Posts

Showing posts from September, 2018

Colors of the Rivers မြစ်တို့၏ အရောင်များ

Image
ငယ်ငယ်က စာတွေဖတ်တော့ ဗော်လဂါမြစ်ရေ နီတွေတွေလို့ တင်စားခဲ့ကြတာဖတ်ရတယ်။ တရုပ်ကွန်မြူနစ်ကို အားကျထောက်ခံသူတွေက ယန်စီမြစ်နဲ့ ပင်လယ်ဝါကို တမ်းတကြတယ်။ မြစ်တွေကို အရောင်တွေနဲ့ ဖော်ကျူးခဲ့ကြတာပါ။ စစ်ကိုင်းဘေးက ဧရာဝတီထဲ သွေးစီးတယ်လို့သိလာပြီးမကြာခင် ကျွန်တော်လည်း နိုင်ငံရေးထဲရောက်ပါတယ်။ ချင်းတွင်းမြစ်ရေအရောင်ကို တခါမှ စာမဖွဲ့ဖူးသေးပါ။ ရေအရောင်လို့သာမြင်တယ်။ ချင်းတွင်းကို ကျောခိုင်းထားရစ်ခဲ့ပြီး၊ မဏိပူရမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ဂင်္ဂါမြစ်၊ ယမုန်နာမြစ်တွေဆီရောက်သွားရတယ်။ မောချွေးတွေ ဇောချွေးတွေ စီးကျခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က သံလွင်မြစ်နဲ့ သောင်ရင်းမြစ်မှာ ဗဟိုချက်ထားခဲ့ရာကနေတော့ ဆုတ်ခွါခဲ့ကြရတော့ သွေးရော၊ ချွေးရော၊ မျက်ရည်ပါ စီးကျပါတယ်။ ကနေ့ မြန်မာပြည်ကမြစ်ကြီးတွေ ကြေးဝါရောင်ဖြစ်သွားပြီလား။ စိမ်းပုပ်နေသလား။ နက်မည်းနေပြီလား။ ဒေါက်တာတင့်ဆွေ ၁-၁ဝ-၂ဝ၁၆ ၁-၁ဝ-၂ဝ၁၈

Yamuna River ရွှေငကြင်းတို့ ပိုက်တွင်းမှာ သူတို့ခုန်

Image
၁။ ယမုန်နာဆိုတာ ဘာအဓိပ္ပါယ်လဲခင်ဗျ။ ၂။ ဆရာ နယူးဒေလီက ဆရာ့ရဲ့စေတနာဆေးခန်းကို ယမုန်နာလို့ပေးထားတယ်။ မက်ထရိုစီးရင်း နယူးဒေလီ မကျော်ခင်လေးမှာနဲ့ ယူပီပြည်နယ်ထဲမှာ ယမုန်နာမြစ်ရှိတယ်။ ယမုန်နာမြစ်က ဗုဒ္ဓဝင်သမိုင်းမှာ ပါသလား။ ယာမုန်နာလား၊ ယမုန်နာလား သိပ်ဝေခွဲမရပါ။ ၃။ သမီးလေးကို ယမုန်လို့ နာမည်ပေးချင်သူက မေးတယ်။ ဘယ်လို အဓိပ္ပါယ်ရှိမလဲတဲ့။ ယမုန်လို့ သပ်သပ် မရှိပါ။ အဓိပ္ပါယ်ဖွင့်မရ။ အသံထွက်လှလို့ အမည်မှည့်ခေါ်တာရှိ။ ယမုန်နာဆိုတာ မြစ်တစင်းအမည် ဖြစ်တယ်။ မြန်မာ့ရှေးသီချင်းကြီးတွေထဲမှာ ယမုန်နာပတ်ပျိုးရှိတယ်။ ကျွန်တော်တို့က ယမုနာ၊ ယမုန်နာလို့လည်း ရေးကြတယ်။ သူ့မွေးဇာတိတိုင်းပြည် အိန္ဒိယမှာ ဟင်ဒီစကားနဲ့ ဂျမူနာလို့ ခေါ်တယ်။ ဂင်္ဂါမြစ်ကြီးရဲ့ ဒုတိယအကြီးဆုံးမြစ်လက်တက်ဖြစ်တယ်။ ဟိမဝန္တာမှာရှိတဲ့ ယမူနိုထရီ ရေခဲပြင်စကနေ မြစ်ဖျားခံတယ်။ ၈၅၅ မိုင်ရှည်လျားတယ်။ ဟိန္ဒူဘာသာရေးမှာ ဂင်္ဂါမြစ်ကြီးပြီးရင် ယမုန်နာကိုလည်း ကိုးကွယ်ရာတခုလို တန်ဖိုးထားခံရတယ်။ ဟိန္ဒူဒဏ္ဍာရီထဲမှာတော့ ယမုန်နာကို သူရိယနေမင်းကြီးရဲ့သမီးတော်၊ သေမင်းနတ်သမီးလို့ တင်စားထားတယ်။ ရှေးအတိတ်ကာလမှာ ယမုန်နာမြစ်ရေဟာ ဟိမဝန္တာကနေစီးဆင်းလာပြီး အင်မတန် ကြည်လင် အေးမြခဲ့တယ

ဂျူလီယက်ဆီဇာ

Image
ရန်ဘက်တချို့က - ရန်ဘက်တစ်ချို့က မဟုတ်။ မုန်းထားသူတချို့၏ - မုန်းထားသူတစ်ချို့၏  မဟုတ်။ (၂၆-၇-၁၉၇၅ နေ့ထုတ် ရွှေသွေးဂျာနယ်မှ) The Roman Empire ရောမအင်ပါယာ https://doctortintswe.blogspot.com/2017/11/the-roman-empire.html Cleopatra ကလီယိုပါထရာ https://doctortintswe.blogspot.com/2018/09/cleopatra.html ဒေါက်တာတင့်ဆွေ

ဇွဲ

Image
ဗမာတမျိုးလုံးရဲ့တာဝန်တွေကို လုံ့လဝီရိယဇွဲနဲ့ခဲရင် ဧကန်မလွဲ အမြဲအောင်နိုင်မည် ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ ပုံခိုင်းလို့ဆိုပြန်သည် ကောက်ရိုးမီးတမျှ ဝုန်းကတည်းထသည် ပြီးတော့တလီ ကျွန်တော့်အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည် ဆော်ဒါလင်မနစ်ရည် ဖေါက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ အများကဆိုပြန်သည် အဲတာကြောင့် မခံချင်သည် စံတင်လို့ပြကြစို့ရဲ့ အမှန်ပင်ဝီရိယနဲ့ ဗမာမှန်သမျှ လုပ်ပြစေချင်သည် ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည် လုံ့ဝီရိယဇွဲကို မြဲအောင်ပဲအတည် အသဲထဲမှာစွဲကာ ပိုင်ပိုင်နိုင်နိုင် မြိုင်မြိုင်ဆိုင်ဆိုင် အထက်တန်းကျကျနန သတ္တိဗျတ္တိ ရှိကြစေချင်သည် ဗမာပြီပြီ စွမ်းဆောင်ကြဘို့တလီ ယောက်ျားအာဇာနည် ကောင်းကင်ကြယ်ကိုမလွတ်တမ်း ဆွတ်လှမ်းနိုင်ဘို့အတည် အထက်ပါစကားသည် မြွက်ကာကြားသည် ကြံကာစည် အဖန်ဖန်ကြားလို့ ပန်ကြားရပြန်သည် ပင်လယ်ပြင် ကူးခပ်သည် တကယ်ပင် ထူးမြတ်သည် သူဇွဲကောင်းလို့အောင်ပါသည် အလောင်းတော်ဇနက ပြုမူခဲ့သည် ယောက်ျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည်

World History ကမ္ဘာ့သမိုင်း

Image
မြန်မာ့ရာဇဝင် နဲ့ ကမ္ဘာ့သမိုင်းကို အလယ်တန်းနဲ့ အထက်တန်းမှာ သင်ယူခဲ့ရတယ်။ ရှည်လျားများပြားလွန်းတဲ့ အဖြစ်အပျက်တွေထဲကနေ ကျောင်းသားတွေအတွက် ထုတ်နှုတ်သင်ပေးတာဖြစ်လို့ ဆင့်ပါးစပ်နှမ်းပက်အဆင့်ထက် ပိုမသိခဲ့ပါ။ ဆေးကျောင်းသားဘဝမှာ စစ်တပ်ကအာဏာသိမ်းတော့ ဆိုရှယ်လစ်စာအုပ်တွေမှာ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်လို့ လေးပိုင်း ပိုင်းထားတယ်။ နိုင်ငံရေးလောကထဲရောက်တော့ ပိုပြီးကျယ်ပြန့်တာနဲ့ အစွဲကင်းလောက်တာတွေ ရှာဖတ်ရပါတယ်။ များလည်းများတယ်။ ရှားလည်းရှားတယ်။ လူ့သမိုင်းကို အမျိုးမျိုးပိုင်းခြားပြကြတယ်။ ကျောက်ခေတ်၊ ကြေးခေတ်နဲ့ သံခေတ်။ သမိုင်းမတင်မီနဲ့ သမိုင်းတင်ခေတ်။ ရှေးခေတ် (ဘီစီ ၃၆ဝဝ မှ အေဒီ ၅ဝဝ)၊ အလယ်ခေတ် (အေဒီ ၅ဝဝ မှ ၁၅ဝဝ) နဲ့ ခေတ်သစ် (အေဒီ ၁၅ဝဝ နောက်ပိုင်း)။ လူသားတွေဟာ အစဦးကာလတွေမှာ ဆက်ဆံရေးနယ်ပယ် အတော်ကျဉ်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ နယ်ကျယ်လာတယ်။ အစမှာ ဒေသတွင်းကလူတွေနဲ့သာဆက်ဆံကြတယ်။ အေဒီ ၆ဝဝ လောက်ကနေ ၁၄၅ဝ လောက်အထိ။ နောက် နယ်ပိုပြီး ကျယ်လာတယ်။ တကမ္ဘာလုံးခြေဆန့်ဆက်ဆံရေးက ၁၄၅ဝ ကနေ ၁၇၅ဝ အထိခေါ်တယ်။ ၁၇၅ဝ ကနေ ၁၉ဝဝ အထိကို စက်မှုတော်လှန်ရေးနဲ့ ကမ္ဘာလုံးဆက်ဆံရေးကာလလ

Questions မေးခွန်းများ

Image
Hypertension သွေးတိုးမေးခွန်း ဆရာခင်ဗျာ သွေးတိုးရှိသူ မုန့်ဟင်းခါး (ငါး) နဲ့မတည့်ဟု သိရပါတယ်။ မုန့်ဟင်းခါး(ငါး)ထဲက ဘယ်အစားအစာက သွေးဖိအားကို တိုးစေတာလဲ သိပါရစေခင်ဗျ။ ငါးနဲ့ သွေးတိုးမတည့်လို့ ဘယ်လိုလူတွေကပြေသလဲ မသိ။ သွေးတိုးဆိုတာ အငန်နဲ့ မတည့်ပါ။ ကိုယ်အလေးချိန်များသူ သကြားလည်း လျှော့ရတယ်။ ငါးဆိုတာ ကျန်းမာရေးအတွက် အလွန်ကောင်းတယ်။ ငါးကို ချက်ရင် ကြော်ရင်သာ ဆား၊ ငန်ပြည်ရည်၊ အချိုမှုံ့တွေ မထည့်သင့်ပါ။ • High blood pressure သွေးတိုးအမေး http://doctortintswe.blogspot.com/2016/03/high-blood-pressure-question.html • Hypertension (1) သွေးတိုးရောဂါ (၁) http://doctortintswe.blogspot.com/2014/11/hypertension-1.html • Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html • Medicines for High Blood Pressure သွေးတိုးဆေးများ http://doctortintswe.blogspot.com/2014/12/medicines-for-high-blood-pressure.html သွေးတိုးသက်သာအောင် ငန်-ချို-ဆီ ရှောင်။ ဆေးအမြဲဆောင်။ Dr. တင့်ဆွေ Diabetes ဆီးချိုမေးခွန်း မင်္ဂလာပါ ဆရာ သမီးအမေက အသက် ၆၄ နှစ်ပါ ဆီးချိုရောဂ

ပြည် နှင့် ပြီ

Image
မင်္ဂလာပါဆရာ ပြည်တည်အနာ နဲ့ ပြီတည် ဘယ်စာလုံးက အမှန်လဲ သိပါရစေခင်ဗျာ ပြည် ဆန်တပြည် တိုင်းပြည် ပြည်စွန်ရွာနား ပြည်ဆံတော်ဘုရား ပြည်တည်တည် (ပြက်ရယ်ပြုသည်) ပြည်တန်ပတ္တမြား ပြည်တီတီ (ပြက်ရယ်ပြုသည်) ပြည်ထဲရေး ပြည်ကြီးပန်း (ဗေဒါပန်း) ပြည်ပန်းညိုပင် ပြည်ဖုံးကားချ ပြည်မြို့ ပြည်ရှင်မင်းကြီး ပြည်လုံးကျွတ် ပြည်ဝတ်တည် ပြည်သူပြည်သား ပြည်တော်ပြန် ပြည်တော်သာ ပြည်ထောင်စု ပြည်ထောင်စု ပြည်ပြေး ပြည်နှင်ဒဏ် အနာပြည်တည် ရွှေပြည်စိုးငှက် လေပြည်လေညှင်း ပြီ ချမ်းသာပြီ၊ စကားပြီ များလေပြီ ပြီးပါပြီ၊ ပြီပြီမတတ် ပြီပြီမရှိ ပြီပြီသသ ပြီပြီသား လာပါပြီ၊ သွားပါပြီ၊ သွားလေပြီ ဟန်ကျပြီ၊ ဟုတ်လှပြီ၊ အချိန်သင့်ပြီ ကောင်းပြီ ပျောက်ပါပြီ နှစ်ဆူပြီးပြီ ပါပြီလို့ရေးရမှာကို ပါပီလို့ရေးနေကြတယ်။ စပြီးကို စပီးလို့ရေးနေကြတယ်။ မှားတယ်။ ဖြစ်ကိုလည်း ဖစ်တဲ့။ မှားတယ်။ ဒေါက်တာတင့်ဆွေ

တပြည်သူ မရွှေထား

Image
ပို့စ်တခုမှာ သပြေသူလို့ မှားနေတာ တွေ့တယ်။ ဝတ္ထုအမည်ကတော့ တပြည်သူ မရွှေထား။ ရုပ်ရှင်အမည် သီချင်းအမည်တွေလည်း မမှားပါ။ အဲလိုပဲ အရင်ကထုတ်ထားတဲ့စာအုပ်တွေကို ရေးတင်သူတွေက စာအုပ်အမည်ကို တစ်သတ်ပုံအမှားတွေနဲ့ ရေးကြတယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးသားတဲ့စာအုပ်တွေဟာ ကျွန်တော်တို့ အထက်တန်းနဲ့ ဆေးကျောင်းသားခေတ်မှာသာမက ကနေ့အထိတိုင် ထင်ရှားပြီး စာဖတ်သူတွေကို အလွန်စွဲလမ်းစေပါတယ်။ စာအုပ်တွေကို ပြန်ထုတ်ကြတယ်။ သတ်ပုံတွေကို ပြင်ထားကြတယ်။ စာအုပ်အဖုံးမှာ တစ်မဟုတ်ဘဲ ကြော်ငြာသူတွေက တစ်လုပ်ထားကြတယ်။ တပြည်သူ မရွှေထားကို တစ်ပြည်သူမရွှေထားလုပ်ထားကြတယ်။ ကျွန်တော့်ဆီမှာ မူရင်းစာအုပ်တချို့ရှိပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးခဲ့တဲ့ သတ်ပုံနမူနာနည်းနည်းလောက်ကို တင်ပြပါတယ်။ ဟိုတခါတုန်းကကဲ့သို့ပင် https://doctortintswe.blogspot.com/2018/02/blog-post_76.html ဟိုတခါတုန်းကကဲ့သို့ပင် ငွေလရောင်မှ ရွက်ကြွေတောများကို ညိုလတ်မြင်သည်။ ဟိုတခါတုန်းကကဲ့သို့ပင် ညိုလတ်သည် ညင်သာစွာ စတင်သီဆိုသည်။ ငွေလာသာသော နွေညပြာပြာဆီ၊ မြူလွှာမှုန်ရီ၊ သရဖီသင်း နှင်းကလဲ့စီ၊ ဝါရွက်တို့ ကြွေပြလေပြီ၊ သည်းသည်းရုတ်ရုတ်၊ တဖြုတ်ဖြုတ်တချီ၊ နွဲ့ယဲ့ယဲ့ ဝဲကာတလီ့ စွ

သတ် နှင့် သပ်

Image
၁။ ဆရာရှင့် တဖက်သတ်လား တဖက်သက်လား ဝေခွဲမရတော့လို့အချိန်ရရင်ဖြေပေးပါ တောင်းဆိုပါတယ်ရှင့် တဖက်သတ်လို့ ရေးရတယ်။ ၂။ ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလဲဆရာ။ စမ်းသပ်လို့ ရေးရတယ်။ ၃။ ကျနော် ညာဘက်လက်နှင့် စာရေးပါတယ်။ အရင်ကစာရေးရင် အတန်အသင့်လှပြီး သက်သက်ရက်ရက် ရှိပါတယ်။ ၃/၄ နှစ်လောက်ရှိပါပြီ စာရေးရင် ထိမ်းမရဘဲ အောက်ဘက်ကို ဆွဲဆွဲသွာပါတယ်။ အရင်ကရေးသလို သက်သက်ရပ်ရပ်လည်းမရှိ လှလည်းမလှတော့ပါ။ သပ်သပ်ရပ်ရပ်လို့ ရေးရတယ်။ ၄။ ဆရာ သတ်တု နဲ့ သတ်ထု အကြောင်းလေး သိချင်ပါတယ်။ သတ္တု = ရွှေ၊ ငွေ၊ သံ၊ ခဲ ကဲ့သို့သော ဒြပ်စင်။ သတ် ကတ်ကတ်သတ်သတ် ကန့်သတ်ထားသည် စသတ် ဆီသတ် တသတ် ဓမ္မသတ် နပန်းသတ် နယ်ပယ်သတ်မှတ် ပရိသတ် ပသတ် မီးသတ် မြင်းဇက်သတ် ရက်သတ်မှတ်လိုက်ပြီ လက်စသတ် လက်ဝှေ့သတ် သံသတ်ပင် သတ္တဝါ သတ္တု = (တ) = ရွှေ၊ ငွေ၊ သံ၊ ခဲ ကဲ့သို့သော ဒြပ်စင်။ သတ္တုကျ = (တ) = အပြစ်တာဝန် စုပုံရောက်ရှိ။ သတ္တုချ = (တ) = ဝေဖန်ဆန်းစစ်သည်။ သတ္တုတွင်း သတ္တဘာဂနတ် သတ္တမ သတ္တရည် သတ္တရဘန် သတ္တဝါ သတ္တိ သတ္တုချ သတ္တုဓာတ် သတ္တဗေဒ သတ္ထန္တရကပ် သတ်ပုံသတ်ညွှန်း သတ်နင်း = (သတ္ထု + မဒ္ဒန) = (ထ) = ရန်ကိုနှိမ်နင်းနိုင်သောမင်း သတ်နင်

Interview အရှိအတိုင်းသာ

Image
မနေ့က အင်တာဗျူးဖြေရတယ်။ အိန္ဒိယမှာနေတုန်းကတော့ မကြာခဏဖြေခဲ့ရတာ။ ဒီတိုင်းပြည်ရောက်တော့ မြန်မာဘာသာနဲ့လွှင့်တဲ့ ရေဒီယိုတွေကနေ ဖုန်းနဲ့ မေးပါသာဖြေရတော့တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းကတော့ ဗွီအိုအေက တကူးတကဖိတ်လို့ ဝါရှင်တန်ဒီစီက စတူဒီယိုအထိသွားရပါတယ်။ ကျေးဇူး။ မနေ့က အမေရိကန် ဖရီးလင့်စ်ဂျာနယ်လစ်တယောက်က အိမ်တိုင်ရာရောက်လာပြီး ဗျူးတယ်။ ရခိုင်အရေးမှာ နိုင်ငံတကာကအမြင်တွေနဲ့ ကျွန်တော်တို့ပြည်တွင်းကအမြင်တွေ ဘာကြောင့် အဲလောက်ထိ ကွာခြားပါသလဲတဲ့။ နာရီဝက်မကကြာကြာ ကြိုးစားဖြေလိုက်ပါတယ်။ ဗီဒီယိုဂျာနယ်လစ်က ရီဆာ့ခ်ျလည်းလုပ်လာတဲ့သူ။ ယမုန်နာဆေးခန်းအကြောင်းပါ မေးသေးတာ။ အမေးအဖြေတွေ ပြီးတော့ ကျွန်တော်နေတဲ့အိမ်နဲ့ ပန်းပင်သစ်ပင်လေးတွေကိုပါ ရိုက်သွားသေးတယ်။ ကျွန်တော်ဖြေတာတွေက ဖိုက်စတားဟော်တယ် လော်ဘီမှာ မဟုတ်ပါ။ အရှိအတိုင်းသာဖြစ်ပါတယ်။ ဆလိုက်မီးရောင်အောက်မှာ မိတ်ကပ်နဲ့ မဟုတ်ပါ။ သဘာဝကျတာတွေသာဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၈

A မှားရေးတာကို မှန်တယ်ထင်နေကြတယ်

Image
ဒီမှာတော့ စက်တင်္ဘာ ၃ဝ ရက်သာရှိသေးတယ်။ ဧ ဂျွန် စက် နို ၃ဝ ဆို၊ ဖေကို ၂၈၊ ကျန်သောလမှာ ၃၁။ အုတ်ကျစ်ကျော်အေး မန္တလေး။ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း။ မင်းဖြူမှန်မှန်ပြော မင်းကွန်းခေါင်းလောင်းကြီး ပိဿာချိန်။ အေ တခု၊ တကောင်၊ တယောက်။ ငယ်ငယ်လေးကတည်းက ကျက်မှတ်ခဲ့တာတွေ အခုထိ မမေ့သေးပါ။ အေ နဲ့ ပုဂံဘုရားကိုတော့ အတော်များများက မှားရေးတာကို မှန်တယ်ထင်နေကြတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၈

Drugs Links မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့

Image
ကနေ့ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၅၄ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တယ်။ သဝဏ်လွှာထဲမှာ ၂၆-၆-၂ဝ၁၈ နေ့က ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အခမ်းအနားမှာ သမတကြီးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာ တနိုင်ငံလုံး ပြည်သူတရပ်လုံး အမျိုးသားရေးတာဝန်ကြီးတရပ်လို့ ပြောကြားကြောင်း ဖတ်ရတယ်။ သမတမိန့်ခွန်းကို ကျွန်တော့်ပို့စ်မှာသုံးတာ ဆင်ဆာလုပ်လိုက်တယ်။ တစ် သုံးလုံးကို ပြင်လိုက်တယ်။ • Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html • Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html • Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html • Burundanga ပဒိုင်းပွင့်လိုဆေး https://doctortintswe.blogspot.com/2014/10/burundanga.html • California nuns fight ban on marijuana businesses ဆေးခြောက်နှင့် သီလရင် https://doctortintswe.blogspot.com/2016/02/california-nuns-fight-ban-on-marijuana.html • Carfentanyl ဆင်ဖြူတော် မူးယစ်ဆေး http://

Cholecystitis သည်းခြေအိတ်ရောင်ခြင်း

Image
ဒေါက်တာရှင့်သည်းခြေအိတ်ယောင်နေပါသဖြင့်ဘယ်လိုနေထိုင်နေထိုင်စားသောက်ရမလဲရှင့်ကျေးဇူးပြုပြီးဖြေပေးပါရှင် ဖြစ်တဲ့သူ ကျား-မ မသိ။ အသက် မသိ။ ရောင်လို့ ရေးရတယ်။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ 1. Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ http://doctortintswe.blogspot.com/2015/01/cholecystectomy-q-and.html 2. Cholecystitis သည်းခြေအိတ်ရောင်ခြင်း http://doctortintswe.blogspot.com/2015/01/cholecystitis.html 3. Gallbladder cancer သည်းခြေအိတ်ကင်ဆာ http://doctortintswe.blogspot.com/2015/06/gallbladder-cancer.html 4. Gallstones သည်းခြေကျောက် http://doctortintswe.blogspot.com/2015/01/gallstones.html မ ပါရှင့်။ ၂၆နှစ်ပါ။ အမှားပါလို့ တောင်းပန်ပါတယ်ရှင့် အရင်ကလည်းမေးတယ်။ ရောဂါဆိုတာ ဆုံပြီးဖြစ်တတ်လို့ သတိထားကြစေချင်တယ်။ ဆရာရှင့် သည်းခြေအိတ်ရောင်ရင် ဘယ်လို sign တွေပြပြီး ဘာတွေ သတိထားသင့်ပါသလဲရှင့်။ သည်းခြေအိတ်ရောင်ခြင်းဟာ သည်းခြေကျောက်ရှိနေရင်၊ ခေါ်အသားပိုဖြစ်နေရင်၊ သည်းခြေရည်လမ်းပိတ်နေရင် ဖြစ်နိုင်တယ်။ သည်းခြေအိတ်ထဲမှာ ပိုးဝင်ခြင်း၊ ဖြစ်တဲ့ တစ်ရှူးခေါ် အပိုင်းအစနေရာသုံးမရဖြစ်ခြင်းနဲ့ အဲဒီေ

ကောသလမင်း အိပ်မက် (၁၆) ချက်

Image
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ကောသလမင်းကြီးမြင်မက်သော အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်ကို မိဖုရားကြီးအား ပြောပြရာ မိဖုရားကြီး၏တိုက်တွန်းချက်အရ ကောသလမင်းသည် မြတ်စွာဘုရားထံ အိပ်မက်အကြောင်း သွားရောက်လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် အနာဂတံဉာဏ်တော်ဖြင့် ဆင်ခြင်၍ နောင်အနာဂတ်တွင် ဖြစ်ပျက်မည့် အကျိုးအပြစ်တို့ကို အစဉ်အတိုင်း ဟောကြား နှစ်သိမ့်တော်မူခဲ့သည်။ နှစ်ပေါင်း ၂၅၀ဝ ကျော်လာသော ယခုခေတ်တွင် ဘုရားဟောပြချက်ဖြစ်သည့် ကောသလအိပ်မက်တို့သည် အမှန်စင်စစ် ကိုက်ညီလျက် တွေ့ကြုံနေကြရပါသည်။ ကောသလမင်း အိပ်မက် (၁) အရပ်လေးမျက်နှာမှ လေးကောင်သော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါးငတ်မွတ်ခြင်း ဖြစ်လတ္တံ့။ နွားနက် လေးခု ဝှေ့မူဟန်ပြင်၊ မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့် ပျောက်စင်။ ကောသလမင်း

China reports 14% surge in new cases တရုပ်ပြည်မှာ HIV ကူးစက်မှုများလာ

Image
၂၉-၉-၂ဝ၁၈ နေ့ သတင်းဖြစ်တယ်။ တရုပ်ပြည်မှာ HIV ဖြစ်နှုန်း ၁၄% တက်လာတယ်။ ကူးစက်ခံထားရသူ စုစုပေါင်း ၈ သိန်း ၂ သောင်းရှိတယ်။ ၂ဝဝ၈ ခုနှစ်အတွင်း လူနာသစ် ၄ သောင်းတိုးလာတယ်။ အများအားဖြင့် လိင်မှုကနေကူးစက်တာဖြစ်တယ်။ အရင်ကတော့ သွေးကနေကူးတာများတယ်။ အခု သွေးကနေကူးစက်တာ သုညသာရှိတော့တယ်။ လိင်တူကနေကူးတာလည်း များတယ်။ မြန်မာပြည်မှာ ကျဆင်း နည်းပါး ပပျောက်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၉-၉-၂ဝ၁၈

သမိုင်းဝင် ပုဂ္ဂိုလ်များ

Image
ရွေးကောက်ပွဲတွေနီးလာရင် အပြိုင်အဆိုင် ကိုယ့်ပါတီအနိုင်ရရှိရေးအတွက် ပြောကြ ဟောကြ ရေးကြတယ်။ ကျွန်တော်ပါခဲ့တဲ့ ၁၉၉ဝ လို ဟိုးအရင်ကဟာတွေ ထားလိုက်ပါမယ်။ ၂ဝ၁၂ တုန်းကတခါ၊ ၂ဝ၁၅ မှာတခါနဲ့ အခုတခါ။ ကွာခြားတဲ့အချက်တခု သတိပြုမိလာတယ်။ အင်နယ်လ်ဒီက ပါတီထောင်ကတည်းက ခေါင်းဆောင်တွေပုံ ပြန်တင်ကြတယ်။ ဦးကြည်မောင်တို့ ဦးဝင်းတင်တို့ စသဖြင့်ပါတယ်။ တဖက်ပါတီက ဗခမကသန်းရွှေပုံ မတင်ပါ။ သမတဟောင်း ဦးသိန်းစိန်ပုံလည်း မတင်ပါ။ အဲတာ ကွာခြားချက်ပဲ။ ဒေါက်တာတင့်ဆွေ ၂၉-၉-၂ဝ၁၈

IUD ကောပါးတီ မေးခွန်း

Image
မင်္ဂလာပါဆရာရှင့် ကျွန်မအသက် ၃၂ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးက ၁နှစ် ၁လရှိပါပြီ။ 14-2-2018 တွင် IUCD copper ထည့်ခဲ့ပါသည်။ ၁ လပြည့်ပြီးနောက် ဆရာဝန်နှင့် ပြန်ပြသခဲ့သည်။ တနှစ်ပြည့်မှပြန်လာဟု ဆရာဝန်မှတ်ချက် ရေးပေးလိုက်သည်။ တလတခါ ရာသီပုံမှန်လာသည်။ ၇လပိုင်းမှစ၍ ရာသီလာတာ မမှန်တော့ပါ။ ၂ပတ်ပြည့်တာနဲ့ ရာသီပြန်လာပါသည်။ ကြာချိန် ၅ ရက်ခန့်ရှိပါသည်။ ဆရာဝန်အားပြန်ပြရာ USG ရိုက်ကြည့်ရာ IUCD အနည်းငယ် ရွေ့နေသည်ဟုပြောပါသည်။ Ranferon-12 တနေ့တကြိမ် Menoral တနေ့ ၃ကြိမ် ၂ ပတ်တိတိ သောက်ခိုင်းခဲ့ပါသည်။ တပတ်မပြည့်ခင် ရာသီပြန်လာ၍ သွားပြန်ပြရာ ထိုဆေးများအား ၂ပတ်တိတိ ထပ်သောက်ခိုင်းပါသည်။ စိုးရိမ်စရာ မလိုဟုပြောပါသည်။ သို့ပေမယ့် စိုးရိမ်မိပါသည်။ ကျွန်မမှာ ကျောင်းဆရာမတဦးဖြစ်ပြီး မြို့ထဲမှ မြို့စွန်ဘက်သို့နေ့တိုင်း ကျောင်းတတ်နေရပါသည်။ အသွားအပြန် ကားပေါ်မှာတင် အချိန် ၄ နာရီနီးပါး ကြာပါသည်။ လမ်းလည်း အလွန်ုကြမ်းပါသည်။ 1. Copper IUD ကောပါးတီ မေးခွန်း https://doctortintswe.blogspot.com/2015/06/copper-iud.html 2. IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း https://doctortintswe.blogspot.com/2014/11/iucd.html 3. Missing IUD

Respiratory rate အသက်ရှူနှုန်း

Image
မင်္ဂလာပါဆရာ ယောက်ျားလေး ၂ လသားပါ အသက်ရှူမြန်တယ်လို့ ထင်လို့ပါ ချောင်း တခါတလေ ဆိုးပါတယ် ထိုင်ပြီး နို့တိုက်ရင် သီးတတ်ပါတယ် နို့သောက်နိုင်ပါတယ် မမှိန်းပါဘူး ပြာလဲမပြာပါ ငိုရင် မျက်နှာတော့ရဲလာပါတယ် ချွေးထွက်ပါတယ် အမြဲတော့ မဟုတ်ဘူး ဆီးဝမ်းမှန်ပါတယ် အသက်ရှူမြန်ရတဲ့ အကြောင်းရင်းတွေ သိချင်ပါတယ် စိုးရိမ်ရလားဆရာ ဘယ်လိုအချက်တွေကို စောင့်ကြည့်သင့်ပါသလဲ အသက်ရှူနှုန်းဟာ အသက်အရ မတူပါ။ လူကြီးတွေက တမိနစ်မှာ ၁၂ ကြိမ်ကနေ ၂ဝ ကြိမ်ရှူတယ်။  မွေးစကနေ ၁၂ လသားအထိ အကြိမ် ၃ဝ ကနေ ၆ဝ။ အသက် ၁ နှစ်ကနေ ၃ နှစ်အထိ အကြိမ် ၂၄ ကနေ ၄ဝ။ အသက် ၄ နှစ်ကနေ ၅ နှစ်အထိ အကြိမ် ၂၂ ကနေ ၃၄။ အသက် ၆ နှစ်ကနေ ၁၂ နှစ်အထိ အကြိမ် ၁၈ ကနေ ၃ဝ။ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အထိ အကြိမ် ၁၂ ကနေ ၁၆။ ဒေါက်တာတင့်ဆွေ ၂၉-၉-၂ဝ၁၈

ကျောက်ပျဉ်

Image
ကျောက်ပျဉ်များသည် အရွယ်အစားစားရှိစေကာမူ ပုံသဏ္ဌာန်မှာ တမျိုးတည်းဖြစ်၏။ ကျောက်ပျဉ်ဖြင့် သနပ်ခါးအမွှေးနံ့သာသွေး၍ လိမ်းကျံသော အလေ့မှာ မြန်မာနိုင်ငံ၏ ရှေးကျသော ယဉ်ကျေးမှုတရပ် ဖြစ်ခဲ့၏။ သက္ကရာဇ် ၈၅၅ ခုနှစ်တွင်ရေးသည့် ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့၌ - ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဥာဏ်လက်ကိုထေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတသုန်၊ လိမ်းလင့်ကုန် စသည်ဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရ၏။ (၁၂-၇-၁၉၇၅ နေ့ထုတ် ရွှေသွေးဂျာနယ်မှ) ပုံသဏ္ဌာန်မှာ တစ်မျိုးတည်းဖြစ်၏ မဟုတ်ပါ။ နံ့မွှေးတစ်သုန်၊ လိမ်းလင့်ကုန် မဟုတ်ပါ။ ကျောက်ပျဉ်ကို ရေပတ်လည်ဆောင် အလယ်ခေါင် သောင်ထွန်း မိန်းမလှကျွန်းလို့ စကားထာဝှက်ကြတယ်။ ပဉ္စမတန်း မြန်မာဖတ်စာထဲမှာ ရေလယ်ကောင် သောင်ထွန်း။ နတ်သမီးနေတဲ့ကျွန်းလို့ ရိုက်နှိပ်ထားပါတယ်။ နတ်သမီးနဲ့ မိန်းမလှကတော့ အကြောင်းမဟုတ်ပါ။ ရေလယ်ခေါင်နဲ့ ရေလယ်ကောင် သတ်ပုံမတူပါ။ ဒေါက်တာတင့်ဆွေ ၂၉-၉-၂ဝ၁၈

Deep Well ပညာတွင်း နက်ခြင်း

Image
ကျွန်တော်က ပညာတွင်းကတော့ နက်တယ်ဆိုတဲ့အသုံးကို အတော်သဘောကျတယ်။ ဆရာဝန်ဘဝကိုရေးစဉ်က တခါသုံးတယ်။ ရှေးတုန်းက ကာကွယ်ဆေးတွေစာမှာ ထပ်သုံးတယ်။ အခုတခါသုံးရဦးမလို ဖြစ်လာတယ်။ ဖေ့စ်ဘွတ်ကို ၇ ရက်ကြာသုံးမရဖြစ်သွားလို့ အရာရာလက်ဝင်နေတယ်။ အများဆုံးမေးလေ့ရှိတဲ့နေရာကနေ မေးတာတွေကို ဖတ်သာဖတ်ရပြီး ပြန်ဖြေမရပါ။ တချို့မေးခွန်းတွေက အရေးကြီးပြီး အလောသုံးဆယ်ပြန်သင့်တာတွေ။ အဲတော့ စာပြန်မရတဲ့နေရာကို ဖွင့်၊ မက်ဆေးတွေ ဖတ်၊ ကူးယူပြီး သုံးရတဲ့အကောင့်ကနေ ပို့စ်အဖြစ်တင်တယ်။ မေးတဲ့သူ တွေက ဖတ်ရ မရတော့ မသိပါ။ ဆောရီး။ အဲတာနဲ့မရတာရှိသေးတယ်။ မေးတဲ့သူကို ဖွင့်ရတဲ့နေရာကနေ လိုက်ရှာပြီး အဖြေပို့ပေးရတယ်။ အကောင့်သစ်မှာ ဖရင်းရီကွက်စ်လုပ်ပြီ ဖြေရတယ်။  အဲတာနဲ့မပြီးသေးတာရှိသေးတယ်။ ယူအက်စ်ကနေမေးတဲ့တယောက်ရဲ့ဖုန်းနံပတ်လိုက်ရှာရတယ်။ သူ့ခင်ပွန်း ဖုန်းနံပတ်ရတော့ ဇနီးကိုပြောပေးပါ မက်ဆေ့ချဖွင့်ဖတ်ပါလို့ ရေးရတယ်။ မေးခွန်းက သူ့ခင်ပွန်းအတွက်မေးတာ။ ဇနီးကသာ ဖေ့စ်ဘွတ်သုံးတယ်။ ကျွန်တော့်မှာ ဘာလုပ်လုပ် ခက်တာတွေချည်းသာ လုပ်ရတဲ့ ဝဋ်ပါနေတယ်။ နိုင်ငံရေးလုပ်တော့လည်း ဒီအတိုင်းပဲ။ ခက်တာနဲ့သာ ညားတယ်။ ကျင့်သား တော်တော်ကိုရနေပါပြီ။ စိတ်မပျက်ပါ။ ခက်တာက

Vaccines ရှေးတုန်းက ကာကွယ်ဆေးတွေ

Image
ဆရာရေ မြန်မာပြည်မှာ ကျမတို့ကလေးဘဝက ဘာကာကွယ်ဆေးတွေထိုးခဲ့ရသလဲဆိုတာ ဖြေပေးပါနော် ကျေးဇူးတင်လေးစာလျှက် လက်ရှိ ကလေးကာကွယ်ဆေးထိုးဇယား မွေးကာစ BCG ဘီစီဂျီ တီဘီကာကွယ်ဆေး မွေးကာစ OPV ပိုလီယို ၁ မွေးကာစ Hep B အသဲရောင် ဘီ ၁ မွေးကာစ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (မထိုးမနေရမဟုတ်) (မိန်းကလေးများသာ) ၄ ပါတ် (၁ လ) Hep B အသဲရောင် ဘီ ၂ ၆ ပါတ် (၁ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၁၆ ပါတ် (၁ လခွဲ) OPV ပိုလီယို ၂ ၆ ပါတ် (၁ လခွဲ) Haemophilus influenzae type B vaccine (HiB) (မထိုးမနေရမဟုတ်) ၆ ပါတ် (၁ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်) ၁ဝ ပါတ် (၂ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၂ ၁ဝ ပါတ် (၂ လခွဲ) OPV ပိုလီယို ၃ ၁ဝ ပါတ် (၂ လခွဲ) Pneumococcal နူမိုကော်ကယ် (မထိုးမနေရမဟုတ်) ၁ဝ ပါတ် (၂ လခွဲ) Haemophilus influenzae type B vaccine (HiB) (ဟေမိုဖီးလပ်စ်) (မထိုးမနေရမဟုတ်) ၁ဝ ပါတ် (၂ လခွဲ) Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်) ၁၄ ပါတ် (၃ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၃ ၁၄ ပါတ် (၃ လခွဲ) OPV ပိုလီယို ၄ ၁၄ ပါတ် (၃ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်) ၁၄ ပါတ် (

Fat and Thin ဝသူ ပိန်သူ အတူတူ

Image
ပိန်ချင်သူနဲ့ ဝချင်သူနှစ်ယောက်ဆီက တပြိုင်တည်း မေးကြတယ်။ ဖြစ်ချင်တာ မတူကြပမဲ့ အသက် မပြောကြတာ၊ အိမ်ထောင်ရေးမပြောကြတာမှာ တူကြတယ်။ ၁။ ဆရာ သမီးက အရမ်းပိန်လို့ ဝိတ်လေးတတ်ချင်လို့ပါ။ အရင်က ကိုးဆယ့်သုံးပေါင်ရှိပါတယ် နေမကောင်း ဖြစ်ပြီး တော်တော်ပိန်သွားပါတယ် ပိန်နေရတဲ့ကြားထဲထပ်ပိန်တော့ ကြည့်ရဆိုးပါတယ်။့ ၂။ ဆရာရေ သမီးအသက်က ၃၅ထဲမှာပါ။ ရာသီမပေါ်တာလေးလရှိပါပြီ။ အိမ်ထောင်သည်ပါ။ သမီးပေါင်ချိန်က ၁၈၆၊ အရပ်က ၅ပေ။ ပိန်ချင်တယ်ဆရာရယ်။ 1. Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ https://doctortintswe.blogspot.com/2015/03/baschi-pink-quick-slimming.html 2. Baschi ပိန်ဆေး ဆက်ရေးခြင်း https://doctortintswe.blogspot.com/2017/05/baschi.html 3. Causes of sudden weight loss ကိုယ်အလေးချိန် မထင်မှတ်ဘဲ ဘာလို့ကျသလဲ 4. Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html 5. Cyproheptadine ဝချင်လို့ပေးတဲ့ဆေး http://dts-medicaleducation.blogspot.in/2013/08/cyproheptadine.html 6. Low-fat diets for weight loss အဆီနည်းအစာနဲ့ ဝိတ်လျှော့ခြင်း https://doctortintswe.blogspot.com/

Yes ရက်စ်

Image
• ဆရာအရေပြားကင်ဆာအကြောင်းသိချင်လိုပြောပြလိုရမလားရှင် • မေးနည်းစည်းကမ်း ပို့လိုက်ပါတယ်။ • ဟုတ်ကတ်ပါ • ဟုတ်ကဲ့ပါလို့သာ ရေးရတယ်။ ဘိုလိုရေးချင်ရင် ရက်စ်လို့သာရေးပါ။ ကဲ့ ကဲ့ထားသည် ကဲ့ယူသည် ကဲ့ရဲ့သည် ကဲ့ဝှက်သည် ထိုကဲ့သို့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါဗျာ ဟုတ်ကဲ့ပါရှင့် အကဲ့ပါနီး ဤကဲ့သို့ ကတ် ကံ-ကတ္တား၊ ကတ္တရာစေး၊ ကတ္တားခြား၊ ကတ္တီပါဖိနပ်၊ ကတ်ထူစာအုပ်၊ ကတ်ဖဲ့ဖဲ့လုပ်၊ ကတ်သီးကတ်သတ်၊ ကတ်ကြေး၊ ကုတ်ကုတ်ကတ်ကတ်၊ တုံးပေကတ်သတ်၊ တရုတ်ကတ်တံခါး၊ တွက်ကတ်၊ နားကြားပြင်းကတ်၊ ပိဋကတ်၊ ပို့စကတ်၊ မြင်ပြင်းကတ်၊ လက်ပေါက်ကတ်၊ အမြင်ကတ်၊ အလုပ်ခိုကတ်။ ပေကတ်ကတ်၊ ဒေါက်တာတင့်ဆွေ

Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂)

Image
ရေးထားတာ ၈ နှစ်ရှိပြီ။ နက်ဖြန်အလှူနေ့၊ သားတွေကိုသင်္ကန်းဆီး၊ သမီးကိုနားသ၊ လာသမျှကို အဝကျွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီးလုပ်မှာပါ။ အလှူဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်းလာကြ။ မိတ်ဆွေရင်းခြာတွေလည်း နီးသောဝေးသောမဟူ အလှူလာကြတယ်။ မနက်ဖြန်အလှူရက် စည်ချက်မကျန်ဘူးပြောရမှာပေါ့။ အလှူ့တကာက မြို့နယ်ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီဆိုင်း ရှိကြတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ဝါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဓါးဆရာဝန် ညီအကိုလို့ ပြောခံရတယ်။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလျှောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။ အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော။ ဆေးရုံက ဝန်ထမ်းတယောက် ယူလာတဲ့ (ဒစ်ရှ်ပက်) စာအုပ်မှာ မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ မမွေးနိုင်ဘူး တဲ့။ ဗိုက်ခွဲမွေးရမဲ့ လူနာမှန်း တန်းသိလိုက်ပါပြီ။ လက်ထောက်ဆရာဝန်က ဒီလောက်တော့ ထမင်းစ

ကို နှင့် ကိုယ်

Image
ဆရာ ကိုယ် နဲ့ ကို အသုံးလဲ သေသေချာချာလေးသိချင်မိတယ်ရှင့် ကို ကိုယ့်ကိုယ်ကို ကိုလူပျို ကိုလူချော ကိုကင်းဆေး ကိုဓဥပဒေ ကိုရင်သာမဏေ ပင်ကိုနာမ်၊ ပင်ကိုသဘော၊ ပင်ကိုရေးဝတ္ထု၊ ပင်ကိုမူလ၊ ကိုယ် ကိုယ့်ကိုယ်ကို အားကိုးပါ ကိုယ်ထူကိုယ်ထ ကိုယ်ရေးရာဇဝင် ကိုင်တိုင်ကိုယ်ကြပ် ကိုယ်ကျင့်တရား ကိုယ်ကျပ်အင်္ကျီ ကိုယ်ကျိုးနည်း ကိုယ်ခံဆေး ကိုယ်ချင်းစာတရား ကိုယ်ခန္ဓာ ကိုယ်စွမ်းကိုယ်စ ကိုယ်စားလှယ် ကိုယ်စီကိုယ်င ကိုယ်တုံးလုံး ကိုယ်တိုင်ကိုယ်ကျ (မိမိကိုယ်တိုင်) ကိုယ်ထင်ပြ ကိုယ်ထည် ကိုယ်ထီးကျန် ကိုယ်ထူးကိုယ်ချွန် ကိုယ်ပစ်လက်ပစ် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ဖိရင်ဖိ ကိုယ်ရံကြီးပင် ကိုယ်ရုံသင်္ကန်း ကိုယ်ရံတော်တပ် ကိုယ်ရင့်တတူ ကိုယ်ရည်သွေး ကိုယ်ရှိန်သတ် ကိုယ်လုံးကိုယ်ပေါက် ကိုယ်လုံးတီး ကိုယ်လုံးပေါ်မှန် ကိုယ်လွတ်ရုန်း ကိုယ်လုပ်မောင်းမ ကိုယ်ဝတ်သင်းပိုင် ကိုယ်ဝန်ဆောင် ကိုယ်တွေ့မျက်မြင် ကိုယ်ယောင်ပြ ကိုယ်ယောင်ဖျောက် ကိုယ်ရောင်ကိုယ်ဝါ ကိုယ်လေးလက်ဝန် မိမိကိုယ်မိမိ ဒေါက်တာတင့်ဆွေ

ဇာတိနွယ်

Image
ယခုဆယ်တန်းမြန်မာစာ ခက်ဆစ်အဖွင့်မှာရေးထားတာ နှီးတောင်းလန်းက အမှန်မဟုတ်လားဆရာခင်ဗျာ။ နှီးဒေါင်းလန်းကသာ မှန်ပါမယ်။ လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းဖွဲ့ကာ ဝိုင်းဖွဲ့ကာ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ့့် တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင့့် မိုးသက်ကယ်ဆင့့် ရှစ်ခွင်ကမည်း အို့ ရွာမလိုလိုနဲ့ပဲ့  တစို့ပေါ်မှာ ကင်တယ်မောင်ရယ် ဆူးရင်းခပ်ပြီး မိုးမျှော်ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ် ဒေါင်းလမ်းကြီးရဲ့အလယ်  ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်တယ်မောင်ရယ် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ ဒီသီချင်းကို စာသားမူကွဲတွေနဲ့ သီဆိုကြပါတယ်။ လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီခင် ခပ်ငယ်ငယ်၊့ ဇာတိနွယ် တေးရေး - နန်းတော်ရှေ့ဆရာတင် တေးဆို - မာမာအေး တေးဂီတ - စန္ဒရား - ဂီတလုလင်မောင်ကိုကို နှင့် အဖွဲ့ ဗီဒီယိုဖိုင် ခရက်ဒစ် - ဦးခင်ဟော် https://www.facebook.com/100007897269685/videos/2200719196867968/ စံကိုက်သတ်ပုံအရ လက်ရည်တပြင်တည်းလို့ရေးရတယ်။ သီချင်း ကဗျာတွေမှာ အသံနဲ့ကာရန်ယူရေးတာတွေလည်း ရှိပါတယ်။ လက်ရေတပြင်

ပေါမြန်မာစာ ရပ်

Image
မြန်မာစာကို သတ်ပုံမှန်နဲ့ရေးသားကြကြောင်းကို ရုပ်ရှင်ကားကောင်းတွေက သက်သေခံနေပါတယ်။ ဒါရိုက်တာမောင်တင်ဦးဟာ သင်္ကြန်မိုးအပြင် တခါကတဘဝ စတဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီး စမ်းစမ်းအေးက လေချိုတသွေးသွေးဇာတ်ကားထဲမှာ အပျော့ဆွဲသီချင်းဆိုတယ်။ လေချိုသွေး - ရှုမဝစမ်းစမ်းအေး https://www.youtube.com/watch?v=DrKX76YcDjQ အဲဒီ မြန်မာစာကို မှန်အောင်သာရေးသားတဲ့ခေတ်မှာ အနုပညာရှင်တွေကလည်း ဂန္တဝင်မြောက်တာတွေကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ခုတော့ လေချိုတစ်သွေးသွေးနဲ့ တစ်ခါကတစ်ဘဘဝတွေ ဖြစ်ကုန်ကြပြီ။ ပေါကားတွေရပ်လို့ ဖတ်ရတယ်။ ပေါမြန်မာစာလည်း ရပ်စေချင်တယ်။ ဒေါက်တာတင့်ဆွေ

Souvenir အမှတ်တရပစ္စည်း

Image
လူးဝစ်ဗေးလ်မြို့သွားတော့ အမှတ်တရပစ္စည်းလေးတွေ ဝယ်ပေးလိုက်ကြတယ်။ ကျေးဇူး။ တခုကအမေရိကန်သမတတွေ အားလုံးပုံတွေပါတဲ့ အလုံးကလေး။ ကျွန်တော်တို့ဆီမှာကော့ ဘုရင်တွေဆိုရင် ကိုယ်ကြိုက်တာရွေးပြီး ရုပ်ထုတွေလုပ်ကြတယ်။ အကြိုက်မတူကြပါ။ သမတတွေပုံကို သူတို့လက်ထက်မှာတော့ ရုံးတွေရဲ့နံရံမှာ မချိတ်မနေရ။ သက်တမ်းကုန်တဲ့နောက်မှာ တချို့သမတတွေပုံက နတ်အိုးကွဲနဲ့ တင်စားလို့တောင်မရ။ နာကြည်းရွံရှာမှုတွေကိုတော့ တသက်မှာမေ့မရကြပါ။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂၀၁၈

တခါတုန်းက မြန်မာစာကို မှန်ကန်စွာရေးသားခဲ့ပါသည်

Image
တခါတုန်းက တောအုပ်တခုအတွင်းဝယ် ခိုအောင်း၍ ရွာများကိုလိုက်လံ ဓားပြတိုက်နေသော ဗိုလ်ဗလဆိုသူရှိ၏။ ထိုဗိုလ်ဗသသည် တနေ့သောအခါ လူတယောက်ဟာ ဓားနဲ့ခုတ်မယ်ဆိုရင် ဟော့ တဖက်ကို ခြေကွေးပြီး ယိမ်းထိုးရှေ့တက် တခါ့ တဖက်ကို ခြေကွေးပြီး ယိမ်းထိုးနောက်ဆုတ် တခုတော့ရှိတယ် တက်လာတဲ့ခြေကို ရန်သူက တချို့ကတော့ ခြေလှမ်းပုံကို ရုတ်တရက် မသိသာအောင် ရှမ်းဘောင်းဘီ ဝတ်ထားကြတယ် တနေ့သောအခါ နောက်တနေ့တွင် ညဘက်ရောက်လျှင် တနေရာ၌ စုဝေးကြပြီး (၁၉-၇-၁၉၇၅ နေ့ထုတ် ရွှေသွေးဂျာနယ်မှ) တစ်ခါတုန်းက မဟုတ်။ တောအုပ်တစ်ခုအတွင်းဝယ် မဟုတ်။ တစ်နေ့သောအခါ မဟုတ်။ လူတစ်ယောက်ဟာ မဟုတ်။ တစ်ဖက်ကို မဟုတ်။ တစ်ခုတော့ရှိတယ် မဟုတ်။ တစ်ချို့ကတော့ မဟုတ်။ ရုတ်တစ်ရက် မဟုတ်။ နောက်တစ်နေ့တွင် မဟုတ်။ တစ်နေရာ၌ စုဝေးကြပြီး မဟုတ်။ ဒေါက်တာတင့်ဆွေ

သက်သေခံပစ္စည်း

Image
သတ်ပုံမှန်နဲ့သာရေးခဲ့ပါကြောင်း သက်သေခံပစ္စည်းတွေ ပို့ပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။ မြန်မာစာကို အမှန်ပြန်ပြင်ရတာ တရားရေးစနစ်ထက် ခက်မယ်။ ဒေါက်တာတင့်ဆွေ ၂၇-၉-၂ဝ၁၈

Hell Hound at Large ငရဲခွေးကြီး လွတ်နေတယ်

Image
ဒေါက်တာ ဒေါက်တာ့ဆီကို page တခုရဲ့ Link ပို့ပေးပါ့မယ် အရမ်းအကျိုးရှိတဲ့ page တခုပါ ဒေါက်တာနှစ်သက်မယ်လို့ ထင်မိပါတယ် လေးစားစွာဖြင့် ကျေးဇူး။ လင့်ကိုဖွင့်ပါတယ်။ အစောဆုံးတွေတာတွေထဲက တခုကို ဖွင့်ဖတ်တယ်။ Myanmar Library မြန်မာ ဟာသစာပေ လူတွင် အကြောပေါင်းတစ်ထောင် ရှိသည်။ မြန်မာတို့၏ အသုံးအနှုန်းတွင် ဂွမ်းဆီထိ ပီတိသောမနဿ ဖြစ်သည်ဟု ဆိုခြင်းမှာ ယင်းအကြောပေါင်း တစ်ထောင်လုံး စိမ့်သွားသည့် ခံစားမှုမျိုး ဖြစ်ပါမည်။ ပုဂံရာဇဝင်တွင် အနော်ရထာမင်းစောသည် ရှင်အရဟံ၏ တရားထူး တရားမြတ်ကို ကြားနာရ၍ အကြိမ်တရာ စစ်သောဆီတွင် အဖန်တရာဖတ်သော ဝါဂွမ်းကို ချဘိသကဲ့သို့ ဩက္ကမ သဒ္ဓါဖြင့် မတုန်မလှုပ်သော ပီတိ၌တည်၏ ဟု ဆိုသည်။ မူရင်းစာထဲမှာ လူတွင် အကြောပေါင်းတထောင် ရှိသည်ဟုကြားဘူးပါသည်ဖြစ်ပြီး၊ တင်ပေးသူက တထောင်ကို တစ်ထောင်လုပ်ထားတယ်။ အဖန်တရာကိုတော့ တစ်ရာမလုပ်ပါ။ အဲလိုပဲ အွန်လိုင်းမှာ စာအုပ်တွေတင်ကြတယ် ကောင်းတယ်ပြောရမှာ တွန့်ဆုတ်မိတယ်။ မူရင်းစာအုပ်တွေရဲ့ သတ်ပုံကို တင်ပေးသူတွေက ပြင်ပေးထားကြတယ်။ မလုပ်ကောင်းတဲ့အရာလို့ ထင်ပါတယ်။ ညိုမြ (အိုးဝေ) က ငရဲခွေးကြီး လွတ်လာသည်လို့ ၁၉၃၅-၂၆ အိုးဝေမဂ္ဂဇင်းမှား ရေးခဲ့တယ်။ အခု မြန်မာစာ ငရဲ

အိုစာမင်းစာ

Image
ဒီအရပ်မှာတော့ ရာသီဥတု ပြောင်းချင်သလိုလိုဖြစ်လာပြီ။ မနေညက တနေရာကအပြန် မြူတွေကျနေတာတွေ့ခဲ့ရတယ်။ ညအိပ်တော့ သိမ်းထားတဲ့စောင်အထူ ယူခြုံရတယ်။ အအေးဒဏ်မခံနိုင်တဲ့အပင်အိုးလေးတွေကိုလည်း အိမ်ထဲ သွင်းထားရတယ်။ ကနေ့မနက်လင်းတော့ နေသာတာနဲ့ အိမ်ပြင်ခဏလေးထွက်တယ်။ ပန်းပင်လေးတွေပေါ်မှာ ရေစက်လေးတွေတွေ့ရတယ်။ ပန်းစိုက်တဲ့သူကပြောပြတယ်။ ရှဥ့်ကလေးတွေက အစာတွေယူလာပြီး အပင်လေးတွေအနားကမြေကြီးထဲမှာ မျြုပ်ထားကြလို့ အပင်တွေမခံနိုင်တဲ့။ ဆောင်းရာသီနှင်းကျချိန်အတွက် အစာတွေကို ကြိုတင်စုဆောင်းထားကြတာ။ အိုစာမင်းစာ စုဆောင်းနိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂ဝ၁၈

ဖွါး နှင့် ဘွား

Image
၁။ အဘွားကို အဖွား ဆိုပြီး ရေးသားနေကြတာလည်းတွေ့နေရတယ် ဆရာ ၂။ ဆရာရှင့် ဖွား နဲ့ ဘွား ဆိုတဲ့စကားလုံး အသုံးနှုန်းလေးပြောပြပေးပါအုန်း ကျေးဇူးတင်ပါသည် ကွန်တော်လည်း မှားတတ်တယ်။ ဖွါး ဇိတ်ဖွါး (ဆိတ်ဖွါးလို့ ပြောနေကြတာများတယ်။) တဖွါးဖွါးဖြစ် ဖွါးခါခဏ ဖွါးဖက်ပင် ဖွါးဖက်တော် ဖွါးဖွါး = ခဏခဏ ဖွါးဖွါးကေဆံ (ဖွါးလျားချထာသောဆံပင်) ဖွါးမြင်သည် ဖွါးမြင်တော်မူသည် ဖွါးလျား (ဆံပင် ဖွါးလျားချထားသည်။ အွန်လိင်းသတ်ပုံကျမ်းမှာ ဖွားရရားလို့ရေးထားတယ်။ ပြင်သင့်တယ်။) ဖွါးသီလ ဖွါးကာမတ္တ မီးတဖွါးဖွါးကျ သားဖွါးခန်း သားဖွါးဆရာမ သားဖွါးမီးယပ် ဖာ ဖါ ဖွာ ဖွာ ဖား ဖါး နှစ်မျိုးလုံးရေးနိုင်တယ်။ အရင်က ဖတ်တဲ့သူတွေလွယ်ကူရှင်းလင်းအောင် ဖါ ဖါး ဖွါးလို့ ရေးကြတာများတယ်။ ဘွား ဘွားဘွားဘိုးဘိုး ဘွားဘွားပေါ် ဘွားအေ ဘိုးဘွားဘီဘင် ဘိုးဘွား ဖွားလို့မရေးတာကို မှားတယ်ထင်သူတွေက ထင်ကြတယ်။ ဖွါး မမှားပါ။ ဒေါက်တာတင့်ဆွေ