Just Art အတုပညာ

ကျွန်တော့်ပို့စ်တခု = Manipur film unveils Myanmar’s Hell Hole မြန်မာပြည်ကငရဲကျတဲ့ ကသည်းရုပ်ရှင်

ရုပ်ရှင်ကြော်ငြာကိုကြည့်ပြီး မြင်တတ်သူတွေတွေက စစ်သားတွေကိုင်တဲ့သေနတ် မတူတာကို ထောက်ပြကြတယ်။

ကျွန်တ်ာလည်း ရုပ်ရှင်ထဲမှာ ဆရာဝန်၊ ဆေးရုံခန်းပါလာရင် အူယားတယ် ပြောချင်လွန်းလို့။

အစစ်နဲ့အတုမှာ တခါတလေ အတုကတောင်ပိုကောင်းတာမျိုးလည်း ကြုံဘူးကြမှာပါ။

အနှစ် ၂ဝ ပြည်ပနိုင်ငံရေး၊ အဝေးရောက်အစိုးရလုပ်ရတယ်။ နိုင်ငံတကာစင်မြင့်တွေမှာ စစ်အစိုးရက သူတို့အစိုးရ ကောင်းကြောင်းတွေချည်း ထွက်ထွက်ပြောတယ်။ ကျွန်တော်တို့က သူတို့ဆိုးကြောင်းတွေ လိုက်လိုက်ပြောကြတယ်။

ကျွန်တော်ငယ်ငယ်တုံးက စာသင်နေတဲ့ မုံရွာ အထက (၂) ကို ရုပ်ရှင်မင်းသား (ဦး) ထွန်းဝေ လာပြီးဟောပြေပာတယ်။ အနုပညာဆိုတာ အတုပညာတဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၅
အနုပညာအဓိပ္ပါယ် = လူ့ဖန်တီးနိုင်စွမ်းနဲ့ ကျွမ်းကျင်မှုအရဖေါ်ပြချက် (သို့) လက်တွေ့အသုံးချမှုဖြစ်တယ်။ အထင်ရှားဆုံးကတော့ ပန်းချီ၊ ပန်းပု၊ ထုတ်လုပ်ရေး (ရုပ်ရှင်၊ တေးဂီတ၊ ဗိသုကာ) လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်။ အဓိကအားဖြင့် သူတို့ရဲ့ အလှတရားနဲ့ စိတ်လှုပ်ရှားမှုအစွမ်းကို ထုတ်ဖေါ်ချက်ဖြစ်တယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး