Report Card လက်ရှိအစိုးရ၏ ရီပို့ကပ်

အစိုးရပိုင်သတင်းစာကြီးနှစ်စောင်ကနေ အစိုးရရဲ့ စွမ်းဆောင်မှုများဆိုပြီး လေးမျက်နှာပြည့်ဖေါ်ပြလိုက်ပါတယ်။

တရက်တည်းမှာ နိုင်ငံတကာမီဒီယာမှာထွက်လာတာကတော့ ကျောက်စိမ်း - မြန်မာ့အကြီးဆုံး နိုင်ငံတော်လှို့ဝှက်ချက် ဆိုတဲ့အစီရင်ခံချက် ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ ဒိအရင်ကလည်း Global Witness ကနေ ထုတ်ပြန်ခဲ့တာတွေ ရှိထားပါတယ်။

၁။ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့

၂။ သေနတ်များ၊ ခရိုနီများနဲ့ စိုက်ပျိုးသီးနှံ

၃။ မြန်မာအစိုးရဟာ ထုတ်ကုန်စက်မှုလုပ်ငန်းတွေကို ပြောသလိုလုပ်မှာလား၊ ကျောက်စိမ်းကုန်သွယ်ရေးဟာ စမ်းသပ်ဘို့ အကောင်းဆုံးဖြစ်တယ်

၎။ မြန်မာပြည်က ရာဘာထုတ်လုပ်ရေး အနာဂတ်

၅။ ရှဲလ်က ခွဲတော့မယ်

၆။ ကိုကာကိုလာ ဆိုးဝါးလှတဲ့စစ်တပ်ကုမ္ပဏီနဲ့တွဲလုပ်တော့မှာလား

၇။ မြန်မာပြည်က အကတိလိုက်စားမှုပပျောက်ရေးအပေါ်မှာ ထိရောက်အောင်လုပ်နိုင်မှာလား

အစိုးရရေးတာဟာ ရွေးကောက်ပွဲနဲ့ချိန်ကိုက်ပြီး ပြောချင်ပြချင်တာတွေကိုသာ တဖက်သတ်ဖေါ်ပြချက်ဖြစ်တယ်။ အစိုးရပိုင်မီဒီယာကို အာဏာယူပါတီရဲ့ ကြော်ငြာလိုမလုပ်အပ်ပါ။ လက်ရှိအစိုးရစွမ်းဆောင်မှုနဲ့ အားနည်းချက်တွေကို အမှန်အတိုင်းသိချင်ရင်တော့ သမာသတ်ရှိရှိ သုတေသနပြုထားတာတွေကို ဖတ်ရှုနားထောင်အပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး