Dussehra ဒပ်ဆီးရာ

Dussehra (ဒပ်ဆီးရာ) ပွဲကို အိန္ဒိယမှာ ကြီးကြီးကျယ်ကျယ်ကျင်းပကြတယ်။ အရုပ်ကြီး မီးရှို့တဲ့ပွဲလို့ ကျွန်တော်တို့က အလွယ်ခေါ်ကြတယ်။ မနေ့ညကလုပ်သွားလို့ ဒေလီနေမိတ်ဆွေတွေက ပုံတွေတင်ကြတယ်။ ကျွန်တော်နေခဲ့တဲ့အိမ်နဲ့ ပွဲလုပ်ရာကကပ်နေလို့ ဗျောက်သံတွေက မခံနိုင်အောင်ဆူညံတာကိုပါ သတိရမိတယ်။

Dussehra (ဒပ်ဆီးရာ) ဆိုတာ Vijayadashami (ဗီဂျေယာဒါရှမီး) ကို အတိုခေါ်တာပါ။ သက္ကတ (သင်္သကရိုက်) ဘာသာနဲ့ Dasha-hara ဖြစ်တယ်။ Dashanan ravan (ဒက်ရှန်နန် ရာဗန်) ကို အရုပ်လုပ်ပြီး မီးတင်ရှို့ကြတာပါ။ Lord Rama (ရာမ) ဘုရားကနေ မကောင်းဆိုးဝါးဘုရင် ခေါင်းဆယ်လုံးရှိတဲ့ Ravana (ရာဗာနား) ကို အနိုင်ယူတာဖြစ်ပါတယ်။ (ရာဗန်) ကို (ရာဝဏ) လို့လည်းအသံထွက်တယ်။ မြန်မာတွေက ဒဿဂီရိ ခေါင်းဆယ်လုံးနဲ့ဘီလူးလို့ခေါ်ကြပါတယ်။

Goddess Durga (ဒူရဂါ) နတ်သမီးကနေ မကောင်းဆိုးဝါး Mahishasur (မဟီသျှာဆူးရာ)း ကို အနိုင်ရတဲ့ အထိန်းအမှတ်လည်း ဖြစ်ပါသတဲ့။

ဒေလီမှာ အဲလိုအရုပ်ကြီးမီးရှို့ပြီးတာနဲ့ အေးပြီလို့မှတ်ထားတယ်။ မကောင်းဆိုးဝါးတွေကျဆုံးခြင်းနဲ့ ဆေးချမ်းမှုကို ကိုယ်စားပြုတဲ့ပွဲမျိုး မြန်မာပြည်မှာလည်း ကျင်းပနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၅
Photo by Nopi Lay

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး