Mweton Minywa မွေ့တုံ မင်းရွာ

ပို့စ်တခု = ၁၉-၁ဝ-၂ဝ၁၅ နေ့မှာ ပုလဲမြို့နယ်၊ မွေ့တုံနဲ့ မင်းရွာက NLD လွှတ်တော်ကိုယ်စားလှယ်များကို မြင်းတွေနဲ့ လာကြိုကြတာပါ။

ပုလဲတောင်ဖက်က သုံးတိုင်အကွာ မင်းရွာ
၄၈ က ကျွန်တော့် ချက်မြုပ်ရာ
၉ဝ တုံးက ရွာမှာ နိုင်ငံရေးတရား သွားမဟောခဲ့ရပါ
လာဖမ်းတော့လည်း ပုန်းနေလို့မရခဲ့ပါ

၂ဝ၁၅ အတွက်ကြ မွေ့တုံရော မင်းရွာပါတက်ကြွ
အမျိုးတွေက တအိမ်တယောက်မက
ကျွန်တော့်နှမ ထိပ်ဆုံးက နောက်ဆုံးက လူမမြင်ရ
ကျွန်တော်လည်း ရှေ့ဆုံးက အဝေးက လူမမြင်ရ
ဒါပေမယ့် အားရ ငါ့ဇာတိကွလို့ ပြောလို့ရ

ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး