The leader သမတနဲ့ ခေါင်းဆောင်

(အီလက်ရှင်) မှာ (စလိုဂင်) အရေးကြီးတယ်။ (ဖဆပလ) ခေတ် နောက်ဆုံးရွေးကောက်ပွဲကို ကလေးတန်းကနေ ကြည့်ရဖူးတယ်။

မုံရွာကနေ ညောင်ပင်ကြီးဖက်အကူး ကူတို့ဆိပ်က ဧရာမကုက္ကိုပင်မှာကပ်ထားတဲ့ ဦးနုဦးဆောင်တဲ့ သန့်ရှင်း (ဖဆပလ) ရဲ့ “ကိုယ်ကောင်း ခေါင်းဘယ်မှမရွေ့” ဆောင်ပုဒ်ကို အခုထိမှတ်မိနေသေးတယ်။ ဦးဗဆွေရဲ့ တည်မြဲ (ဖဆပလ) မှာလည်း ဆောင်ပုဒ်တော့ရှိတယ်။ ခေါင်းထဲမှာမကျန်ရစ်ပါ။

ပြည်ခိုင်ဖြိုးမှာ သမတလုပ်နိုင်သူတွေအများကြီးရှိဆိုပဲ။

ကျွန်တော်ကတော့ “ကိုယ်ကောင်းရင် တိုင်းပြည်ကို ခေါင်းဆောင်နိုင်တယ်” လို့ အနီရောင်မှာရေးချင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ သမတဆိုတာ ခေါင်းဆောင်မဟုတ်ဘူး။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး