Vote for Education (3) ပညာရေးအတွက် မဲပေးပါ (၃)

• အခြေယိုင် တိုင်ပိုးစား၊ လူကြီးများမရောက်၊
• နံရံပြဲပေါက်၊ ရေနံချေးမလောက်၊
• ဆောက်တုံးကလည်း တအိမ်တယောက်၊
• ကျောင်းပြူတင်းပေါက် ဆင်တကောင်ဝင်လောက်၊
• အောက်ကျတဲ့ပညာရေး အနာဂတ်တွက်ရင်လေး။

• ငွေပေးနိုင်ရင် စာကောင်းသင်၊
• မဲလိုချင်ရင် ကျောင်းမပြင်၊ မဲခိုးဘို့သာပြင်၊
• စနစ်မပြင် လူမပြင်၊
• ဖွဲ့စည်းပုံမပြင် ပလ္လင်ကမဆင်း၊
• မိုက်တွင်းကနက် တိုင်းပြည်ပျက်၊
• ပညာရေးအတွက် မဲပေးကြမဲ့ရက်၊ နိုဝင်္ဘာ (၈) ရက်။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၃
၂ဝ-၁ဝ-၂ဝ၁၅
(ဓါတ်ပုံစိန်ဝင်း၊ မုံရွာ)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး