Pa-Oh ပအို့

ပအို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီက သူတို့ပါတီကမပြိုင်တဲ့နေရာတွေမှာ ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးပါလို့ PNO ကိုယ်စားလှယ်လောင်းတွေက ပြောသတဲ့။

၁၉၉ဝ ရွေးကောက်ပွဲတုံးက သထုံမဲဆန္ဒနယ်ကနေမြေမှာ NLD ပါတီကနေအရွေးခံရတဲ့ ပအို့အမျိုးသား ဦးခွန်မြင့်ထွန်းနဲ့ စကားမပြောဖြစ်တာကြာပြီ။ NCGUB စင်ပြိုင်အစိုးရဖျက်သိမ်းပြီးကတည်းကပါ။ သူထောင်ကျခဲ့တာ ကျွန်တော်ကနေ ပြည်တွင်းထဲကို လှို့ဝှက်ပို့ပြီးဖြန်ချိခဲ့တဲ့ From dictatorship to democracy စာအုပ်ကြောင့်လို့လည်း သိရပါတယ်။

ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ အစည်းအဝေးတွေမှာ သူ့ကိုမြင်ရတယ်။ သူက PNO ခေါင်းဆောင်ဖြစ်လို့ ၁၅-၁ဝ-၂ဝ၁၅ နေ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတာလည်း တွေ့လိုက်တယ်။

နောက် အပို့အဖွဲ့တခုဖြစ်တဲ့ Pa-Oh National Liberation Organization ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ကနေ အဲလိုပြောတာလို့ ထပ်သိရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး