပ်တယ်။ မင်း စားချင်တာကိုမစားပဲ လေးစားသမှုပြုတဲ့အကျိုးလို့ ငါမှတ်ယူလိုက်မယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး