World History ကမ္ဘာ့သမိုင်း

မြန်မာ့ရာဇဝင် နဲ့ ကမ္ဘာ့သမိုင်းကို အလယ်တန်းနဲ့ အထက်တန်းမှာ သင်ယူခဲ့ရတယ်။ ရှည်လျားများပြားလွန်းတဲ့ အဖြစ်အပျက်တွေထဲကနေ ကျောင်းသားတွေအတွက် ထုတ်နှုတ်သင်ပေးတာဖြစ်လို့ ဆင့်ပါးစပ်နှမ်းပက်အဆင့်ထက် ပိုမသိခဲ့ပါ။ ဆေးကျောင်းသားဘဝမှာ စစ်တပ်ကအာဏာသိမ်းတော့ ဆိုရှယ်လစ်စာအုပ်တွေမှာ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်လို့ လေးပိုင်း ပိုင်းထားတယ်။

နိုင်ငံရေးလောကထဲရောက်တော့ ပိုပြီးကျယ်ပြန့်တာနဲ့ အစွဲကင်းလောက်တာတွေ ရှာဖတ်ရပါတယ်။ များလည်းများတယ်။ ရှားလည်းရှားတယ်။ လူ့သမိုင်းကို အမျိုးမျိုးပိုင်းခြားပြကြတယ်။ ကျောက်ခေတ်၊ ကြေးခေတ်နဲ့ သံခေတ်။ သမိုင်းမတင်မီနဲ့ သမိုင်းတင်ခေတ်။ ရှေးခေတ် (ဘီစီ ၃၆ဝဝ မှ အေဒီ ၅ဝဝ)၊ အလယ်ခေတ် (အေဒီ ၅ဝဝ မှ ၁၅ဝဝ) နဲ့ ခေတ်သစ် (အေဒီ ၁၅ဝဝ နောက်ပိုင်း)။

လူသားတွေဟာ အစဦးကာလတွေမှာ ဆက်ဆံရေးနယ်ပယ် အတော်ကျဉ်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ နယ်ကျယ်လာတယ်။ အစမှာ ဒေသတွင်းကလူတွေနဲ့သာဆက်ဆံကြတယ်။ အေဒီ ၆ဝဝ လောက်ကနေ ၁၄၅ဝ လောက်အထိ။ နောက် နယ်ပိုပြီး ကျယ်လာတယ်။ တကမ္ဘာလုံးခြေဆန့်ဆက်ဆံရေးက ၁၄၅ဝ ကနေ ၁၇၅ဝ အထိခေါ်တယ်။ ၁၇၅ဝ ကနေ ၁၉ဝဝ အထိကို စက်မှုတော်လှန်ရေးနဲ့ ကမ္ဘာလုံးဆက်ဆံရေးကာလလို့သတ်မှတ်နိုင်တယ်။ ၁၉ဝဝ နောက်ပိုင်းကနေ ကမ္ဘာလုံးဆက်ဆံရေး ပြောင်းလဲလာတယ်။ ဘက်ရွေးပြီး ပေါင်းသင်းဆက်ဆံမှုတွေဖြစ်လာတယ်။

ခေတ်သစ်သမိုင်းကို ထပ်ပြီးပိုင်းခြားနိုင်တယ်။ ၁၄၅၃ မှာ ကွန်စတန်တင်နိုပယ်ခေတ်အဆုံးသတ်သွားတယ်။ အီတလီမှာ ဥာဏ်သစ်အရေးတော်ပုံ ခေါ်တာဖြစ်လာတယ်။ တရုပ်မှာ မင်း မင်းဆက်ဖြစ်လာတယ်။ ကျွန်တော်တို့နဲ့ လက်လှမ်းဝေးပြီး သိပ်မသိကြတဲ့ သုံးပွင့်ဆိုင်မဟာမိတ်ဆိုတာ ဗဟိုအမေရိကမှာဖြစ်တယ်။ ၁၈ ရာစုအလယ်ကစပြီး ပြင်သစ်တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေး၊ စက်မှုတော်လှန်ရေးတွေဖြစ်တယ်။

စက်ယန္တယားခေတ် (၁၈၈ဝ-၁၉၄၅)၊ ပဌမကမ္ဘာစစ် (၁၉၁၄-၁၉၁၈)၊ စီးပွါးရေးကပ် (၁၉၂၉-၁၉၃၉)၊ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅)၊ လောင်စာဆီခေတ်က ၁၉ဝဝ ကနေ ယနေ့အထိ။

နည်းပညာခေတ်က အဆင့်ဆင့်တိုးတက်လာတယ်။
• ၁၉၄ဝ ကျော်မှာ ဂျက်အင်ဂျင်စတယ်။
• ၁၉၄၅ ကနေ အနုမြူခေတ်စတယ်။
• ၁၉၅ဝ ကျော်ကစပြီး ဒစ်ဂျစ်တယ်ခေတ်။
• ၁၉၅၇ ကနေ အာကာသခေတ်စတယ်။
• ၁၉၇ဝ က်ေကစပြီး အင်ဖေါ်မေးရှင်းခေတ်စတယ်။
• ၁၉၇၈ မာလ်တီမီဒီယာခေတ်စတယ်။
• ၁၉၉၆ ကနေ ဆိုရှယ် (ဆိုရှယ်လစ် မဟုတ်) ခေတ်။
• ၂ဝဝ၁ ကနေ ဒေတာအကြီးစားခေတ်။

စစ်ပွဲကြီးများ
• ၁၉၄၅-၁၉၉၁ စစ်အေးကာလ။
• ၁၉၅ဝ-၁၉၅၃ ကိုရီးယားစစ်။
• ၁၉၅၅-၁၉၇၅ ဗီယက်နမ်စစ်။
• ၁၉၉၂-၁၉၉၅ ဘော့စနီးယားစစ်။
• ၂ဝဝ၁-၂ဝ၁၄ အာဖကန်စစ်။
• ၂ဝဝ၃-၂ဝ၁၁ အီရတ်စစ်။
• ၂ဝဝ၁ ကနေ ကနေ့အထိ နိုင်ငံတကာအကြမ်းဖက်မှုစစ်။

ရှေးသမိုင်းကို နောက်လူတွေကပိုင်းပြီး အမည်တွေ တယောက်တမျိုးပေးကြတယ်။ ဘယ်သူက ဘယ်လိုပိုင်းပိုင်း သမိုင်းဟာ တဆက်တည်းသာဖြစ်တယ်။ ဟိုအရင်ကဖြစ်ပျက်တာတွေကို ရှေးလို့ခေါ်တယ်။ အခုကို ခေတ်လို့ခေါ်တယ်။ တကယ်တော့ တဆက်တည်းသာဖြစ်တယ်။ ကျွန်တော်တို့တတွေ ရှေးလူကြီးတွေလို့ အခေါ်ခံကြရမှာသေချာတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး