Indelible ink ရာသက်ပန်ဖျက်မရတဲ့မင်

မဲစာရင်းထဲမှာ လူအပိုတွေပါနေတယ်။ တကယ်နေထိုင်သူထက် မဲစာရင်းထဲကလူစာရင်းဟာ နမူနာနည်းနည်းသာ သိရတယ်။ မန္တလေးမဟာအောင်မြေမှာ ၂၅% ကနေ ၆၈% ပိုနေ။ နေပြည်တော်ကောင်စီမှာ ၆ သောင်းပိုနေ။ တောင်ဥက္ကလာမှာ ၉ သောင်းပိုနေတယ်။ အဲလိုပိုတာတွေက လက်ရှိအစိုးရထဲမှာ ပါနေသူတွေ အရွေးခံကြမယ့်နယ်တွေ ဖြစ်နေတယ်။

ကြိုတင်မဲထည့်ရမယ့်မဲပုံးတွေမှာ ချိတ်ပိတ်ထားတာကမသေချာတာတွေ့ရတယ်။ ကော်မရှင်က တိုင်တန်းတာတွေကို အရောင်ဆောင်လုပ်ပြလို့၊ အမှားကြီးတွေနဲ့ ရွေးကောက်ပွဲဆက်သွားပါတော့မယ်။

၁၉၉ဝ တုံးက NLD ပါတီရဲ့ အမှတ်အသား ခွပ်ဒေါင်းကိုသုံးမဖြစ်အောင်၊ ပါတီအမှတ်အသားမှာ အကောင်တွေမပါရလို့ ဥပဒေထုတ်ခဲ့တယ်။ ၂ဝ၁၅ မှာ သူတို့အကောင်ကပိုကြီးတယ်။ ၂ဝ၁၅ မှာ NLD ရဲ့ ကြယ်ဖြူကို အဖြူမထင်အောင် မဲစာရွက်စက္ကူကို အဖြူမသုံးပါ။

မဲတကယ်ပေးတဲ့သူတိုင်းရဲ့ လက်သန်းမှာ Indelible ink တော်တော်နဲ့ဖျက်မရတဲ့မင်တို့ပေးမယ်။ ရွေးကောက်ပွဲအတွက် ကုန်တဲ့စက္ကူတန်ဖိုးနဲ့ မင်တန်ဖိုး အချိုးမကျပါ။

စက္ကူတရွက် မင်တစက် အမဲဖျက်မယ့်ရွေးကောက်ပွဲဖြစ်တယ်။
ကော်မရှင်မျက်နှာမှာ ရာသတ်ပန်ဖျက်မရတဲ့မင်ကို ကိုယ်တိုင်သုတ်နေတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး