Uniformity အနီမဝတ်ပေမယ့် ညီညွတ်ကြတယ်

ကျွန်တော်က ရွေးကောက်ပွဲအတွက် စာတိုစာရှည်တွေရေးနေပေမယ့် မဲဆွယ်သီချင်းဆိုလို့ ဆရာတော်တပါးက ပို့ပေးတဲ့ တပုဒ်ကိုပဲ တင်ဖြစ်သေးတယ်။
မနေ့ကကျောင်းမှာ မတူပီကကျောင်းသားတယောက်က သူ့ဖုန်းထဲမှာ အများကြီးရှိတယ်။ Wi-Fi ဝိုင်ဖိုင်ရတဲ့နေရာကျမှ ဆရာ့ဆီပို့ပေးမယ်တဲ့။
ဆရာတော်ဘုရားနဲ့ ချင်းပြည်နယ်သား၊ တမျိုးဖြစ်မနေပေဘူးလား။ အဲ့ အဲဒီမတူပီကျောင်းသားက ခရစ်ယန်ပေမယ့် သူ့ဖုန်းထဲမှာသိမ်းထားတဲ့ မိုးကုတ်ဆရာတော်ကြီးရဲ့ ဆုံးမစကားတခုကိုပါ ကျွန်တော့်ကိုပြလိုက်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၅
https://www.youtube.com/watch?v=PRGafoG7Log&list=PL668C3E70E1182BDF&index=1

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး