Change for the better

ကျွန်တော့် ဖေ့စ်ဘွတ်အသစ်လုပ်နေပါတယ်။ လက်ရှိဟာကိုလုပ်ထားတုံးကသုံးတဲ့ အီးမေးလ်အကောင့်ကို အခုနေထိုင်ရာ တိုင်းပြည်မှာသုံးမရတော့လို့ အီးမေးလ်အသစ်လုပ်ရတယ်။ အဲဒီအီးမေးလ်နဲ့လုပ်ထားတဲ့ ဘလော့ခ်တွေကို ပြင်လည်းမရ တင်လည်းမရတော့လို့ ဘလော့ခ်အသစ်လုပ်ရတယ်။ ဖေ့စ်ဘွတ်ကတော့ ဆက်လုပ်လို့ရတာမို့ ဆက်သုံးနိုင်ပါတယ်။

ဒီတိုင်းပြည်မှာ ဘယ်နေရာ ဘာလုပ်လုပ် အိုင်ဒီအစစ်လိုတယ်။ အိုင်ဒီဆိုတာ လူနာမည် (အစ-အလယ်-အဆုံး)၊ မွေးသက္ကရာဇ် (လ-ရက်-နှစ်)၊ ဓါတ်ပုံ၊ နေအိမ်လိပ်စာ၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်လည်းပါတယ်။ အီးမေးလ်အသစ်ကိုသာ သုံးရတယ်။

မနေ့က ဖုန်းလေးတလုံးဝယ်တော့ အဲတာတွေပေးရတယ်။ ဖေ့စ်ဘွတ်သုံးမလားဆိုတာနဲ့ အီးမေးလ်အသစ်နဲ့ ဖေ့စ်ဘွတ် အသစ်တခု ဖြစ်သွားရော။ နှစ်ခုဖြစ်လာတော့ ခေါင်းအတော်ရှုတ်သွားပါတယ်။ စဉ်းစားကြည့်တော့ -

(၁) အိုင်ဒီအစစ်အတိုင်းလုပ်ထားတာက ရှင်းလင်းတယ်။ ပြည်ပထွက်ရကတည်းက ကိုယ့်အိုင်ဒီအစစ်ကို မသုံးနိုင်ပါ။ ဟိုနေရာတမျိုး၊ သည်နေရာတမျိုးလုပ်နေရတဲ့ဘဝကို မကြိုက်ပါ။

(၂) လူသစ်ထည့်ဘို့ ပြောလာသူရင် ဖြုတ်စရာလိုက်ရှာပြီး ထည့်နေရတော့ တချို့ကိုအားနာတာအမှန်ပဲ။ အဲတာကြောင့် အသစ်မှာ စိစစ်ပြီးထည့်ရင် ပိုကောင်းမယ်ထင်တယ်။ အဟောင်း ၅ဝဝဝ ထဲမှာ မသုံးတော့သူတွေ ရှိနေနိုင်တယ်။

အဲတာနဲ့ ဖေ့စ်ဘွတ်အသစ်ကို စရေးနေပါပြီ။ ဖရင်းတယောက်မှတော့ မထည့်သေးပါ။ ရှိပြီးသားစာရင်းထဲကလူတွေကို တယောက်ချင်း ရီကွက်စ် လုပ်ပြီးမှထည့်ပါမယ်။ အတော်လေးနေသားကျရင်တော့ ဒီနေရာမှာပဲ ပြောပါမယ်။

သိုးတဲ့ထမင်းကို အိုးအသစ်ထဲပြောင်းထည့်မှာတော့ မဟုတ်ပါ။ ပိုကောင်းမယ့်ပြောင်းလဲမှုဆိုတာကို ကိုယ်တိုင်ကလုပ်ပြရမယ် မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး